ဗလကြီးချင်ရင် အိပ်ရေးဝအောင်အိပ် - MFTA

ဗလကြီးချင်ရင် အိပ်ရေးဝအောင်အိပ်

Gym ကစားကြပီဆိုရင် ကောင်းကောင်းကစား၊ ကောင်းကောင်းစားဖို့ ဆိုတဲ့’အတွေးလေးတွေရှိကြပေမဲ့ အိပ်ရေးဝအောင် အိပ်ဖို့ နဲ့ အိပ်ရေးပျက်ခြင်းရဲ့ ဆိုးကျိုးကိုတော့ လျော့တွက်ကြပါတယ်။

ဒီပို့စ်မှာတော့ တညလောက် အိပ်ရေးပျက်ရင် ကြုံရမဲ့ဆိုးကျိုးတွေကို တင်ပြပေးပါမယ်။

ကြွက်သားမျှင်တွေက စားသုံးထားတဲ့ ပရိုတိန်းတွေအပေါ် တုံ့ပြန်နိုင်စွမ်းလျော့ကျသွားတဲ့ Anabolic resistance ဖြစ်မယ်။

ဒီတော့ Muscle mass တွေလျော့ကျသွားပါလိမ့်မယ်။

ကြွက်သားမျှင်အသစ်တွေ ပြန်လည်တည်ဆောက်ပေးမဲ့ muscle protein synthesis ဖြစ်စဉ်ဟာ ၁၈% လျော့ကျသွားပါတယ်။

ကျားဟိုမုန်း တက်စတိုစတီရုန်း ထုတ်လွှတ်မှု ၂၄% လောက်လျော့ကျသွားပါတယ်။

ကြွက်သားမျှင်တွေကို လောင်ကျွမ်းအသုံးပြုတဲ့ Stress hormone Cortisol ဟာ ၂၁% လောက် ပိုထွက်လာပါတယ်။

ဗလထွက်ချင်တယ်ပြောပီး၊ ညလုံးပေါက် Chat နေတဲ့ ညေးတို့ သတိပြုပါ။

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119

#muscle_professor

#MFTA#GuruNaing

#Myanmar_Fitness_Trainer_Academy

#FitMyanmarProject#YourCoach

#MakeMyanmarFit#MyanmarFitnessPioneer#issacertified

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta