တက်စတိုစတီရုန်းလျော့ကျစေသည့် အကြောင်းအရင်းများ - MFTA

တက်စတိုစတီရုန်းလျော့ကျစေသည့် အကြောင်းအရင်းများ

အမျိုးသားတစ်ယောက်ရဲ့ ကိုယ်တွင်းမှတက်စတိုစတီရုန်းဟိုမုန်းလျော့ကျစေနိုင်တဲ့အချက်များစွာအနက်မှ Fitness Professionals တစ်ယောက်ရဲ့ ရှု့ထောင့်ကနေအဓိကအချက်အချို့ ကိုတင်ပြပေးပါ့မယ်။အရပ်နဲ့ကိုယ်အလေးချိန်အချိုး BMI 30 ထက်ကျော်နေသူအမျိုးသားအများစုဟာတက်စတိုစတီရုန်းလျော့နည်းခြင်းပြသနာကိုသာမန်အမျိုးသားများထက် 3-ဆပို၍ကြုံရနိုင်ချေရှိပါတယ်။(အဝလွန်ခြင်းရဲ့ ဆိုးကျိုးနဲ့ ၊၄င်းကိုအကောင်းဆုံးရင်ဆိုင်ကျော်လွှားနိုင်ဖို့ ကျွန်တော်ရေးသားထုတ်ဝေထားတဲ့ဝိတ်ချခြင်းအနုပညာစာအုပ်မှာလေ့လာနိုင်ပါတယ်။)

-ဆီးချိုရောဂါသည်လည်း တစ်စတိုစတီရုန်းလျော့ကျစေတဲ့ပြသနာတွေထဲကတစ်ခုပါ။Lifestyle နဲ့ အာဟာရကိုပြုပြင်ရပါမယ်။ဆရာဝန်ရဲ့ အကူအညီနဲ့ ကုသမှုကောင်းကောင်းခံယူပါ။

-နာကျင်ကိုက်ခဲမှုသက်သာစေတဲ့အကိုက်အခဲပျောက်ဆေးတွေ များများသုံးခြင်းနဲ့ စွဲစွဲမြဲမြဲသုံးခြင်းကလည်းပြသနာပါ။

-ကိုလက်စထရောလ်များခြင်း

-အရက်များများသောက်ခြင်း၊စွဲစွဲမြဲမြဲသောက်ခြင်း နှင့်

-သွေးတိုးရောဂါ စသည်တို့ ပဲဖြစ်ပါတယ်။

အထက်ပါတင်ပြချက်အားလုံးကိုဆန်းစစ်ကြည့်မယ်ဆိုရင်အာဟာရ၊လေ့ကျင့်ခန်း၊Lifestyle စသည့်အချက်များသည် အလွန်အရေးပါကြောင်း သတိပြုမိပါလိမ့်မယ်။ ဒါကြောင့်ဆိုင်ရာနယ်ပယ်မှ professionals များရဲ့ အကူအညီကိုရယူပီး၊အပြောင်းအလဲပြုလုပ်ခြင်းဖြင့်တက်စတိုစတီရုန်းလျော့ကျခြင်းပြသနာကိုဖြေရှင်းနိုင်မည်ဖြစ်ပါသည်။နောက်ထပ်သတင်း ကောင်းတစ်ခုမှာ Diet + Lifestyle အပြောင်းအလဲပြုလုပ်ခြင်းနှင့်အတူသဘာဝဖြည့်စွက်ဆေးကောင်းများကိုမှီဝဲပါကပိုမိုကောင်းမွန်သောရလာဒ်ကိုပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။ထိုသိုသောTestosterone booster supplement အကြောင်း သိလိုပါကအောက်ပါလင့်ခ်မှာဝင်၍လေ့လာကြည့်နိုင်ပါတယ်။

https://www.facebook.com/100022617764425/posts/1063700414393874/?d=n

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academywww.myanmarfitnesstraineracademy.com#FitMyanmarProject#YourCoach#MakeMyanmarFit#WeightManagementGuru#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach#ဝိတ်ချခြင်းအနုပညာ

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta