ဝိတ်လျော့မဲ့သူတွေစလုပ်တဲ့အမှား - MFTA

ဝိတ်လျော့မဲ့သူတွေစလုပ်တဲ့အမှား

Online coaching တွေ Program တွေရောင်းချနေသူတယောက်အနေနဲ့ ရိုးအီနေအောင်မြင်နေရတဲ့အမှားက၊ ဝိတ်ချတော့မယ်ဆိုရင်ကာဗိုဟိုက်ဒရိတ်လို့ ခေါ်တဲ့ကစီဓါတ်ကို ရှောင်တဲ့/လျော့တဲ့ပြသနာပဲ။ ကျွန်တော့်Clients တွေကို Dietary adjustment လုပ်ဖို့ သူတို့ စားနေတဲ့ အာဟာရတွေကို journal လုပ်ခိုင်းတိုင်းမှာ ၁၀၀ မှာ ၉၅ ယောက်လောက်က၊ အစွန်းရောက်စွာ ကာဗိုဟိုက်ဒရိတ်မပါတဲ့စားသောက်မှုပုံစံတွေပဲမြင်နေရတယ်။ ဘာကြောင့်လဲမေးတော့၊ မသိဘူး အရင်နည်းပြဘယ်သူ/ဘယ်ဝါက လုပ်ခိုင်းတာပါပြောတယ်။တခြားသောနည်းပြတွေကို Respect ထားသောအားဖြင့် ဘာမှမဝေဖန်ဘဲ ကျွန်တော့်အာဟာရလမ်းညွှန်ချက်တွေပေးတော့မှ ပြသနာကစတာ။ ကာဗိုဟိုက်ဒရိတ်တွေများတယ်မစားရဲဘူးတဲ့ ကျွန်တော့်မှာမနည်းရှင်းပြရတယ်။ ဒါတောင် အင်တင်တင်လုပ်ကြသေးတာ။ ခုတော့အားလုံးသဘောပေါက်အောင်ရှင်းပြပါရစေဗျာ။

ခန္ဓာကိုယ်အလေးချိန်တက်ခြင်းဆိုတာ သင်တနေ့ တာလိုအပ်တဲ့ ကယ်လိုရီပမာဏထက် ပိုစားမယ်၊ အချိန် တွေကြာလာရင် ဝိတ်တက်လာမယ်။ လေ့ကျင့်ခန်းလုပ်ရင် မာဆယ်ပါတက်မယ်။ မလုပ်ရင် အဆီပိုတွေတက်မယ်။ဒါပဲ။ ပရိုတိန်းပဲစားစားကာဗိုဟိုက်ဒရိတ်ပဲစားစား၊ အဆီပဲစာစား ပိုရင်တက်မယ်။ လိုရင်ကျမယ်။ရှင်းရှင်းလေး။ရှုပ်အောင်မလုပ်ကြပါနဲ့

ဒါပေမဲ့ လူတွေက ကာဗိုဟိုက်ဒရိတ်ကိုပဲ ဘာလို့ ဖိမဲလဲ သိလား? ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်ထဲရေ စုစေလို့ ပဲ။ ဒါကပြသနာမှမဟုတ်တာ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၆၀%လောက်ကရေ အလေးချိန်၊ နောက်ပီးကိုယ်တွင်းဇီဝဓါတုဖြစ်စဉ်အားလုံးမှာရေကမရှိမဖြစ်ဗျ။ ပြသနာက ဘာလည်းသိလား ကာဗိုဟိုက်ဒရိတ် ရုတ်တရက်ဇွတ်လျော့တာနဲ့ ကိုယ်အလေးချိန်ထိုးကျတာ အဲ့ဒီအခါကျခင်ဗျား Trainer က ၂-ပါတ်အတွင်း ပေါင်ဘယ်လောက်ကျတဲ့ Client လေးဘာညာထလုပ်။ခင်ဗျားကအဲ့post လေး share ပီးငါကွလုပ်။ မကြာဘူးဝိတ်ထပ်မကျတော့ရင်၊ ဒါမှမဟုတ်အဲ့လိုဒိုင်ယက်ဆက်မလုပ်ဖြစ်ရင် ကိုယ်အလေးချိန်ပြန်တက်ရော။

အဲ့တော့ ဆရာတပည့်တွေကွိုင်တက် နောက်ဆရာရှာ နောင်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲဖြစ်နေတော့၊ ခင်ဗျားရဲ့ ဝိတ်ချတဲ့ခရီးစဉ်က ဝင်္ကဘာထဲကမထွက်တော့ဘူး။ အဲ့တော့ ခင်ဗျား familyကဖြစ်စေ၊ ခင်ဗျားကဖြစ်စေ သိမ်းကျုံးပြောမှာက Fitness Trainer တွေကဂျင်းတွေတဲ့။ ဒီတော့ လေးစားရပါသောကျေးဇူးရှင် Clients များခင်ဗျာ လောကမှာအာဟာရတစ်ခုတည်းက ဝိတ်တက်စေဝိတ်ကျစေ ဆိုတာမျိုးမရှိပါဘူး။ သင်စားသုံးတဲ့ပမာဏကြောင့်သာ ရလာဒ်တွေပြောင်းလဲသွားတာပါ။

ဒီတော့ခင်ဗျားသည်အရွယ်ရောက်ပီးကျန်းမာသူတစ်ယောက်ဆိုပါက ဝိတ်ချချိန်မှာလည်း ကာဗိုဟိုက်ဒရိတ်ဖြတ်စရာလုံးဝမလိုပါခင်ဗျာ။

စာဖတ်သူမိတ်ဆွေအားလုံး အစွန်းလွတ်တဲ့Lifestyle နဲ့ ကျန်းမာတဲ့ဘဝကို တည်ဆောက်နိုင်ပါစေဗျာ။

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach#NutritionalCoaching#MacroNutrients#Carbohydrates#Protein#Fat#insulin

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta