ကိုယ်အလေးချိန် အတက်အကျနှင့် Metabolism + ဝိတ်ချချိန် အလုပ်ဖြစ်တဲ့ ဒိုင်းယက်များအကြောင်း - MFTA

ကိုယ်အလေးချိန် အတက်အကျနှင့် Metabolism + ဝိတ်ချချိန် အလုပ်ဖြစ်တဲ့ ဒိုင်းယက်များအကြောင်း

ပထမဆုံး metabolism @ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုနှုန်းနဲ့ ပါတ်သက်ပီး၊ အတော်များများတင်ပြထားပီးဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျသွားရင် metabolic rate ကျသွားပါတယ်။

ဘာလို့လဲဆိုတော့၊ Metabolism ဆိုတာက ၂၄-နာရီအတွင်း သင့်ခန္ဓာကိုယ်က လောင်ကျွမ်းအသုံးပြုတဲ့ ကယ်လိုရီ ပမာဏပဲဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်အလေးချိန်ကျသွားရင် metabolic Rate ကျသွားမယ်။ ဝိတ်ချတဲ့သူတွေ နောက်ပိုင်းမှာဝိတ်အကျနှေးလာတဲ့ အဓိက အကြောင်းအရင်းက metabolism ကျပီး stress မြင့်လာလို့ပါ။

ကိုယ်အလေးချိန်တက်လာရင် metabolic rate ပါမြင့်လာမယ်။

(တက်လာတဲ့ကိုယ်အလေးချိန်မှာ ကြွက်သားပမာဏ တိုးလာရင်တော့အတိုင်းထက် အလွန်ပေါ့ဗျာ)

လိုတိုရှင်းလေးပြောရရင်၊ ရေရှည်ဝိတ်ကျဖို့ဆိုရင် Metabolic rate ကျမသွားအောင်ထိန်းရပါမယ်။

ဘယ်လိုထိန်းမလဲ?

1️⃣ ဝိတ်စချချခြင်းမှာ ကယ်လိုရီ အရမ်းမလျော့ပါနဲ့။

2️⃣ လေ့ကျင့်ခန်းတွေ အရမ်းမတိုးပါနဲ့။

3️⃣ ပရိုတိန်းတိုးစားပါ။

4️⃣ resistance training တွေကစားပါ။

ဒါဆို ok မှာပါဗျ။

ဝိတ်ချရင် ဘယ်ဒိုင်းယက်ပုံစံတွေက အလုပ်ဖြစ်သလဲ?

1️⃣ ကီတိုဒိုင်းယက် 2️⃣ IF 3️⃣ carb cycling

4️⃣ Atkin diet 5️⃣ zone diet ဘာဒိုင်းယက်/ညာဒိုင်းယက် ကြိုက်တဲ့ဒိုင်းယက်လာပါ။

သင်သတိပြုရမှာက၊

Calorie deficit တနေ့တာလိုအပ်တဲ့ကယ်လိုရီထက် စနစ်တကျ လျော့ထားတာဖြစ်ရပါမယ်။

Macronutrients ratio က balance ဖြစ်လေကောင်းလေပါပဲ။

ဒီဆောင်းပါးလေးကို မျှဝေရတဲ့ရည်ရွယ်ချက်က၊ အဆီချချင်လို့ အကြံဉာဏ်တောင်းနေကြတဲ့မိတ်ဆွေတွေရယ်၊ ဒိုင်းယက်ပေါင်း သောင်းခြောက်ထောင်နဲ့ ရွာလည်နေတဲ့ မိတ်ဆွေတွေအတွက် လိုတိုရှင်း ထိမိစွာ မျှဝေခြင်းဖြစ်ပါတယ်။

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta