တလကို အဆီဘယ်လောက်ကျမလဲ - MFTA

တလကို အဆီဘယ်လောက်ကျမလဲ

တလကို အဆီဘယ်လောက်ကျမလဲ ဆိုပီး PT ဌားသူတိုင်းမေးတတ်ကြပါတယ်။အဲ့ဒီ့အခါတိုင်း ကျွန်တော်တို့ (Trainers) တွေက

-ခင်ဗျားရဲ့ ကစားအား

-အစားအသောက်ဆင်ခြင်မှု

-စွဲမြဲစွာလိုက်နာနိုင်မှု အပေါ်ပဲမူတည်တယ်လို့ ပြောရင်

-အီလည်လည်ဖြစ်ကုန်ကြသူ အတော်များများနဲ့

-စကားတွေအရမ်းပြောသူ ဟိုဟာသိဒီဟာတတ် ကိုဖိုးသိနဲ့ မတတ်ပ များ

-နည်းပြစုံအောင် လျောက်ဆော့နေသူများသည်လက်တွေ့တွင်အလုပ်မဖြစ်တတ်ကြကြောင်းနည်းပြတိုင်းကြုံဖူးကြမယ် ထင်ပါတယ်။

လိုရင်းပြန်ဆက်ရယင် ဒီပို့ စ်မှာအဆီကျရန် လွယ်ကူစေသော အကြောင်းတရားများ ၊ အဆီကျရန်ခက်ခဲစေသော အကြောင်းတရားများနှင့် ကျန်းကျန်းမာမာနှင့်တပါတ်ကို အဆီဘယ်လောက်ချ နိုင်မလဲ ဆိုတာတွေကို ရှင်းပြထားပါတယ်။အဆီကျရန် လွယ်ကူသော အချက်များ-

-အသက်အရွယ်ငယ်ရွယ်ခြင်း

-အမျိုးသားဖြစ်ခြင်း

-ကိုယ်အလေးချိန်များလွန်းနေခြင်း(ထို့ ကြောင့် ပထမပေါင်သုံးလေးဆယ် အလွယ်တကူချနိုင်ခြင်း ဖြစ်ပီး နောက်ပိုင်းရောက်လေချရခက်လေဖြစ်ပါသည်။)

-ကိုယ်တွင်းအဆီပမာဏ အရမ်းမြင့်နေခြင်း

-ကိုယ်လက်လှုပ်ရှားမှုများခြင်း

-ကောင်းမွန်မှန်ကန်သော ပရိုဂရမ်ဖြင့် လေ့ကျင့်ခြင်း

-နည်းပြ၏လမ်းညွှန်ချက်အားလုံး၏ ၈၀% အထက်လိုက်နာနိုင်ခြင်း

-တညအိပ်ချိန် ရ-၈ နာရီပြည့် ဝခြင်းစိတ်ဖိစီးမှုနည်းပါးခြင်း

-ဟိုမုန်းကောင်းမွန်နေခြင်း

-PED သုံးခြင်း

-ရောဂါကြီးကြီးမားမားမရှိခြင်း တို့ ဖြစ်ပါသည်။

အဆီချရန် ခက်ခဲစေသော အကြောင်းတရားများ

-အသက်အရွယ်ကြီးခြင်း

-အမျိုးသမီးဖြစ်ခြင်း

-ကိုယ်အလေးချိန်တွေအတော်များများချချင်သလိုချပီးမှ ဆက်မကျတော့သည့်အချိန်

-ပင်ကိုယ် သွယ်လျပြီး တနေရာထဲက အဆီကွက်ချလိုသူများ

-လှုပ်ရှားမှုနည်းပါးခြင်း

-ကာဒီရိုများများသာလုပ်ခြင်း

-မစွဲမြဲခြင်း

-ညအိပ်ချိန် ရနာရီထက်နည်းခြင်း

-Leptin/ insulin resistance

-သန္ဓေတားဆေးများနှင့် စိတ်ကျရောဂါဆေးမှီဝဲနေရသူများ

-သွေးဆုံးနေသူများ ၊

သိုင်းရွိုက်နည်းပါးသူများစိတ်ကျဝေဒနာခံစားနေရသူများကျန်းကျန်းမာမာနှင့်တပါတ်ကို အမြင့်ဆုံးအဆီချနိုင်သော နှုန်း နည်းပြ၏လမ်းညွှန်ကို ရာနှုန်းပြည့် လိုက်နာနိုင်သူများဆိုပါက အမျိုးသားဖြစ်လျင်တပါတ်ကို အများဆုံး ၂ပေါင်မှ ၃ပေါင်အမျိုးသမီးဖြစ်လျင် တစ်ပေါင်ခွဲမှ နှစ်ပေါင်ခွဲသာကျနိုင်ပါသည်။လမ်းညွှန်ချက်များ၏ ရဝ%-၈၀% လိုက်နာနိုင်လျင်

အမျိုးသားဖြစ်လျင် တပါတ်ကို ၁ ပေါင်မှ ၂ပေါင်အမျိုးသမီး ဆိုလျင် ၀.၈ ပေါင်မှ ၁.၅ ပေါင်လမ်းညွှန်ချက်များ၏ ၆၅% လိုက်နာနိုင်လျင်အမျိုးသားဖြစ်လျင် တပါတ်ကို ၁ ပေါင်အောက်အမျိုးသမီးဖြစ်လျင် ၀.၈ ပေါင်အောက်သာကျနိုင်ပါသည်။

ကဲဒီတော့ တလကို ဘယ်လောက်ကျနိုင်သလဲဆိုတာ ကျွန်တော်ပြောခဲ့သလိုပါပဲ ခင်ဗျားဘယ်လောက် လိုက်လုပ်နိုင်သလဲ ဆိုတာနဲ့ ဘယ်လောက်စွဲမြဲသလဲ ဆိုတာ နဲ့ပဲသက်ဆိုင်တယ်ဆိုတာ သဘောပေါက်လောက်ပီ ထင်ပါတယ်။

တချို့ complain တွေရှိသေးတယ်။ ကိုယ်တိုင်အဆီချတာ ပေါင်လေးငါးဆယ် ချပီးပီ။ ဒီဗိုက်လေးကျန်နေတာရယ် ဒီအရေပြားတွဲနေတာရယ် ဆရာ ချပေးပါတဲ တချို့ ကျတော့လည်း Gym တခုခုမှာချသုံးလအတွင်း ဘယ်လောက်ကျတာဆိုပီးဆုတွေဘာတွေရ လက်ကျန် fat 29-30%လောက်ကျတော့ ဒစ်လည်နေရော အဲ့လို ဆရာမနိုင် နှစ်ဆောင်ပြိုင် client တွေရောက်လာခဲ့ရင် သမားရိုးကျ client တယောက်ကို တလ ၂ သိန်းယူရင် အဲ့လို client တွေကျတော့တလကို PT ကြေး ၄ သိန်းယူပါ။၂ ဆနော် ၂ဆ ပိုပင်ပန်းမှာ အားလုံးပဲ ကျန်းမာကြပါစေဗျာ။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ် မလုပ်ဘဲအပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#FitMyanmarProject#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta