သန္ဓေတားဆေးများနှင့်ကိုယ်အလေးချိန်အတက်အကျ - MFTA

သန္ဓေတားဆေးများနှင့်ကိုယ်အလေးချိန်အတက်အကျ

အမျိုးသမီး များစိတ်ညစ်ရတဲ့ကိစ္စတစ်ခုက၊ သန္ဓေတားဆေးသုံးရင် အဆီတက်လာမယ်/ ဝလာမယ်ဆိုတဲ့ စကားတွေကြားဗျာများနေကြရတာတွေ့ ရပါတယ်။ဒါကြောင့်ဒီပို့ စ်မှာ ရှင်းရှင်းလင်းလင်းဖြစ်အောင်တင်ပြပေးပါ့မယ်။ သန္ဓေတားဆေး သောက်ဆေးများသည် အဆီချရေးတွင်၎င်း ခွန်အားတိုးတက်ရေးနှင့် Lean muscle mass ကို၎င်းမည်သို့ သောဆိုးကျိုးမှ မသက်ရောက်စေနိုင်ကြောင်း သုတေသနများစွာက ခိုင်လုံစွာတင်ပြထားပီးဖြစ်ပါသည်။

Oral contraceptives ခေါ်သန္ဓေတားဆေး သောက်ဆေးအများစုသည်၊Estrogen +Progesterone တို့ဖြင့်သာ ပေါင်းစပ်ထုတ်လုပ်ထားခြင်းကြောင့်လေ့ကျင့်ခန်းနှင့် အားကစားစွမ်းရည်အပေါ် Negative impact မဖြစ်စေနိုင်ပါ။ သန္ဓေတားဆေး ထိုးဆေးများတွင်တော့သောက်ဆေးများထက် ပို၍ Progrstins ပါဝင်မှုနည်းသောကြောင့်၊ အဆီပိုတက်စေနိုင်ပါသည်။ အချုပ်ဆိုရသော်၊ သန္ဓေတားဆေးသောက်ဆေးများသည် အဆီမတက်စေပါ။ Body Composition နှင့် အားကစား စွမ်းရည်အပေါ်လည်းဆိုးကျိုးမရှိပါခင်ဗျာ။ တချို့ တားဆေး(သောက်ဆေး) သုံးခါစမှာကိုယ်အလေးချိန် အနည်းငယ်တက်လာတာစိုးရိမ်စရာမရှိပါ။Water retention ဖြစ်လို့ ရေ ဝိတ်တက်လာတာပါ။ဆရာဝန်လမ်းညွှန်ချက်ယူတာအကောင်းဆုံးပါ။

References:Berenson,Abbey. Changes in weight, total fat, percent body fat and central to peripheral fat ratio associated with injectable and oral contraceptive use(2010)Mayeda, Elizabeth, Weight and body Composition changes during oral contraceptive use in obese and normal weight women (2014)Ramon, Romance. Oral contraceptive use does not negatively affect body composition and strength adaptions inTrained women(2019).

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်။

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSA#Contraceptive#BodyComposition#WeightGain#FatLoss#OralUse

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta