ခန္ဓာကိုယ်ကြီးထွားလိုသူတို့ အတွက် လိုအပ်ချက် - MFTA

ခန္ဓာကိုယ်ကြီးထွားလိုသူတို့ အတွက် လိုအပ်ချက်

ခန္ဓာကိုယ်ကြီးထွားချင်တယ်ပြောပီး လုပ်ဆောင်ချက်တွေ လွဲနေရင် ရလာဒ်ကောင်းတွေမရနိုင်ပါဘူး။ လူသစ်ကစားသမားတွေ အတွက် အရမ်းအရေးကြီးပီး သတိမထားမိလောက်တဲ့လိုအပ်ချက်များကို မျှဝေပေးလိုက်ပါတယ်။

နံပါတ်တစ် အရေးအကြီးဆုံးက အိပ်ရေးဝဝ မဖြစ်မနေ အိပ်ရပါတယ်။ တညကို အနိမ့်ဆုံး ၇ နာရီလောက် ရအောင်အိပ်ရပါမယ်။

အလေးအရမ်းများများသုံးပီး အကြိမ်နဲနဲလေး (တကျော့မှာ ၄ ကြိမ်အောက် )ကစားတာကPower အတွက်ဖြစ်ပီး အခန့် မသင့်ရင် injuryရသွားနိုင်ပါတယ်။ ကြီးထွားဖို့ အတွက်ဆိုရင်အနိမ့်ဆုံး ၄ ကြိမ်မှ အမြင့်ဆုံး ၁၅ ကြိမ် ကစားပါ။

muscle pump ဖြစ်ရေး ဦးစားပေးလွန်းပီးအလေးပေါ့ပေါ့ အကြိမ်များများ ကစားခြင်းသည် ထုတင်ချိန်တွင်မကောင်းပါ။

ထုတင်ချိန်မှာ lean mass ဆိုတဲ့ ဝေါဟာရကို feel ပီး Abs လေးလည်း မပျောက်ချင်ထုလည်းတင်ချင်ဆို မရပါ။ တချိန်မှာ တခုပဲအာရုံစိုက်ပါ။

တပါတ်ကို တစ်ရက် နှစ်ရက်ဆော့ပီး ထုတက်ချင်လို့ မရပါ။

ထုတင်တဲ့ကာလအနေနဲ့ အနိမ့်ဆုံး ၃-၄ လလောက်အချိန်ယူရပါတယ်။ ခုခေတ် Generation တွေက shortcut တွေအရမ်းလိုက်တတ်ကြပါတယ်။ ထုပဲတင်တင် / မာဆယ်ပဲခွဲခွဲအချိန်ယူရပါမယ်။ ကောင်းသောဖြစ်တည်မှုတိုင်းအတွက် အချိန်ယူရပါတယ်။

Eat,eat and EAT!!!!!!!!!!

ကြောင်စာလောက်စားပီး ခြင်္သေ့ဖြစ်ချင်လို့ မရပါဘူး။

အထက်ပါအချက်လေးတွေကို စံထားပီးမိမိရဲ့ အမှားအချို့ ကို ဆန်းစစ်ပီး အကောင်းဆုံးသော ရလာဒ်တွေ ပိုင်ဆိုင်နိုင်ပါစေကြောင်း။

-ကျွန်တော့်တို့ team ရဲ့ Online Personal training Program service ကို စိတ်ဝင်စားပါက ၀၉၇၇၇ ၂၉၁၈၃၅ ကိုဆက်သွယ်နိုင်ပါသည်။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#Myanmar_Fitness_Trainer_Academy#FitMyanmarProject#MakeMyanmarFit#gurunaing#mass#sleep#heavytraining

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta