ပထမဆုံးမောင်အိုလံပီယာ 𝗟𝗮𝗿𝗿𝘆 𝗦𝗰𝗼𝗼𝘁 - MFTA

ပထမဆုံးမောင်အိုလံပီယာ 𝗟𝗮𝗿𝗿𝘆 𝗦𝗰𝗼𝗼𝘁

၁၉၆၅ ခုနှစ်မှစတင်ကျင်းပခဲ့သည့် မောင်အိုလံပီယာပြိုင်ပွဲကြီးဟာ ၂၀၂၁ မှာ ၅၆ နှစ်တိုင်ခဲ့ပါပြီ။ပူပူနွေးနွေး ချန်ပီယံ 𝗕𝗶𝗴 𝗥𝗮𝗺𝘆 အပါအဝင် မောင်အိုလံပီယာ ၁၆ယောက် ပေါ်ထွက်ခဲ့ရာမှာ ဒီဘက်ခေတ်ပိုင်း မောင်အိုလံပီယာ ပြိုင်ပွဲဝင်တွေကိုအများစုသိရှိကြပေမယ့် 𝗢𝗹𝗱 𝗦𝗰𝗵𝗼𝗼𝗹 𝗕𝗼𝗱𝘆𝗯𝘂𝗶𝗹𝗱𝗲𝗿 တစ်ချို့ကို သိရှိသူနည်းပါတယ်။

ဒါကြောင့်ဗဟုသုတရရန်အလို့ငှာ ပထမဆုံးမောင်အိုလံပီယာ လယ်ရီစကော့အကြောင်းလေးကိုတို့ကနန်းဆိတ်ကနန်း ရေးသားပေးလိုက်ပါသည်။ပထမဆုံးမောင်အိုလံပီယာပွဲမှာယဥ်ပြိုင်သူကစားသမား ၃ ဦးသာရှိခဲ့ပြီး လယ်ရီစကော့တစ်ဦးတည်းကိုသာ ဆုကြေး ဒေါ်လာ ၁၀၀၀ ပေးနိုင်ခဲ့ပါတယ်။၁၉၆၆ ခုနှစ်မှာလည်း ပြိုင်ပွဲဝင် ၄ဦးသာရှိခဲ့ပါတယ်။ဒီဖက်ခေတ်နဲ့တော့တခြားစီပါပဲ။လယ်ရီ ကတော့ မောင်အိုလံပီယာပြိုင်ပွဲမှာ ပထမဆုံးငွေ ဒေါ်လာ ၁၀၀၀ ကို (၂)နှစ်ဆက်တိုက် ဆွတ်ခူး နိုင်ခဲ့တဲ့ ပထမဆုံး မောင်အိုလံပီယာ ဖြစ်ပါတယ်။

သူဟာ မောင်အမေရိက၊ မောင်စကြာ၀ဠာနဲ့ မောင်အိုလံပီယာ သရဖူ (၃)ခုကို ပထမဆုံး ဆွတ်ခူးနိုင်ခဲ့တဲ့ ကာယဗလမောင်လည်း ဖြစ်ပါတယ်။ကာယဗလမောင် လူချော စတီးဖိ-ရီးဖ် ရဲ့ နောင်ပိုင်းခေတ်မှာတော့ လယ်ရီဟာ အချောအလှဆုံး ကာယဗလ မောင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ကာယဗလမောင်တွေထဲမှာ အရပ် ၅ပေ ၈လက်မသာရှိသော်လည်း ကြွက်သားများ ကြီးထွားပြီး ပခုံးအိုးများ လှပသည့်အထဲမှာ ၂၀လက်မ လက်မောင်းပိုင်ရှင် ဖြစ်ခဲ့ပါတယ်၊ ကိုယ်ဟန်ပြတဲ့ နေရာ တွေမှာ အလွန်လှပပြီး သူ့ရဲ့အားနည်းချက် တွေကို အားကောင်းချက် ဖြစ်လာအောင် ကိုယ်ဟန်ပြတတ်တဲ့ အတွက် နာမည် ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။ပြိုင်ပွဲဝင်ခြင်းမှအနားယူခဲ့သော်လည်း ဂျိုးဝီဒါ ကသူ့ကိုဆက်မွေးပြီး ကာယဗလသံတမန် အဖြစ် နိုင်ငံအရပ်ရပ်သို့စေလွတ်ခဲ့ပါသည်။

အမေရိကန် ကာယဗလသမားတွေထဲမှာ ကမ္ဘာ့နိုင်ငံ အနှံ့အပြား လှည့်လည်ပြီး ဟောပြောဆွေးနွေးခြင်းနဲ့ ကိုယ်ဟန်ပြခြင်းတို့ကို ဆုကြေးငွေ ယူပြီးပြသခြင်းကို လမ်းစပြခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့်လဲ မောင်အိုလံပီယာ သရဖူရစဉ်က ဒေါ်လာ၁၀၀၀သာ ရခဲ့ပေမယ့် သူရဲ့ကာယဗလ အလှနဲ့အောင်မြင်မှုကို ကောင်းစွာအသုံးချတတ်သူ တစ်ဦးဖြစ်ခဲ့တဲ့အတွက် ဒေါ်လာ တစ်သိန်းတန် အေလးမ အားကစားရုံပိုင်ရှင်တစ်ဦးဘ၀ အတိ အောင်မြင်မှု ရရှိလာခဲ့သူ ဖြစ်ပါတယ်။လယ်ရီစကော့ဟာ မောင်အိုလံပီယာ နှစ်ကြိမ်ဗိုလ်စွဲခဲ့ပြီး အနားယူကာ သူ့ရဲ့ ကာယဗလလေ့ကျင့်နည်း လမ်းညွှန်တွေကို ထုတ်​ဝေရောင်းချခဲ့ရာမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။အကျဥ်းချုပ်သာရေးပေး သာမို့ ဒီမှာတင်အဆုံးသတ်ပါရစေ။

𝗣𝗮𝗴𝗲မှာ မတင်ဖြစ်သည့် 𝗕𝗼𝗱𝘆𝗯𝘂𝗶𝗹𝗱𝗶𝗻𝗴& 𝗙𝗶𝘁𝗻𝗲𝘀𝘀 ဗဟုသုတ ဆောင်းပါးများနှင့် 𝗠𝘆 𝗣𝗿𝗼𝘁𝗲𝗶𝗻 𝗚𝘆𝗺 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 ကြေငြာများကို လေ့လာ ဖတ်ရူလိုပါက ကျွန်တော့်အကောင့်ကို 𝗙𝗼𝗹𝗹𝗼𝘄 ထားနိုင်ပါသည်။

https://www.facebook.com/aung.aungoo.7798#အောင်အောင်_လှိုင်#LarryScoot#Bodybuilder#Oldschool#MrOlympia#Contest#Twotimes#Bigramy

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta