မြန်မာပြည်မှာ ကားကြီးမောင်းတဲ့ကားဆရာတွေ ဘယ်လောက်တောင် နောက်ဆက်တွဲကြုံရလဲဆို - MFTA

မြန်မာပြည်မှာ ကားကြီးမောင်းတဲ့ကားဆရာတွေ ဘယ်လောက်တောင် နောက်ဆက်တွဲကြုံရလဲဆို

မြန်မာပြည်မှာ ကားကြီးမောင်းတဲ့ကားဆရာတွေ ဘယ်လောက်တောင် နောက်ဆက်တွဲကြုံရလဲဆို…

လုံးဝကြီး အထိုင်ကြာတာရယ် ၊ နေ့စဥ်နဲ့အမျှလှုပ်ရှားမှု အနည်းငယ်လေးပဲရှိတာရယ်ကြောင့်

ခြေကျင်းဝတ် နောက်ပြန်ကော့မရတာတွေ၊ Muscle သိမ်တာ ၊ မစွမ်းတော့တာဖြစ်ပြီး

လမ်းလျှောက်တဲ့နေရာမှာပါ ဒုက္ခကြုံကြရတယ်။

အိပ်ပျော်မှာစိုးတဲ့အတွက် ကွမ်း၊ဆေးလိပ်ကအစ ဘိန်းမဲ ဘာညာ ဒါတွေကလည်း သုံးရင်တော့ ပိုဆိုးတာပေါ့။

ဒီလို ဘဝ အခြေအနေ တွေကျတော့ Lack of Movement ​ကြောင့် Joint Mobility ဆုံးရှုံးတာ

Muscle Atrophy ဖြစ်တာ ၊ Neuromuscular Coordination မကောင်းတော့တာ တွေမဖြစ်ရအောင် ၊

Gym သွားပြီး အလေးမဖို့ ၊ ပူနေတဲ့ဗိုက်ကို ချဖို့မစဥ်းစားသေးပဲ Mobility လေ့ကျင့်ခန်းတွေ ၊

ဟိုနားဒီနား စက်ဘီးနင်းတာတွေ ၊ အစားအသောက် မူးယစ်ဆေးဝါး ဆင်ခြင်တာတွေ လုပ်ပေးနိုင်ရင်အဆင်ပြေပြီ။

ဘယ်သွားသွား သယ်ဆောင်သွားလို့ရတဲ့ Resistance Band လေးဆောင်ထားပြီး…

Joint Distraction လုပ်ပေးတာ….

Self PNF အကြောလျှော့တာ…

Core Stabilization / Strength Train တာ….

ဒါတွေလုပ်လို့ရတယ်။

(လုံးဝလျှော့တွက်လို့မရတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်)

#SirWaiYanPhyo

#MFTA#FitnessEducator

#HPS#HumanPerformanceSpecialist

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta