အဆီချသူတွေသိသင့်တဲ့လျို့ ဝှက်ချက် - MFTA

အဆီချသူတွေသိသင့်တဲ့လျို့ ဝှက်ချက်

အဆီချလိုသူတွေ ဖန်တရာတေအောင် ကြားဖူးနေကြတာက၊ အဆီချဖို့ ဆိုရင်အစားလျော့စား ရမယ်၊ လေ့ကျင့်ခန်း တွေ တိုးလုပ်ရမယ် ဆိုတာမျိုးပေါ့။ အဲ့အယူအဆတွေက မမှားပါဘူး။ ဒါပေမဲ့ လိုအပ်နေတဲ့ လျို့ ဝှက်ချက်လေး၊ ကိုမျှဝေပေးပါ့မယ်။

အကယ်၍သင်ဟာ တနေ့ ကို ရှစ်နာရီ အိပ် သူဖြစ်ပီး လေ့ကျင့်ခန်း ကို၊ တရက်တစ်နာရီ လုပ်တတ်သူဖြစ်လျင်၊ ထိုလေ့ကျင့်ခန်း လုပ်သော တစ်နာရီသည် သင့်တနေ့ တာရဲ့ ၄% ရှိပါတယ်။ အိပ်ချိန်ဖယ်ပီး ၊ ကျန်တဲ့ သင့်တနေ့ တာရဲ့ ၆၃% ကို အသုံးချပုံမှန်မယ်ဆိုရင် ကိုယ်အလေးချိန်ချဖို့ ဘာခက်တော့မလဲဗျာ????

သင့်တနေ့ တာရဲ့ ၆၃ % ကို အသုံးချပီးဝိတ်ချမယ်ဆိုရဲ့ အဓိကသော့ ချက်က၊NEAT လို့ ခေါ်တဲ့ Non-Exercise Activity Thermogenesis ကိုသိထားရပါမယ်။ အဲ့ဒါကဘာလဲ ဆိုတော့၊ လေ့ကျင့်ခန်း မဟုတ်တဲ့ တခြားလှုပ်ရှားမှုတွေကို ဆိုလိုတာပါ။ ဥပမာ၊ လမ်းလျောက် အိမ်သန့် ရှင်းရေးလုပ် ၊ စျေးဝယ်ထွက်ခြင်း၊လှေကား အတက်အဆင်းလုပ်ခြင်းနဲ့ ကလေး ထိန်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။

တကယ်တော့ NEAT ဟာ၊ လေ့ကျင့်ခန်းထက်ကို ပိုပီးကယ်လိုရီတွေ လောင်ကျွမ်းစေနိုင်ပါတယ်။ (အဲ့လိုပြောလို့ လေ့ကျင့်ခန်းကအကျိုးမရှိဘူး ပြောတာမဟုတ်ဖူးနော်Exercises benefit တွေကအများကြီးပါ။)Neat နဲ့ exercise ပေါင်းစပ်နိုင်ရင်တော့ bestပေါ့ဗျာ။ လေ့ကျင့်ခန်း မလုပ်ဖြစ်လို့ ၊ မလုပ်နိုင်လို့ ဆိုပီး လက်လျော့စရာ မရှိပါဘူးဆိုတာ Alert လုပ်ရင်း၊ အဆီချဖို့ အရမ်းအရေးပါတဲ့ NEAT အကြောင်းကို မျှဝေရခြင်းပါ။

ခုလိုရောဂါတွေ ထူပြောနေချိန်မှာ၊ အထိုင်များပီး၊ ဖုန်းသုံး၊ ဂိမ်းနှိပ်နေတဲ့ သင့်မိတ်ဆွေတွေကို အကျိုးပြုသောအားဖြင့် မန်းရှင်းခေါ်၍၎င်း၊ ဤ post ကို share ၍၎င်း မျှဝေနိုင်ပါတယ်။ ဤ page ကိုလည်း၊ like share လုပ်ခြင်းဖြင့် support လုပ်ပေးပါဦး။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#NEAT#YourCoach#CoachNaing#FitnessEducation#CPT#Trainer#Workout#MuscleGain#FatLoss

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta