တကျော့နှင့် တကျော့ကြားနားချိန် - MFTA

တကျော့နှင့် တကျော့ကြားနားချိန်

Gym ခန်းထဲရောက်ပီ ဆိုကတည်းက ဘယ်လိုရည်ရွယ်ချက်နဲ့ ကစားသည်ဖြစ် မည်သည့်လေ့ကျင့်နည်းစနစ်ကို ရွေးချယ်သည်ဖြစ်စေတကျော့နှင့် တကျော့ကြား နားချိန်သတ်မှတ်ရမည်ဖြစ်သည်။ မည်သူမှ ဆက်တိုက်မကစားနိုင်ပါ။

ဒါဆိုတကျော့နှင့်တကျော့ကြား ဘယ်လောက်ကြာအောင်နားရမလဲ ဆိုတဲ့ မေးစရာပေါ်လာပါပီ။

မတူညီသော သုတေသနများ နှင့်မတူညီသောနည်းပြများ၏ အယူအဆများအရ ပြုလုပ်သော လေ့ကျင့်ခန်း အမျိုးအစားအပေါ်မူတည်၍ တကျော့နှင့် တကျော့ကြားနားချိန်ကို အမျိုးမျိုး သတ်မှတ်ကြသည်။ယေဘူယျ သတ်မှတ်ချက်များကို တင်ပြပေးပါမည်။

Compound exercises များလေ့ကျင့်ချိန်ခွန်အားသန်စွမ်းရန် အတွက် လေ့ကျင့်နေချိန်နှင့်အကျော့တိုင်းတွင် စွမ်းဆောင်ရည် အပြည့်ဝဆုံး ဖြစ်နေစေရန် လေ့ကျင့်ပါက တကျော့နှင့်တကျော့ကြားတွင် ၂ မိနစ်ခန့် နားပါ။

Isolation exercises များလေ့ကျင့်ချိန်စက်များဖြင့် လေ့ကျင့်ချိန် နှင့်Workout time ကိုချုံ့ ၍ကစားချိန်များတွင်တကျော့နှင့် တကျော့ကြား ၁မိနစ်မှ၂-မိနစ်အတွင်းနားပါ။

ခြေသလုံး ဗယ်လီ နှင့် slow twitch muscle Fibers များကို တားဂတ်ထားသည့် လေ့ကျင့်နည်းစနစ်များဖြင့် လေ့ကျင့်ချိန်Isolation exercises များကို အလေးပေါ့ပေါ့အကြိမ်များများ ကစားချိန်

Metabolic stress အတွက် လေ့ကျင့်ချိန်

Conditioning အတွက် လေ့ကျင့်ချိန်များတွင်တကျော့နှင့် တကျော့ ကြားတွင် ၁-မိနစ်ခန့် အနားယူပါ။

အထက်ပါ လမ်းညွှန်ချက်များသည် ဒေါက်တာဂျက်ကော့ဗ်ဝီလ်ဆင်ထံမှ ကိုးကားထားခြင်းဖြစ်ပါသည်။

ကျွန်တော့်အမြင်ကို ထပ်ဆင့် ဖြည့်စွက် တင်ပြရမည်ဆိုလျင် တကျော့နှင့် တကျော့ကြားနားချိန်ကိုသတ်မှတ်ရာတွင် အထက်တွင် တင်ပြခဲ့သလိုပင် ပြုလုပ်သော လေ့ကျင့်ခန်းအမျိုးအစားအပေါ်မူတည်သကဲ့သို့ ပင် ***ကစားသမား၏ ခံနိုင်ရည်သက်လုံ *** အပေါ်တွင်လည်း များစွာမူတည်နေပါသည်။

ကစားသမား၏ ခံနိုင်ရည် သက်လုံသည် တယောက်နှင့် တယောက်ထပ်တူမကျနိုင်ပါ။လေ့ကျင့်ခန်း တမျိုးတည်းကို အလေးဝန်အတူတူ တွဲကစားသော ကစားသမားနှစ်ယောက်သည် ခံနိုင်ရည် သက်လုံမတူပါကတကျော့နှင့် တကျော့ကြား နားချိန် အတူတူမဖြစ်သင့်ပါ။

ဒါဆို ကစားသမား တစ်ယောက်ချင်းစီအတွက်နားချိန် သတ်မှတ်ဖို့ ဆိုရင် သူ့ ခံနိုင်ရည် သက်လုံကို ဘယ်လို တိုင်းတာမလဲ?ဘယ်လိုသတ်မှတ်မလဲ ?

စတာတွေအပြင် ထိမိတဲ့ သဘောတရားတွေ သိချင်ရင် ဒီအောက်က လင့်ခ်ထဲ ဝင် ဖတ်ကြည့်ဖို့ လိုပါတယ်။

https://m.facebook.com/story.php?story_fbid=3387585824601584&id=885104638183061

အထက်ပါလင့်ခ်ကို ဖတ်ကြည့်ရင် သင်တန်းကြော်ငြာတွေ့မှာပေါ့။ အဲ့သင်တန်းက နည်းပြအဖြစ် အသက်မွေးဝမ်းကျောင်း ပြုလိုသည်ဖြစ်စေကိုယ်တိုင် body transformation လုပ်လိုသည်ဖြစ်စေ သိရန်လိုအပ်တဲ့ သဘောတရားတွေ သင်ပြပေးမှာ့ မဖြစ်မနေတက်သင့်ပါတယ်။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ် မလုပ်ပါရန်နှင့် credit အပြည့်အဝ ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#FitMyanmarProject#MakeMyanmarFit

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta