ကျန်းမာရေးအတွက်အိုမီဂါ(𝗢𝗺𝗲𝗴𝗮) - MFTA

ကျန်းမာရေးအတွက်အိုမီဂါ(𝗢𝗺𝗲𝗴𝗮)

ငါးကြီးဆီဟာ အစားအသောက် စားချင်စိတ်ကို လှုံ့ဆော်ပေးတဲ့ 𝗔𝗽𝗽𝗲𝘁𝗶𝗱𝗲 ကို မြင့်မားစေပါတယ်။အထူးသဖြင့် ငါးကြီးဆီဟာ အစာအိမ်ထဲ ရောက်တဲ့အခါ 𝗥𝗲𝗱 𝗖𝗼𝗿𝗽𝘂𝘀𝗰𝗹𝗲𝘀 လို့ခေါ်တဲ့ သွေးနီဥတွေကို များလာစေတယ် ။ အစားအသောက် စားချင်စိတ်ကို မြင့်မားစေပြီး ကိုယ်ခံအားကို တက်စေတယ်။သွေးခုန်နှုန်း သန်စွမ်းပြီး လူကလည်း ကျန်းမာသန်စွမ်းလို့ အာဟာရ ဓါတ်တွေ ပြည့်ဝစေမှာ ဖြစ်ပါတယ်။ အကယ်၍ ကိုယ်ဝန်ဆောင်သည်တွေ နဲ့ နို့တိုက်မိခင်တွေဟာ နေ့စဉ် စားသောက်နေတဲ့ အာဟာရ ဓာတ်တွေထဲမှာငါးကြီးဆီဓာတ် ကို ဖြည့်လိုက်မယ်ဆိုရင် ကလေးငယ်တွေရဲ့ ဦးနှောက်နဲ့ မျက်ကြည်လွှာကို ပိုမိုဖွံ့ဖြိုးလာစေတဲ့အပြင် ဥာဏ်ရည်ပိုင်းကိုလည်း တိုးတက် မြင့်မားစေပါတယ်။

ငါးကြီးဆီမှာပါဝင်တဲ့ ဗီတာမင်ဒီဟာ ကလေးငယ်တွေမှာ 𝗥𝗶𝗰𝗸𝗲𝘁 လို့ခေါ်တဲ့ ကလေးအရိုးပျော့ရောဂါ မဖြစ်အောင် ကာကွယ်တားဆီးနိုင်ပါတယ် ။ လေ့လာစမ်းသပ်မှုတစ်ခုအရ ငါးကြီးဆီပေးထားတဲ့ကလေး ၃၇ ယောက်ကို ၆ လလောက် ပေးကြည့်တဲ့အခါ ကလေးအရိုးပျော့ရောဂါ မဖြစ်အောင် ကာကွယ်နိုင်တဲ့ နှုန်းက ၉၂ % ရှိတာ တွေ့ရပါတယ်။ ရောဂါပိုးမွှားတွေကြောင့် ဖြစ်ပေါ်လာတဲ့ရောင်ရမ်း ခြင်းတွေကို ကာကွယ်ပေးနိုင်ပြီး အဆိပ်အတောက်တွေကို ခုခံ ပေးနိုင်ပါတယ် ။ကိုယ်ဝန်ဆောင်သည်တွေမှာ ငါးကြီးဆီသောက်သုံးမယ်ဆိုရင် အသက်လေးနှစ်အရွယ်မှာ ကလေးတွေရဲ့ 𝗜𝗤 လို့ ခေါ်တဲ့ ဥာဏ်ရည်တိုးတက်လာတာ တွေ့ရပါတယ်။ ကလေးငယ်တွေကိုလည်း ပေါင်ချိန် တိုးတက်စေပါတယ် ။

ဒါ့အပြင် လေ့လာစမ်းသပ်မှုတွေအရလည်း ကင်ဆာ၊ ဆီးချို သွေးချို၊ အရိုးကျိုးခြင်း၊ အရိုးနှင့် ကြွက်သားနာခြင်း၊ သွေးတွင်းအဆီ စတာတွေကိုပါ ကောင်းမွန်စေတယ်ဆိုတာ တွေ့ရပါတယ် ။ငါးကြီးဆီသည်စိတ်ကျန်းမာရေးအတွက် အထောက်အပံ့ ဖြစ်စေနိုင် ကြောင်း လေ့လာမှု သုတေသန ရလဒ်တစ်ခုတွင် ဖော်ပြခဲ့သည်။ ဩစတြေးလျတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးယိုယွင်းနေကြောင်း မှတ်ပုံတင် ထား သည့် လူနာပေါင်း(၈၁)ဦးကိုစမ်းသပ်ခဲ့ပြီးနောက် ယခုရလဒ်ကို ပညာရှင်များက ကြေညာခဲ့ခြင်းဖြစ်သည်။သုတေသီများက ဩစတြေးလျရှိ မြို့ကြီး(၈)ခုတွင် ပြုလုပ်ခဲ့သည့် လေ့လာမှုများအရငါးကြီးဆီသည် စိတ်ပိုင်း ဆိုင်ရာ ပြဿနာများအတွက်ကောင်းကျိုးပြုနိုင်ကြောင်း အတည်ပြုနိုင်ခဲ့ကြသည်။

ဖေဖော်ဝါရီလထုတ်𝗔𝗿𝗰𝗵𝗶𝘃𝗲𝘀 𝗢𝗳 𝗚𝗲𝗻𝗲𝗿𝗮𝗹 𝗣𝘀𝘆𝗰𝗵𝗶𝗮𝘁𝗿𝘆 ဆေးပညာဂျာနယ်တွင် ဖော်ပြချက် အရအသက်(၁၃)နှစ်မှ (၂၅)နှစ်ကြား လူနာ(၈၁)ဦး ကို ယခုစမ်းသပ်မှု အတွက် အကူအညီတောင်းခံ ခဲ့ကြောင်း သိရသည်။ ယင်းတို့သည် အလွန်အကျွံ အိပ်ခြင်း၊ အလွန်အကျွံအိပ်ရေးပျက်ခံခြင်း၊ အကြီးအကျယ် သံသယများတတ်ခြင်း၊ အလွယ်တကူအယုံလွယ်လွန်းခြင်း စသည်တို့ အပါအ၀င် မူမှန်မဟုတ်သော စိတ်အခြေအနေများပိုင်ဆိုင်ထားညပီး စိတ်ကျန်းမာရေး ပြဿနာများ ရှိနေကြောင်း အတည်ပြုခြင်းခံထား ရပြီးဖြစ်သည်။ ယင်းတို့အနက်မှ (၄၁)ဦးအား 𝗥𝗮𝗻𝗱𝗼𝗺 စနစ်ဖြင့် ရွေးထုတ်ပြီးနောက် တစ်နေ့လျင် ငါးကြီးဆီ (၄)လုံးစီ ဆရာ၀န်များက (၃)လဆက်တိုက်တိုက်ကျွေးခဲ့ကြသည်။ အခြားသော လူနာများကိုမူ ရိုးရိုးဆေးဝါးများသာသောက်သုံးစေခဲ့သည်။

ထို့နောက် တွင်တော့ လေ့လာမှုများပြုလုပ်ခဲ့ရာ ငါးကြီးဆီ ပုံမှန်သောက်သူများအနက် (၂)ဦးသာ စိတ် အခြေ အနေအလွန်ဆိုးရွားသည့် အနေအထားမျိုး ရောက်ရှိခဲ့ပြီး ကျန်အဖွဲ့တွင်မူ(၁၁)ဦးထိ အလွန်အကျွံ ဆိုးရွား သွားကြောင်း ဆရာ၀န်များကဖော်ထုတ်တွေ့ရှိခဲ့သည်။ တစ်နည်းအားဖြင့် သာမန်စိတ်ကုဆေးများ တိုက်ကျွေးသောအဖွဲ့မှ လူနာဦးရေ၏ (၂၈)ရာခိုင် နှုန်းမှာ အခြေအနေ ဆိုးသွားခဲ့ပြီးငါးကြီးဆီ နေ့စဉ်ကျွေးသော လူနာများ ထံမှမူ (၅)ရာခိုင်နှုန်းသာ အကြီးအကျယ်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်သွားခြင်းဟု ဆိုနိုင်သည်။

ပညာရှင်များကခန္ဓာကိုယ်အတွင်းရှိ အဆီအက်ဆစ်များ ပုံမှန်မထုတ်နိုင်အောင်တားဆီးခံရသည့်အခါ ဦးနှောက်ဆဲလ်များကို ထိခိုက်မိပြီး စိတ်ပိုင်းဆိုင်ရာဖောက်ပြန်မှုများ ပေါ်ပေါက်လာတတ်ကြောင်း ရှင်ပြခဲ့သည်။ သို့သော်လည်းငါးကြီးဆီတွင် ပါ၀င်သည့် 𝗢𝗺𝗲𝗴𝗮3 အဆီအက်ဆစ်ကြောင့် ထိုသို့သော အခြေအနေကိုပမာဏ အတော်များ များ ထိ ဟန့်တားနိုင်ခဲ့ခြင်းဟု ယူဆရကြောင်းဟားဗက်ဆေးကျောင်းမှ ဒေါက်တာဂျနက်ဝေါ့ဇ်နစ်ခ်ကဆိုသည်။ ထို့ကြောင့်လည်းဘေးထွက်ဆိုးကျိုး အလွန်နည်းပြီး ယခင်ကတည်း က လူသိများနေသည့် ငါးကြီးဆီကိုပုံမှန် စားသုံးသင့်ကြောင်း ဆရာ၀န်များက ထောက်ခံ ပြောဆိုထားသည်။

𝗠𝘆 𝗣𝗿𝗼𝘁𝗲𝗶𝗻 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 မှာယူလိုသူများ 𝗣𝗿𝗲𝗢𝗿𝗱𝗲𝗿 ဖွင့်ပါပြီ။အသေးစိတ်ကို အောက်ပါ 𝗹𝗶𝗻𝗸 တွင်လေ့လာမှာယူနိုင်ပါသည်

https://m.facebook.com/story.php…

𝗣𝗮𝗴𝗲မှာ မတင်ဖြစ်သည့် 𝗕𝗼𝗱𝘆𝗯𝘂𝗶𝗹𝗱𝗶𝗻𝗴& 𝗙𝗶𝘁𝗻𝗲𝘀𝘀 ဗဟုသုတ ဆောင်းပါးများနှင့် 𝗠𝘆𝗣𝗿𝗼𝘁𝗲𝗶𝗻 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 ကြေငြာများကို လေ့လာဖတ်ရူလိုပါကကျွန်တော့်အကောင့်ကို 𝗙𝗼𝗹𝗹𝗼𝘄 ထားနိုင်ပါသည်။

https://www.facebook.com/aung.aungoo.7798#အောင်အောင်_လှိုင်#Omega#FattyAcid#Supplements#appetide#Brain#Good

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta