ကျန်းမာရေးနဲ့ပါတ်သက်ပီး သိသင့်သမျှ - MFTA

ကျန်းမာရေးနဲ့ပါတ်သက်ပီး သိသင့်သမျှ

တစ်ကမ႓ာလုံး အတိုင်းအတာအရ ကျန်းမာရေး အသုံးစားရိတ်အားလုံးရဲ့ ၅၀% ဟာ မကျန်းမာဆုံးသောလူဦးရေ ၅%ကအသုံးပြုနေတာပါ။

ကျန်းမာသန်စွမ်းသော လူဦးရေ ၅၀% ဟာ ကျန်းမာရေးအသုံးစားရိတ် အားလုံးရဲ့ ၃% ပဲရှိပါတယ်။ ဒီတော့ ရောဂါကုသစားရိတ်ကိုခံနိုင်ရည် ရှိနေစေဦးတော့၊ ရောဂါတွေရဲ့ ဒါဏ်တွေကို ခံနိုင်ပါ့မလား? အကောင်းဆုံးကတော့ဗျာ၊ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတဲ့အတွက်

Lifestyle ကိုတတ်နိုင်သမျှပြုပြင်ကြစေလိုပါတယ်။ လေ့ကျင့်ခန်း လုပ်ကြပါခင်ဗျာ။

Ref: Peterson-kff, *How do health

Expenditures vary Across the population,2019.

လူအတော်များများထင်နေတာက၊ ကျန်းမာသန်စွမ်းမှုဆိုတာ six packs ထွက်နေမှ၊ ကြွက်သားတွေအပြိုငိးပြိုင်းထနေမှလို့ ထင်နေကြပေမဲ့ တကယ်တော့၊ နေထိုင်ကောင်းခြင်း စွမ်းအင်ပြည့်နေခြင်း၊ ရောဂါဖြစ်နိုင်ချေ risks နည်းပါးခြင်းနှင့်ထိုင်/ထ လှုပ်ရှားသွားလာရာတွင် ကောင်းမွန်ခြင်းတို့ ပဲဖြစ်ပါတယ်။

ဒီတော့ media ပေါ်က Trend ဖြစ်အောင်ပုံဖော်ထားတဲ့ strong and fit ဆိုတာနဲ့ ကျန်းမာရေး ပညာရှင်တွေသတ်မှတ်ထားတဲ့ Strong and fit ဆိုတဲ့ အဓိပါယ်ကို မရောထွေးပါစေနဲ့ ဗျာ။ physical health ရော Mental health ပါအရေးကြီးတာ သတိပြုပါ။

Stress တွေလျော့ချနိုင်မဲ့ နည်းလမ်းကောင်းများ

အိပ်ရေးဝဝအိပ်ပါ။

လေ့ကျင့်ခန်းလုပ်ပါ။

အသက်ဝဝရှုရှုပါ။

Digital ပစ္စည်းတွေ အသုံးပြုမှုလျော့ချပါ။

တရားထိုင်ပါ။

စာဖတ်ပါ။

နှစ်သစ်မှာ ကျန်းမာ/ချမ်းသာကြပါစေဗျာ။

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#ဝိတ်ချခြင်းအနုပညာ

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta