အကိတ်မမတွေကြောက်တဲ့ Cellulite - MFTA

အကိတ်မမတွေကြောက်တဲ့ Cellulite

အမျိုးသမီးတွေကြောက်ကြတဲ့ Cellulite အကြောင်းအနည်းငယ်ဆွေးနွေးကြပါစို့ ။Cellulite ဆိုတာဘာလဲ?

Cellulite ဆိုတာအရေပြားအောက်မှာရှိတဲ့အဆီ Subcutaneous fat သာဖြစ်ပီး အရေပြားအောက်ရှိတစ်သျှူးအလွှာများ၊ကြွက်သားကြောနှင့် အရွတ်တွေကြားမှာစုအောင်နေတဲ့အဆီတွေပါပဲ။၄င်းတို့ရဲ့ တည်ရှိပုံကပါးချိုင့်လိုအချိုင့်လေးတွေနဲ့ မို့ စွဲဆောင်မှုမရှိဘူးလို့ အများစုကခံယူတတ်ကြပီး Cellulite တွေဖျောက်ပစ်ဖို့ အတွက်၊ဖြည့်စွက်ဆေးတွေ၊သောက်ဆေး၊လိမ်းဆေး Cream တွေ၊Massage မာဆတ်နည်းစနစ်တွေအကုန်သုံးတော့တာပါပဲ။

တကယ်တော့အမျိုးသမီးတိုင်းမှာ Cellulite ရှိတာပါပဲ။အနည်းနဲ့အများကတော့၊အသက်အရွယ်၊မျိုးရိုးဗီဇ၊နှင့်ကိုယ်အလေးချိန်အပေါ်မူတည်ပီးကွာခြားသွားတာပါ။ဒီတော့ Cellulite တွေကိုအမြစ်ပြတ်အပီးရှင်းလို့ ရသလားဆိုရင် နိုးးးးးပါ။ဒါပေမဲ့ သူ့ ရဲ့ ပမာဏလျော့ကျသွားဖို့ နဲ့ ခန္ဓာကိုယ်ပေါ်ကသွင်ပြင်တွေပိုကောင်းလာဖို့ ဒါလေးတွေလုပ်ကြည့်ပါ။

Resistance Training လုပ်ပီးကြွက်သားတည်ဆောက်ပါ။

ကိုယ်တွင်းအဆီလျော့ချဖို့ ကြိုးစားပါ။

အာဟာရပြည့်ဝကောင်းမွန်အောင်ကြိုးစားပါ။

အရေးအကြီးဆုံးကတော့၊ Cellulite သည်အမျိုးသမီးတစ်ယောက်အတွက်သဘာဝဖြစ်စဉ်တစ်ခုပါ။ ပုံကြီးချဲ့မတွေးပါနဲ့ ။ မိမိရဲ့ ဖြစ်တည်မှုကိုချစ်ပါ။That’s all!!!!!!!! သင့်မိတ်ဆွေတွေကို ပြန်မျှဝေနိုင်ပါတယ်။

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#WeightManagementGuru#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach#ဝိတ်ချခြင်းအနုပညာ

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta