ကျွန်တော်တို့ အားလုံးနေ့ လည်နေ့ ခင်းဖက်တွေမှာ - MFTA

ကျွန်တော်တို့ အားလုံးနေ့ လည်နေ့ ခင်းဖက်တွေမှာ

ကျွန်တော်တို့ အားလုံးနေ့ လည်နေ့ ခင်းဖက်တွေမှာ အိပ်ငိုက်တာမျိုး၊အာရုံမစိုက်နိုင်တာမျိုးတွေဖြစ်ဖူးကြမှာပါ။ အဲ့အချိန်မှာ၊လဖက်ရည်၊ ကော်ဖီသောက်တာမျိုးနဲ့ ကုစားဖို့ ကြိုးစားတတ်ကြပါတယ်။

တကယ်တော့ ကျွန်တော်တို့ အစားပိုစားမိတတ်ကြလို့ ပါ။ထိုအနေမျိုးမှာစွမ်းအင်တိုးဖို့နဲ့ Productivity တက်ဖို့ အတွက်ဆိုယခုတင်ပြပေးမဲ့အချက်လေးတွေလိုက်လုပ်ကြည့်နိုင်ပါတယ်။

1-whole food တွေနဲ့ အာဟာရပြည့်ဝတာကိုရွေးစားပါ။ ဗိုက်ရဲ့ 80% လောက်ပဲစားပါ။ဆိုလိုတာကဝမ်းဗိုက်အပြည့်မစားဘဲ နေရာနဲနဲချန်ထားပါ။

2-ရေများများသောက်ပါ။ဦးနှောက်ရဲ့ 73% ရေပါ။ ရေသောက်တာနည်းရင်၊ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ထိခိုက်စေပီး၊ခန္ဓာကိုယ်မှစွမ်းအင်ကိုယုတ်လျော့စေတယ်။ ကိုယ်အလေးချိန်တစ်ပေါင်ကို၊ရေတစ်အောင်စလောက် သောက်ဖြစ်အောင်သောက်ပါ။

3-အားနေရင်ထိုင်နေတာမကောင်းပါ။ Standing Desk သုံးသူတွေရဲ့ 87% ဟာ စွမ်းအင်တိုးတယ်လို့ ဆိုပါတယ်။ကျွန်တော်ကတော့ Zoom meeting ဖြစ်စေ၊ Coaching Session တွေမှာဖြစ်စေ မတ်တပ်နေခြင်းဖြင့်အထိုင်များတဲ့ Lifestyle ကိုလျော့ချပါတယ်။

4-အလုပ်တွေကို Focus ထားနိုင်ဖို့ ဆိုရင်Timer လေးသုံးပါ။ ကျွန်တော်ကတော့ တိုးတက်Timer သုံးပါတယ်။

5-Power Nap ယူပါ။

ကျွန်တော်သိသလောက် အိုင်းစတိုင်း၊ဒါဗင်ချီစတဲ့ပုဂ္ဂိုလ်ကြီး တွေဟာလည်း၊ နေ့ လည်ပိုင်းတစ်မှေးမှေးတတ်ကြတဲ့သူတွေပါတဲ့။ နေ့လည့်ပိုင်း မိနစ်သုံးဆယ်လောက်တစ်မှေးအိပ်ခြင်းက So good ပါ။

ညနေ ၃-နာရီကျော်သွားရင်တော့ မအိပ်သင့်တော့ပါ။ အခန့်မသင့်ရင်ညအိပ်မပျော်တာမျိုးဖြစ်တတ်လို့ပါ။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ် မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#naing_oo_119

#muscle_professor

#MFTA

#Myanmar_Fitness_Trainer_Academy

#FitMyanmarProject

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta