လူပိန်တွေကျူးလွန်တဲ့ Gym ထဲကအမှားများ - MFTA

လူပိန်တွေကျူးလွန်တဲ့ Gym ထဲကအမှားများ

လူပိန်တွေကျူးလွန်တဲ့ Gym ထဲကအမှားများ ခန္ဓာကိုယ်ကြီးထွားလိုသူတိုင်း မှားမှန်းမသိဘဲ မှားမြဲ မှားနေဆဲသော အမှားအချို့ ကို တင်ပြပေးပါမည်။ သို့ မှသာ Gym ထဲအချိန်ကုန် ငွေကုန်နေသော လူပိန်များ လျော့နည်းသွားမှာ အသေအချာဖြစ်ပါသည်။

ခန္ဓာကိုယ် ပြုပြင်ပြောင်းလဲရေးအတွက် အမြဲတမ်းအမှန်တရားမှာ-

-မှန်ကန်ကောင်းမွန်သော အာဟာရ နှင့်

-စနစ်ကျသေချာတိကျသော လေ့ကျင့်ရေးနည်းစနစ်များ ကို အကောင်းဆုံး ပေါင်းစပ်ရန် မဖြစ်မနေလိုအပ်သည်ဆိုသော အချက်ဖြစ်ပါသည်။

ယခုဆောင်းပါးတွင် လေ့ကျင့်ခန်းနှင့် ပါတ်သက်သောအမှားများကို ထောက်ပြဆွေးနွေးပါမည်။

အာဟာရအတွက် သီးသန့် ဆောင်းပါးရေးပေးပါမည်။

လိုရင်းဆက်ရလျင်-

-exercises form မမှန်ခြင်း

ဤပြသနာသည် ယနေ့ခေတ် လူငယ်များ အများဆုံးကြုံရသည့် ပြသနာဖြစ်သည်။ ကျွန်တော်တို့ ခေတ်က ဆရာများသည် exercise formကိုမမှန်မခြင်း ပြုပြင်ပေးသည့် အလေ့အထရှိခဲ့သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ ယနေ့ ခေတ်နည်းပြငယ် အချို့သည်ပင်လျင် Form မမှန်နိုင်သည့် ပြသနာကို ကြုံနေရခြင်းပင်ဖြစ်သည်။

ဘယ်လိုဆော့ဆော့ ကြီးတယ် ဆိုသော်လည်း စနစ်တကျဆော့ရင် လှလှပပကြီးမယ်ဆော့ချင်သလိုဆော့ရင် ကြီးချင်သလို (သောက်တလွဲတွေ)ကြီးလာလိမ့်မယ် ဆိုတာမှတ်ထားပါ။

-အရေးအကြီးသောအမှားသည် လေ့ကျင့်ရေး ပရိုဂရမ်နှင့် ရက်ခွဲကစားသည့်အမှားးးးးးးးဖြစ်သည်။ ဒါဆို ဘာတွေမှန် သလဲ?

-လူသစ်များသည် တစ်ပါတ်လျင် သုံးရက်ထက် ပိုမကစားသင့်ပါ။ ဒါပေမဲ့ ချာတိတ်တွေက Gym Fees သွင်းရတာတန်အောင် တပါတ်ကို ခြောက်ရက်လောက် ကစားနေကြတယ်

-ကစားချိန် တစ်ချိန်မှာ Full body ပဲကစားသင့်ပါတယ်။

-ရုပ်အဆိုးဆုံးသောအမှားက တစ်နေ့မှာ Body part တစ်ခုသာ ကစားတဲ့ သောက်တလွဲ Split ပဲဖြစ်တယ်။

ဥပမာ တနင်္လာနေ့မှာရင်အုပ် အင်္ဂါနေ့မှာ နောက်ကျော အဲ့လိုကစားလိုကမှတ်ထား မင်းနာမည် ငဖောင်ရိုး ဖြစ်နေဦးမှာပဲ

-Full-body ကစားတယ်ဆိုပီး chest ၂မျိုး

အောက်ပိုင်း ၃ မျိုးလုပ်နေရင်လည်း စောစောစီးစီးဂိသွားမယ် ငါ့ညီရဲ့ ။ဒီတော့

-Major lift သုံးလေးခုနဲ့တင် Full body Workout sessionတခုက လုံလောက်နေပါပီ။

-အာ့လေးနဲ့တက်မလား မမေးနဲ့ လူသစ် Natural စစ်စစ် ကိုယ်ပြောသလို ကစား ကိုယ်ပြောသလို စားလို့ ပထမသုံးလမှာ ပေါင် ၂၀ တက်ခဲ့သူတွေအများကြီးနော်။

ဒါဆိုဆရာနဲ့ ခြောက်လဆော့မယ် ပေါင်လေးဆယ်တက်မလားဆိုပီး ကပ်မမေးနဲ့ အားတီ

အဲ့လို့ non stop တက်ကြစတမ်းဆို လူတွေ body weight လည်း ပေါင်ငါးရာ ဒေဘာဒေဖြစ်ကုန်မပေါ့ဟ

ကိုယ်ပြောတာက လူသစ်တွေ ပထမစစခြင်း သုံးလေးလ သိပ်အရေးကြီးတယ်။ လူအတော်များများ နှစ်ပေါက်အောင်ဆော့လည်း ငါးပေါင် ဆယ်ပေါင်ထက် ပိုမတက် ဒီကြားထဲ ချီးပန်းရင်အဲ့ဒါတွေအကုန် ကုန်ရော အချိန်တွေကုန် လူတွေပမ်းမဖြစ်ဘူးလားဖြစ်တယ် ပြောင်းလဲချင်တယ်ဆိုရင် ဒီပို့စ်မှာလမ်းညွှန်တဲ့အတိုင်း လုပ်ကြည့်စမ်းပါ။

လိုသလောက်မရပေမဲ့ လုပ်သလောက်တော့ရကိုရစေရမယ် အားတီတို့။

I dare you guys

ဖတ်လို့ ဖီးလ်ဖြစ်ရင် share ကွာ။

Copy ယူလည်း ဖြတ်ညှပ်ကပ်မလုပ်ပဲ Credit အပြည့်ပေးပါနော့

လေးစားလျက်- နိုင်ဦး-၁၁၉

#ကာယဗလသော့ချက်များ#ဝိတ်ချုခင်းအနုပညာ

#အဆီချလက်စွဲ#argazar

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta