ကိုယ်အလေးချိန်နှင့် ကျန်းမာရေး - MFTA

ကိုယ်အလေးချိန်နှင့် ကျန်းမာရေး

လူအတော်များများက ကိုယ်အလေးချိန်ကိုကြည့်ပီး အဲ့လူရဲ့ ကျန်းမာရေးကို ခန့်မှန်းတတ်ကြတယ်။ ဒါပေမဲ့ အဲ့ဒါက % မမှန်ပါဘူး။ အခြားသောထည့်သွင်းစဉ်းစား စရာတွေ အများကြီးရှိနေပါတယ်။

လူတယောက်ချင်းစီ အလိုက်မတူညီသော ခန္ဓာကိုယ် တည်ဆောက်ပုံ(body composition)များအရ ကျန်းမာရေးအပေါ် သက်ရောက်ပုံတွေဟာလည်းမတူညီနိုင်ပါဘူး။

တချို့ လူတွေက BMI (not BMR) အရ ကျန်းမာသောကိုယ်အလေးချိန်မှာ ရှိနေပေမဲ့ ကျွန်တော်ကတော့ သူတို့ ကို skinny fat တွေလို့ ခေါ်ပါတယ်။BMI အရ ကောင်းမွန်တဲ့ ကိုယ်အလေးချိန်ရှိနေပေမဲ့သူတို့ မှာ အောက်ဖော်ပြပါ ပြသနာတွေရှိနေနိုင်ပါတယ်။

Insulin resistance

Low HDL

High Triglycerides

High Blood pressure စတဲ့ ပြသနာတွေရှိနိုင်ပါတယ်။ဒါကြောင့် သူတို့ ကို Metabolically Unhealthy Normal Weight လို့ ခေါ်ပါတယ်။

အထက်ပါလက္ခဏာတွေ တခုမှ မရှိဘဲ BMI အရတော့ ကိုယ်အလေးချိန်များနေရင်တော့ ကျန်းမာသောဝက် ကြီးလို့ ခေါ်မှာလား

ဒါကြောင့် လူတယောက်ရဲ့ ကျန်းမာရေးကို သူ့ ကိုယ်အလေးချိန် တခုတည်းနဲ့ အကဲမဖြတ်နိုင်ပါဘူး

ဒါဆိုဘယ်လိုဆုံးဖြတ် ကြမှာလည်း?

အနီးစပ်ဆုံးရှင်းပြရမယ်ဆိုရင် လူတယောက်နဲ့ တယောက် ခန္ဓာကိုယ်တွင်း အဆီသိုလှောင်ပုံခြင်းလုံးဝမတူလို့ ပါပဲ။

Subcutaneous Fat (အရေပြားအောက်တွင်သိုလှောင်သောအဆီ) များသည် အဆီဆဲလ်များကိုပိုမို ပေါက်ပွားစေသော နည်းဖြင့် သိုလှောင်သည်။

Visceral Fat (ကိုယ်တွင်း အင်္ဂါများ၏ ပါတ်လည်တွင်ရှိသော အဆီ) များကတော့ ၎င်းတို့ ၏ပမာဏကို ပိုမိုကြီးထွားစေပီး ဆဲလ်များကို ဝန်ပိစေကာ Inflammations ပိုမိုဖြစ်စေပါသည်။

ထိုကြောင့် အချို့ သော သူများသည် ကိုယ်အလေးချိန်အများကြီးတက် မလာသော်လည်း ၎င်းတို့ တက်သမျှသော အလေးချိန်သည် Visceral fat ချည်းပဲ ဖြစ်နေပါက ကိုယ်အလေးချိန် မများသော်လည်း ကျန်းမာရေး ချို့ တဲ့စေသည့် နောက်ကွယ်က အကြောင်းတရား ဖြစ်ပါသည်။

Genetic သည် အဓိကဇာတ်ကောင် နေရာမှ ချယ်လှယ်နေသော်လည်း Life style ရဲ့ သက်ရောက်မှုကိုလည်း လျော့တွက်၍ မရပါ။

ထို့ ကြောင့် ကိုယ်အလေးချိန် များတိုင်း မကျန်းမာဟူ၍ မပြောနိုင်သလို ကိုယ်အလေးချိန်နည်းတိုင်းလည်း ကျန်းမာသည် ဟူ၍လှေနံဒါးထစ် သတ်မှတ်၍ မရပါကြောင်း

Subcutaneous Fat ကိုပဲ မဲမနေဘဲ visceral Fat ကိုပါ အာရုံစိုက်သင့်ပါကြောင်း

အဆီချမည် ဆိုလျင် Life style ကိုပါ changeသင့်ပါကြောင်း—–

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#FitMyanmarProject#MakeMyanmarFit#obesity#obesityepidemic#metabolichealth#metabolism#diabetes#research#genetic#nutrition#bodycomposition#visceralfat#bodyfat#subcutaneous#highbloodpressure#triglycerides#cholestrol#inflammation

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta