လူတိုင်းက အာနိုးမဖြစ်နိုင်ပါ - MFTA

လူတိုင်းက အာနိုးမဖြစ်နိုင်ပါ

ဒီခေါင်းစဉ်က အပြုသဘောဆောင်တဲ့ ခေါင်းစဉ်လေးပါ။ ကျွန်တော်တို့ ခပ်ငယ်ငယိကာလ Gym တွေ စဆော့ချိန်မှာတော့ Bodybuilding ဆိုတဲ့ ဝေါဟာရရဲ့ စွမ်းပကားကြောင့် လူငယ်အားလုံးလိုလို ကာယဗလကြီးထွားရေးကို သဲသဲမဲမဲ အာရုံပြုရူးသွပ်ခဲ့ကြတာပေါ့ဗျာ။ ဒါပေမဲ့ ဒီနေ့ ခေတ်မှာတော့ Fitness ဆိုတဲ့ဝေါဟာရကတွင်ကျယ်လွှမ်းမိုးလာပီးလူငယ်အများစုကလည်း educated တွေဖြစ်လာကြတော့ ကာယဗလကြီးထွားရေးထက် ကျန်းမာကြံ့ခိုင်တဲ့၊အရည်သွေးပြည့်ဝတဲ့ဘဝတဲ့Quality of life ကိုပဲအာရုံပြုလာကြပါတယ်။

တကယ်တော့ ကာယဗလမောင်တစ်ယောက်ရဲ့ ဘဝက အရမ်းပင်ပမ်းပါတယ်။ ဒါကြောင့်လည်း လေးထပ်ကွမ်း မောင်အိုလံပီယာချန်ပီယံဟောင်း ဂျေးကတ်လာက လူတိုင်းကာယဗလချန်ပီယံ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်ကာယဗလဟာ သင့်ဘဝရဲ့ အစိတ်အပိုင်းတခုပဲဖြစ်သင့်တယ်။ ဘဝတခုလုံးမဖြစ်သင့်ဘူးလို့ လူငယ်တွေကို အကြံပေးခဲ့တာပါ။ဒါကြောင့် ကာယဗလမောင်တွေရဲ့

တနေ့ ၂-ချိန်ကစားခြင်း သို့ မဟုတ်Workout တစ်ချိန်ကို နာရီတွေနဲ့ချီအောင်လေ့ကျင့်တာတွေ

Meal Box တွေ၊ အသား တွေ၊အပြုတ်တွေ၊ ဖြည့်စွက်ဆေးတွေ၊ PED တွေ

Fasted stage cardio တွေ၊ Heavy weight တွေနဲ့

Lifestyle တွေက ပြိုင်ပွဲဝင်ဖို့ မရည်ရွယ်တဲ့သင့်လို သာမန်ကစားသမားတစ်ယောက်အတွက် မဟုတ်ဘူးဆိုတာသတိပြုပါ။

သင်ဟာ ကျန်းမာရေးအတွက်ကစားမယ်

social life ရှိမယ် ဒါကြောင့် ဒိုင်းယက်ဟာ၁၀၀% ဘယ်လိုမှ လုပ်နိုင်မှာမဟုတ်ဘူး

လေ့ကျင့်ခန်းအတွက်လည်း တပါတ်ကို၄-၆ နာရီလောက်ပဲပေးနိုင်မယ်

တခါတလေအအိပ်ပျက်မယ်၊ လေ့ကျင့်ခန်းပျက်မယ်အဲ့လို lifestyle ရှိသူတယောက်အနေနဲ့ Professional lifestyle ကို ဖဝါးခြေထပ်လိုက်ရင်သင်မှားပီ။ကျန်းမာရေး လိုက်စားသူတစ်ယောက်အတွက်ဘယ်လို Training & Diet တွေက သင့်တော့မလဲတွေးရင်း ဝါဒီများလာတဲ့အခါ ရှင်းလင်းတိကျစွာသိဖို့ ဒီသင်တန်းတက်ပါ

https://www.facebook.com/885104638183061/posts/4765091956850957/

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta