ဝါဒီတွေ မများပါနဲ့ - MFTA

ဝါဒီတွေ မများပါနဲ့

အထပ်မြင့်တိုက်တခုကို ရိုးရိုးလှေခါးကတက်ရင် အချိန်ကြာတယ်။ ဓါတ်လှေခါးနဲ့ ဆို အချိန်တွေ စွမ်းအင်တွေအကုန် သက်သာတယ်။

တွက်ချက်မှုတွေ အတွက်လည်း ဦးနှောက်အားကိုး တွက်ရင် အချိန်ကြာတယ် calculator သုံးရင်မြန်တယ်။ ရလာဒ်တိကျတယ်။

တိုးတက်လာတဲ့ နည်းပညာက ကျွန်တော်တို့ ဘဝတွေ အချိန်တွေကိုအများကြီးအထောက်အကူပြုသက်သာစေတယ်။

ဒါပေမဲ့ ကိစ္စတိုင်းက လောလို့ မရတဲ့ အနေအထားတွေရှိတယ်။

ဥပမာ- ခင်ဗျားသိပ်စွမ်းနိုင်လို့ မိန်းမငါးယောက်ကို တညထဲနဲ့ ကိုယ်ဝန်ရှိအောင် စွမ်းဆောင်နိုင်ပါစေ။ ကလေးမွေးဖို့တော့ ယေဘူယျ ကိုးလစောင့်ရတာပဲလေ။ နေရာတိုင်းမှာ shortcut မရနိုင်တာ သိစေချင်တာပါ။ နောက်ပီး ကောင်းသော ဖြစ်တည်မှုတိုင်းက အချိန်ယူရပါတယ်။

ဒါဆိုလူတွေဘာလို့ လောကြသလဲ?

အဖြေက- -confident မရှိလို

ဆိုလိုချင်တာက အချိန်ကာလတခုအထိ Training + Diet ကိုစွဲစွဲမြဲမြဲ လုပ်နိုင်မယ်လို့ မိမိကိုယ်ကို မိမိမယုံလို့ ။

ဒီတော့ you are what you think ဆိုသလိုပဲ ကိုယ်တွေးတဲ့အတိုင်း ဖြစ်လာမှာပဲလေ။

-အပြောင်းအလဲကို မကြိုက်လို့

ဆိုလိုချင်တာကပုံမှန် life style ကနေ healthy Lifestyles ကိုပြောင်းမယ်ဆိုရင် အနေအထား အတော်များများကို change လုပ်ရတော့မယ်။

အဲ့လို change လုပ်လို့ ပင်ပမ်းတဲ့အခါ ရလာဒ်ကို ချက်ချင်း မမြင်ရတော့ လက်လျော့ချင်တယ်။

တကယ်တော့ ခင်ဗျားတို့ မသိတာက ကောငိးသော Lifestyle ပြောင်းလဲမှု စလုပ်တာနဲ့ ခင်ဗျား ကျန်းမာရေး အပေါ် အထူးကောင်းမွန်သော ရလာဒ်တွေ သက်ရောက်လာတာပါပဲ။

-မငြင်းနိုင်လို့

ဆိုလိုချင်တာက အသားကျနေတဲ့ lifestyle ရဲ့ အဆင်ပြေမှု စားချင်တာစားတဲ့အခါ ရလာတဲ့ သာယာမှု အဲ့ဒါတွေကို မငြင်းနိင်လို့ ။ နောက်ပီး အဲ့ဒါတွေက ချက်ချင်းဆိုးကျိုး ခင်ဗျားတို့ မမြင်ရဘူးလေ။ မြင်ရတဲ့အခါကျ အချိန်နှောင်းသွားမှာ ကျွန်တော်စိတ်ပူတာဗျ။

ဒီတော့ဗျာ Change လုပ်ခြင်းရဲ့ Pain နဲ့ စိတ်အလိုလိုက်ခြင်းရဲ့ Pleasure 2-ခုထဲက တခုကို ဝါဒီမများဘဲရွေးလိုက်ပါ။

Your life , your choice ဆိုပေမဲ့ ကောင်းသော Choice ဖြစ်စေချင်ပါတယ်။

ကျန်းမာကြပါစေဗျာ။

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#ဝိတ်ချခြင်းအနုပညာ#ကာယဗလသော့ချက်များ

#naing_oo_119

#muscle_professor

#FitMyanmarProject

#MakeMyanmarFit

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta