ဖုန်းအသုံးပြုချိန်များနေပြီလား? - MFTA

ဖုန်းအသုံးပြုချိန်များနေပြီလား?

ယခုဆောင်းပါးကိုဖတ်နေသည့်ဘော်ဒါကြီး တစ်နေ့ကို ဖုန်း အသုံးပြုချိန် ဘယ်နှစ်နာရီရှိနေပြီလဲ? 𝗛𝗲𝗮𝗹𝘁𝗵 𝗦𝗰𝗶𝗲𝗻𝗰𝗲𝘀 𝗙𝗮𝗰𝘂𝗹𝘁𝘆 𝗮𝘁 𝘁𝗵𝗲 𝗦𝗶𝗺𝗼𝗻 𝗕𝗼𝗹𝗶𝘃𝗮𝗿 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 ရဲ့ 𝗝𝘂𝗻𝗲လမှ 𝗗𝗲𝗰𝗲𝗺𝗯𝗲𝗿 လအတွင်း လူပေါင်း 1060 ကိုလေ့လာစမ်းသပ်မှုမှာ နေ့စဥ် ဖုန်းအသုံးပြုမှု ငါးနာရီအထက်အသုံးပြုသူတွေမှာ အဝလွန်နိုင်ခြေ ၄၃ရာခိုင်နှုန်းပိုများစေတယ်လို့တွေ့ရှိခဲ့ပါတယ်။ လေ့လာမှုမှာ အသက် ၁၉နှစ်အရွယ် အမျိုးသမီး ၇၀၀ ဦး နှင့် အသက် ၂၀ အရွယ် အမျိုးသား ၃၆၀ ဦး တို့ကိုလေ့လာခဲ့တာဖြစ်ပါတယ်။ အဝလွန်နေသူတွေရဲ့၂၆ ရာခိုင်နှုန်းဟာတစ်နေ့ကို ဖုန်းအသုံးပြုမှု ၅နာရီ အထက်ရှိသူတွေ ဖြစ်နေတယ်လို့ သုတေသီတွေကဆိုပါတယ်။

ဖုန်းအသုံးပြုမှုနှင့်အဝလွန်ခြင်းဘာတွေဆက်စပ်နေလို့လဲ? အဖြေကတော့ရှင်းပါတယ်..ဖုန်းသုံးပြီဆိုကတည်း ကထိုင်ရာမထ..အနားမှာစားစရာချပြီး ဟိုကြည့်ဒီကြည့် နှင့် အချိန်ကုန်လို့ကုန်မှန်းမသိ..ကယ်လိုရီ ဘယ်လောက်ဝင်လို့ဝင်မှန်းမသိဖြစ်သွားခြင်းကအဓိကတရားခံပါပဲ။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးသုတေသီတွေထဲမှလေ့လာမှုရေးသားသူ 𝗠𝗶𝗿𝗮𝗿𝘆 𝗠𝗮𝗻𝘁𝗶𝗹𝗹𝗮 𝗠𝗼𝗿𝗿𝗼𝗻 ဆိုသူက တစ်နေ့လျှင် စမတ်ဖုန်းကို ငါးနာရီနှင့်အထက် အသုံးပြုသူများသည် ကိုယ်လက်လှုပ်ရှားမှုနည်းပြီး သကြားပါသော အချိုရည်များ၊ အမြန်အစားအစာများ၊ အချိုပွဲများနှင့် အဆာပြေအဆာပြေများ စားသုံးနိုင်ခြေ နှစ်ဆပိုများကြောင်း ၊ စမတ်ဖုန်းရှေ့မှာအချိန်အများကြီးဖြုန်းတာက အထိုင်များတဲ့ အပြုအမူတွေပိုမိုများလာ​ပြီးကိုယ်လက်လှုပ်ရှားမှုလုပ်ချိန်ကို လျော့နည်းစေပါတယ် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို မြင့်တက်စေပါတယ်၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာအမျိုးအစားအမျိုးမျိုး၊ အရိုးအကြောအဆစ်တွေ မအီမသာဖြစ်ခြင်းနဲ့ ကြွက်သားအကြောဆိုင်ရာ လက္ခဏာတွေကို တိုးပွားစေပါတယ်”လို့သတိပေးပါတယ်။

𝗠𝗶𝗿𝗮𝗿𝘆 𝗠𝗮𝗻𝘁𝗶𝗹𝗹𝗮 -𝗠𝗼𝗿𝗿𝗼𝗻 သည် 𝗦𝗶𝗺𝗼𝗻 𝗕𝗼𝗹𝗶𝘃𝗮𝗿 တွင် နှလုံးအဆုတ်နှင့် သွေးကြောပြန်လည်ထူထောင်ရေး အထူးကုဆရာဝန်ဖြစ်သည်။ ကမ္ဘာပေါ်မှာ ဖုန်းအသုံးပြုသူဦးရေ ၁၅ ဘီလျံကျော် ရှိနေပြီး ၂၀၂၀ ခုနှစ်ထက်အသုံးပြုသူ ၁ ဘီလျံနီးပါး ပိုမိုတိုးတက်လာခဲ့သည်။နောက်လာမည့် ၂၀၂၅ ခုနှစ်မှာ ဖုန်းအသုံးပြသူဦးရေ ၁၈.၂၂ ဘီလျံကျော်မယ်လို့ သုတေသီတွေကခန့်မှန်းထားပါတယ်။ နည်းပညာတွေတိုးတက်လာသလို..နေထိုင်မှုပုံစံတွေလည်း ပြောင်းလဲလာကြသည့်အပေါ်မှာ မလိုလားအပ်သည့် ရောဂါဆိုးမျာကို အချိန်ကုန်ခံ ငွေအကုန်ခံပြီး ဖိတ်ခေါ်သည့် လုပ်ရပ်မျိုးမဖြစ်မိစေရန် ကျွန်တော်တို့လည်း ဖုန်းအသုံးပြုချိန်ကို လျော့ချကျပါစို့လို့အကြံပြုရင်း အားလုံးပဲအဝလွန်ခြင်းကိုဂရုစိုက်နိုင်ကြပါစေ။

𝗣𝗮𝗴𝗲မှာ မတင်ဖြစ်သည့် 𝗕𝗼𝗱𝘆𝗯𝘂𝗶𝗹𝗱𝗶𝗻𝗴& 𝗙𝗶𝘁𝗻𝗲𝘀𝘀 ဗဟုသုတ ဆောင်းပါးများနှင့် 𝗠𝘆 𝗣𝗿𝗼𝘁𝗲𝗶𝗻 𝗚𝘆𝗺 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 ကြေငြာများကို လေ့လာ ဖတ်ရူလိုပါက ကျွန်တော့်အကောင့်ကို 𝗙𝗼𝗹𝗹𝗼𝘄 ထားနိုင်ပါသည်။

https://www.facebook.com/profile.php?id=100012464049943#အောင်အောင်_လှိုင်#𝗣𝗵𝗼𝗻𝗲#𝗨𝘀𝗲𝗿#obesity#risk#disease#exercise#junkfood#friedfood#dietfood

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta