ကျသွားတဲ့ဝိတ်တွေပြန်မတက်အောင်ဘာလုပ်မလဲ? - MFTA

ကျသွားတဲ့ဝိတ်တွေပြန်မတက်အောင်ဘာလုပ်မလဲ?

ဒီပို့စ်ကို မစတင်ခင် အလွယ်ဆုံးနဲ့ အမြန်ဆုံးဝိတ်ကျမဲ့နည်းလမ်းပြောပြမယ် တရက်ကို ကယ်လိုရီ ၁၂၀၀-၁၅၀၀လောက်ပဲစား။ ကာဒီရိုများများလုပ် ဖြစ်နိုင်ရင် အဆီကျဆေးဆိုတဲ့ supplements လေးဘာညာသာရကာထည့်လိုက် ပထမတစ်လထဲမှာတင် ၁၀-ပေါင်ကနေ ပေါင်၂၀ အထိကျကိုကျစေရမယ်။ လွယ်လွယ်လေးပဲ။ ဒါဆို ဆရာတို့ Trainer တွေက ဘာလို့ ခက်အောင်လုပ်နေကြတာလဲ လို့ မေးရင် ဖြေမယ် ဆက်ဖတ် I mean ဆက်လက်ဖတ်ရှူပါ။

ဝိတ်ချထားသူတွေရဲ့ ၉၅% ဟာ ၃-နှစ်အတွင်းမှာ ယခင်ရှိခဲ့တဲ့ဝိတ်ထက်တောင် ပိုတက်လာတယ်လို့ သုတေသနတွေက တင်ပြထားကြပါပီ။ တကယ်တော့ ၆- လလောက်အတွင်းဝိတ်ပြန်တက်လာသူအများစုကိုတွေ့နေရပီဖြစ်ပါတယ်။ ဘာကြောင့်လဲ ?ကယ်လိုရီ အရမ်းဖြတ်လိုက်လို့ ၊ အရမ်းကို extreme လုပ်ပစ်ခဲ့လိုခန္ဓာကိုယ်က maintenance calories စားရင်တောင် ဝိတ်ကတက်နေတော့မှာဖြစ်တယ်။ ဒါဆိုကျသွားတဲ့ဝိတ်တွေမတက်အောင်ဘယ်လိုလုပ်မလဲ? ဝိတ်စချကတည်းက စနစ်ကျဖို့လိုတယ်ကယ်လိုရီတွေ ဝုန်းကနဲလျော့ပစ်လို့ မရဘူး။

လေ့ကျင့်ခန်း တွေကိုတဖြည်းဖြည်းချင်းပဲတိုးမယ်။ lifestyle ကိုဖြည်းဖြည်းချင်းပြောင်းရမယ်။ ဝိတ်ကျဖို့ အချိန်ယူကိုယူရမယ်။ မြန်ချင်ရင်လွဲနေသေးတယ်။ ဝိတ်ကိုတဖြည်းဖြည်းချသွားသလို Behavior ကိုလည်း step by step changeသွားရမယ်။ Diet ကို ကာလတခုစီ သတ်မှတ်ပီးBreak ယူရမယ်။ ဒါဆိုဝိတ်ကျဖို့ ကြာနိုင်တယ်ဒါပေမဲ့ ကျသွားတဲ့ဝိတ်တွေပြန်မတက်အောင်ထိန်းနိုင်တာ ၉၅% သေချာပီ။ ဒီတော့ဘယ်သူစိတ်ရှည်သလဲ????ရေရှည်အတွက်ရွေးချယ်မှုက သင့်လက်ထဲမှာပါ။ Make it or break it. The choice is yours.

Fitness Education အတွက်ရွေးချယ်ချင်တယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ သင်တန်း ၃-ခုကို အောက်ကလင့်ခ်မှာ ရွေးချယ်နိုင်ပါတယ်

Cpt https://www.facebook.com/…/a.88606…/4977324442294373/…

FNShttps://www.facebook.com/100022617764425/posts/1013227279441188/?d=n

FLShttps://www.facebook.com/100022617764425/posts/1013159042781345/?d=n

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#WeightManagementGuru#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach#ဝိတ်ချခြင်းအနုပညာ

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta