ဘယ်လောက်ချချ အဆီမကျဘူးဖြစ်နေရင်ဒီအချက်တွေကိုပြင် - MFTA

ဘယ်လောက်ချချ အဆီမကျဘူးဖြစ်နေရင်ဒီအချက်တွေကိုပြင်

အဆီချနည်းစာအုပ်တွေ ဆောင်းပါးတွေရေးလာတာ ၂၀၀၈ ကတည်းက ဆိုပါတော့။ ဒီအပြင် Training program တွေ Diet လမ်းညွှန်ချက်တွေရောင်းနေရင်းတမျိုး၊ Team ကနေပီး Personal Training ပေးနေရင်းတဖုံ ကြုံလာရတဲ့ အချက်တွေကိုမျှဝေပေးပါ့မယ်။

များစွာသော အဆီချလိုသူတွေဟာ အားသွန်ခွန်စိုက် ကြိုးစားနေပါလျက် ကိုယ်အလေးချိန်နည်းနည်းလေးတောင် လျော့ကျမသွားတာကသူတို့ အတွက် ရုပ်ပိုင်းသာမက စိတ်ပိုင်းပါထိခိုက်နာကျင်ကြရပါတယ်။ဒီဆောင်းပါးမှာ ထိုသို့ သော ပုဂ္ဂိိုလ်တွေအနေနဲ့ပြုပြင်သင့်တဲ့ အချက်တွေကို တင်ပြပေးလိုက်ပါတယ်။

နံပါတ်တစ် ပထမ အမှား က သင်တနေ့ တာလိုအပ်တဲ့ ကယ်လိုရီကို မသိသလို၊ လျော့စားနေတယ်ဆိုတာကလည်း တကယ်လိုအပ်တာထက် ပိုများနေတာ သင်သတိမပြုမိတာပါ။ ဒီအချက်ကို ပြန်ဖတ်ပါ။

သင်စားနေတဲ့အာဟာရက ဘယ်လို Macronutrient ဖြစ်တယ်၊ဆိုတာရယ် သင်စားနေတဲ့ပမာဏ ဘယ်လောက်ရှိနေသလဲဆိုတာကိုသိဖို့ လိုပါတယ်။

ရိုးသားပါ။ တချို့ က ပြောကြတယ် ကျွန်တော် တနေ့ ကို ကယ်လိုရီ ၁၂၀၀ လောက်ပဲစားပါတယ် ဘာညာပေါ့။ ဒါပေမဲ့ တကယ် လိုကိကြည့်ရင် များနေတာတွေ့ ရမယ်။

တချို့ ပုဂ္ဂိုလ်တွေက Monday to Friday တကယ့်ကိုတိတိကျကျ လျော့စားကြပေမဲ့Saturday & Sunday တွေမှာကျတော့ Family dinner ဆိုတာမျိုးတွေ၊ မိတ်ဆွေတွေနဲ့ စုစားတာတွေကြောင့် တပါတ်တာ လိုအပ်တဲ့ကယ်လိုရီထက်အများကြီး ပိုစားမိသွားတတ်ပါတယ်။

မိမိခန္ဓာကိုယ်ရော၊ energy level ကိုရောဆန်းစစ်ဖို့ လိုပါတယ်။ ဒါမှဘာတွေ လိုတိုးပိုလျော့ လုပ်ရမလဲဆိုတာ Trainer ကလမ်းညွှန်နိုင်မှာပါ။

စွဲမြဲစွာ လုပ်ဆောင်ဖို့ အရမိးအရေးကြီးပါတယ်။ ဥပမာ Body Goal တခုအတွက် အချိန်လေးလ (16-weeks) အချိန် ပေးမယ်ဆုံးဖြတ်ထားရင်၊ လူအတော်များများက ၊ Training နဲ့ Diet ကို အားကြိုးမာန်တက် ၁၀၀% ကြိုးစားလိုက်နာကြပေမဲ့ ၊ အချိန်ယူထားတဲ့ ၄လ လုံးအပြည့်မစွဲမြဲဘဲ ၊ ၄၀% လောက်ပဲ စွဲမြဲတတ်ကြတာ၊က တကဲ့အမှား လူအတော်များများလုပ်နေကြတာပါ။ ဖြစ်သင့်တာက ကြိုးစားအားထုတ်မှုက ၈၀% လောက်ပဲရှိမယ် ဆိုရင်အချိန် ကိုတော့ ၁၀၀% စွဲမြဲမယ်ဆို ရလာဒ်တွေအရမ်းကောင်းမှာပါ။ ဒီအချက်ကို ၃ခါဖတ်ပါ ။

အရမ်း serious ဖြစ်နေတာကလည်း အမှားပါ။ ခုစ Try ခုချက်ချင်းပြောင်လဲမှုပဲလိုချင်တယ်ဆိုရင် နဲနဲလွဲနေပါမယ်။ ပြောင်းလဲမှုကိုတိုင်းတာဖို့ က ပေါင်ချိန်စက်ပေါ်က ကိန်းဂဏာန်းတွေက တခုတည်းသော စံနှုန်းမဟုတ်ပါဘူး။

အရေးအကြီးဆုံးအချက်က Diet တွေကိုအပြောင်းအလဲ ခဏခဏ လုပ်တာပါပဲ။Diet System တစ်ခုကို ခန္ဓာကိုယ်က Adaptလုပ်ဖို့၊ Efficiency ဖြစ်အောင် အသုံးပြုဖို့ အချိန် ယူရပါတယ်။ ခင်ဗျားတို့ က FB ပေါ်က Diet plan လေး၊ YouTube ပေါ်ကMeal plan ဆိုတာလေးတွေကို စမ်းချင်သလိုစမ်းနေတော့ ရလာဒ်ဘာလို့ မထွက်ရတာလဲဆိုပီး Trainer ခမျာ ရူးနေအောင် စဉ်းစား ရတော့တာပေါ့ဗျာ။

ကျွန်တော်ထင်ပါတယ်၊ အဆီမကျဘူးဆိုတဲ့ မိတ်ဆွေတွေ ဒီအချက်တွေထဲက အနိမိ့ဆုံး၂ ချက်လောက်ငြိနေမှာသေချာပါတယ်။

ဒီတော့ ကိုယ်ဘာအချက်တွေ ပြင်ရမလဲဆိုတာမန့် မှာမျှဝေပေးခဲ့ပါ။

Personalize plan တွေဝယ်လိုပါက ကျွန်တော့်ကိုဆက်သွယ်နိုင်ပါတယ်။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#Myanmar_Fitness_Trainer_Academy#FitMyanmarProject#MakeMyanmarFit#FatLossExpert#MyanmarFitnessGuru#GuruNaing#FatLossTips#WeightLoss#FatLossSecrects#GymTips#Workout#PersonalTrainers#YourCoach#OnlineProgramSelling#OnlineTraining#Calories#CaloriesTrack

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta