𝗠𝗿 𝗢𝗹𝘆𝗺𝗽𝗶𝗮 𝗦𝗲𝗿𝗴𝗶𝗼 𝗢𝗹𝗶𝘃𝗮 - MFTA

𝗠𝗿 𝗢𝗹𝘆𝗺𝗽𝗶𝗮 𝗦𝗲𝗿𝗴𝗶𝗼 𝗢𝗹𝗶𝘃𝗮

၁၉၆၀ ပြည့်လွန် နှစ်များဆီက ကမ္ဘာ့ ကာယ ဗလလောကမှာ မောင် ဒဏ္ကရီ လူသားရယ် လို့ တင်စားခေါ်ဝေါ် ရ လောက်သည့် မြင်ရသူ ရင်ထဲမှာ အံ့သြသွားလောက် ရအောင် ခန္ဓာကိုယ် အချိုးအစား အင်မတန် ပြေပျစ် လှပပြီး ခေါမ ကျောက်ဆစ် ရုပ်တစ်ခု ထုဆစ် ထားသည့် အလား လှပကြံ့ခိုင် သည့် လူသားတစ်ဦး ပေါ်ထွက်ခဲ့သည်။

ကျူးဘားနိုင်ငံဖွား လူမည်း ကာယဗလ တစ်ဦး အဖြစ်လည်း ကမ္ဘာ့ ကာယဗလ လောကမှာ ထင်ရှားခဲ့သူ တစ်ဦးဖြစ်သည့် ၁၉၆၇ မှ ၁၉၆၉ ခုနှစ်အထိ မောင်အိုလံပီယာ ဆုတံဆိပ်ကို ပထမဦးဆုံး (၃)နှစ် ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သော မောင်တစ်ဦးဆာဂျီယို အိုလီဗာသည် ၂၀၁၂ခုနှစ် နို၀င်ဘာ ၁၂ ရက်နေ့က ကျောက်ကပ် အကြိတ်တည် ရောဂါဖြင့် အသက်(၇၁)နှစ် အရွယ်မှာ ကွယ်လွန် ခဲ့ပါပြီ။ ဆာဂျီယို ဟာ ၁၉၆၀ ပြည့်လွန် နှစ်များဆီက ကမ္ဘာ့ ကာယဗလ လောကမှာ ပြိုင်ဘက် အချင်းချင်း အများဆုံး ဂရုစိုက် စောင့်ကြည့််ခြင်း ခံရတဲ့ မောင်တစ်ဦးပါ။ တစ်ချို့ ဆိုရင် ဆာဂျီယို ပြိုင်တဲ့ ပွဲကို ရှောင်ပြေး ကြပါတယ်။ ပထမဆုကို မရမှာ စိုးလို့ ဘေးရှောင်တဲ့ သဘောပေါ့။ ဆာဂျီယိုဟာ ကာယဗလ အားကစား သမားတစ်ဦး မဖြစ်ခင်က အလေးမ ချန်ပီယံ ဆုတွေလည်း ရရှိခဲ့ဖူး ပါတယ်။

၁၉၆၂ ခုနှစ်မှာ ကမ္ဘာ့ အလေးမ ပြိုင်ပွဲမှာ ဒုတိယ ဆု လည်း ရရှိခဲ့သည်။ကျူးဘားနိုင်ငံ သမ္မတ ကက်စထရို၏ ကွန်မြူနစ် ဝါဒကို မကြိုက်သဖြင့် အမေရိကန် နိုင်ငံသို့ နိုင်ငံရေး ခိုလှုံခွင့်ဖြင့် ၁၉၆၃ ခုနှစ်တွင် ပြောင်းရွှေ့ ခဲ့ပြီး ချီကာကို မြို့တွင် အခြေချ နေထိုင်ကာ ကာယဗလ အားကစား အတွက် လေ့ကျင့်ခန်း များကို တစိုက် မတ်မတ် လေ့ကျင့်ပြီး အပျော်တမ်း ကာယဗလ ပြိုင်ပွဲ များသာမက ဆုကြေးစား ပြိုင်ပွဲများတွင် ပါ အောင်မြင်မှု များစွာ ရရှိကာ မောင်ကမ္ဘာ ၊ မောင်စကြ၀ဠာ ၊ မောင်အိုလံပတ်စ် အစရှိသည့် အဆင်မြင့် ကာယဗလ ဆုတံဆိပ်များ ရရှိပြီး ၁၉၆၇ ခုနှစ်မှာ တော့ သူဘ၀ အတွက် အလိုချင်ဆုံးဖြစ်သည့် ကမ္ဘာ့ ကာယဗလ လောကရဲ့ ဘုရင် ဘွဲ့ကို ဆိုနိုင်လောက် တဲ့ မောင်အိုလံပီယာ ဆုကို ဒိုင် အားလုံးရဲ့ အမှတ်အပြတ် အသတ်နဲ့ ပထမဆု ကို ထိုက်ထိုက် တန်တန် ရရှိခဲ့ပြီး ၁၉၆၉ ခုနှစ်အထိ ထိပ်ဆုံးမှာ ရပ်တည်နိုင် ခဲ့တယ်။

အသက်အရွယ် ရလာသည့့်တိုင် ၁၉၈၀ ပြည့်လွန် နှစ်များအထိ လူငယ်တွေကြားမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး သူနှင့် ခေတ်ပြိုင်လို့ ပြောရလောက် တဲ့ အသက်(၆) နှစ်ခန့် ငယ်ပေ မယ့် အဲဒီအချိန်အခါက သြစတြေး လျ ၀က်သစ်ချပင် လို့ ခေါ်ဝေါ်ကြတဲ့ လူငယ် ကာယဗလ သမား အာနိုး က အခု အခါ မှာတော့ ဆာဂျီယို ကွယ်လွန် သွားတဲ့အပေါ် Twitter မှာ အမှတ်တရ ပြောကြားထား တာကတော့“ကျွန်တော်ဟာ လူငယ်ကာယဗလ မောင်တွေ ကြားမှာ အဲဒီအချိန် အခါက ကိုယ့်ကိုကိုယ် အကောင်ဆုံး လို့ ထင်ထားမိတာ အလွန်ကို မှားခဲ့ပါတယ်။ သူများပြော စကားတွေနဲ့ ဆာဂျီယိုကို မမြင်ခင် ကတည်းက ကျွန်တော် စိတ်၀င် စားခဲ့တာပါ။ ဘာလို့လဲဆိုတော့ အဲဒီအချိန်က ကျွန်တော်အ တွက် ပြိုင်ဘက်ကောင်း ဆိုလို့ သူ့တစ်ယောက် ကိုပဲ အနိုင်ယူဖို့ ကျန်တော့လို့ပါ။ အဲဒီအ တွက်ကြောင့်လည်း ၁၉၆၉ ခုနှစ်မှာ ကျွန်တော် ပထမဦးဆုံး မောင်အိုလံ ပီယာ ပြိုင်ပွဲကို ၀င်နွဲခဲ့တယ်။

တကယ် စင်မြင်ပေါ်‌ရောက် မှ ပထမဦးဆုံး အကြိမ် ဆာဂျီယို ကို မြင်လိုက် ရတော့ အသက်ရှု မှားလောက်အောင် ဖြစ်ခဲ့ရပါတယ်။ ဘယ်လိုမှ ကျွန်တော် မယှဉ်နိုင်တဲ့ မောင် တစ်ယောက်နဲ့ ထိပ်တိုက် တိုးခဲ့ရတဲ့ ညတစ်ညပါ။ မောင်ဒဏ္ကရီ လူသားရယ်လို့ ဒါကြောင့် ခေါ်ကြတယ် ဆိုတာ ကျွန်တော် ယုံလိုက် ပါတယ်။ ကျွန်တော် ဒုတိယ တော့ ရခဲ့ပါတယ်။ နောက်နှစ်မှာ ကျွန်တော် သူ့ကို အနိုင်ယူ ချင်တဲ့ စိတ်နဲ့ အမေရီကန် နိုငငံမှာ တစ်နှစ် ဆက်နေပြီး အပြင်း အထန် ကြိုးစားကာ ၁၉၇၀ မောင် အိုလံပီယာ စင်မြင့် ထက်မှာ သူ့ကို အနိုင်ယူ ခဲ့ပါတယ် ဒါပေမယ့် တစ်ကယ့်ကို အကြိတ်အနယ် ပွတ်ကာ သီကာ နဲ့ အနိုင်ယူနိုင်ခဲ့ တာပါ။.တကယ်ကောင်း တဲ့ မောင်အိုလံပီယာ တစ်ယောက် ဖြစ်သလို သူငယ်ချင်း အစ်ကိုကောင်း တစ်ယောက် ဆိုရင်လည်း မမှားပါဘူး။

ယနေ့ အချိန်ထိ အမှတ် ရရှိနေကြတဲ့ ဂန္တ၀င်မောင်တွေ ထဲမှာ တစ်ယောက် အပါအ၀င်ပါ။ ကျွှန်တော် လေးစားအား ကျခဲ့ရတဲ့ မောင်တွေ ထဲမှာလည်း တစ်ဦး အပါအ၀င်ပါ။”သူကွယ်လွန် သွားတဲ့ အပေါ် တစ်ကမ္ဘာ လုံးက ကာယဗလ ဝါသနာအိုးတွေ က ဆုတောင်း သံတွေ အမှတ်တရ စကားသံတွေ ပေးကြတဲ့ အထဲမှာ ချန်ပီယံ တို့ရဲ့ ဖခင်ကြီး သက်တော်ရှည် ဂျိုးဝီဒါကပြော ကြားထားတာက ‘’ တစ်နေ့ ကျွှန်တော်နဲ့ ဆာဂျီယို တို့ ချီကာဂိုမြို့မှာ တွေ့ခဲ့ကြပြီး သူ့ကို ကျွန်တော် နဲ့ အတူ စားသောက် ရအောင်ဆိုပြီး ဖိတ်လိုက်တယ် ။ စားသောက်ဆိုင် ကလည်း အရမ်းခေတ် ဆန်တယ်ဗျာ ။ အဲဒီဆိုင်မှာ စားရင် ရှပ်အင်္ကျီတို့ နက်ကတိုင် တို့နဲ့ သပ်သပ် ရပ်ရပ် လာစားမှ ခွင့်ပြုတဲ့ ဆိုင်ဗျ။ ဖြစ်ချင်တော့ ဆာဂျီယိုကလည်း ပြိုင်ပွဲက ဆုယူပြီး အပြန် ၀တ်စားလာ တာကလည်း ကပိုကရို သူရလာတဲ့ ကာယဗလ ဆုတံဆိပ်ကြီး လည်ပင်းမှာ ဆွဲလို့။ ကျွန်တော် ကတော့ ဆိုင်ထဲက မောင်းထုတ် ခံရပြီမှတ်တာ။ ဒါပေမယ့် သူ့ကို မောင်းထုတ် ဖို့နေနေသာသာ တစ်ဆိုင်လုံး က ငေးကြည့်ရလောက်အောင် အင်မတန် လက်ဖျား ခါလောက်တဲ့ ဘုရားပေး တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင် ထားခဲ့သူ အဲဒီ အချိန်က ဆာဂျီယို ဟာ ကမ္ဘာ့ အကောင်း ဆုံးတွေထဲက အကောင်းဆုံး မောင်တစ်ယောက်ပါ “ လို့ အမှတ်တရ ပြော ကြားထား ခဲ့ပါတယ်။ဆာဂျီယို ကွယ်လွန်မှု ဟာ ကျောက်ကပ် ပျက်စီးမှုနဲ့ ကွယ်လွန် တယ်လို့လည်း တစ်ချို့က ပြောကြ ပါတယ်။ ဘယ်လိုနည်းနဲ့ပဲ သေသေ တစ်နေ့တော့ ဒီလမ်းကို သွားကြရမှာ ကျွန်တော် တို့လည်း ကောင်းသောသွားခြင်းနဲ့သာ သွားပြီး ဆာဂျီယို ကဲ့သို့ အများရင်ထဲမှာ စွဲကျန်ရ လောက် မဲ့ လူသေသော်လည်း နာမည် မသေနိုင်တဲ့ လူ ထဲက လူကောင်း တစ်ယောက်ဖြစ်ဖို့ ကြိုးစားလို့ ရ သလောက်ကြိုးစားကြပါစို့။

𝗣𝗮𝗴𝗲မှာမတင်ဖြစ်သည့် 𝗕𝗼𝗱𝘆𝗯𝘂𝗶𝗹𝗱𝗶𝗻𝗴 & 𝗙𝗶𝘁𝗻𝗲𝘀𝘀 ဗဟုသုတဆောင်းပါးများနှင့် 𝗠𝘆 𝗣𝗿𝗼𝘁𝗲𝗶𝗻 𝗚𝘆𝗺 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 ကြေငြာများကို လေ့လာ ဖတ်ရူလိုပါက ကျွန်တော့်အကောင့်ကို 𝗙𝗼𝗹𝗹𝗼𝘄 ထားနိုင်ပါသည်။

https://www.facebook.com/aung.aungoo.7798#အောင်အောင်_လှိုင်#shoulders#triceps#chest#abs#back#muscle#shredded#gym#gymlife#oldschoolbodybuilding#mrolympia#fitness#bodybuilder#bodybuilding#workout#training#gymtime#gains#keepfit#goldsgym#rare#ifbbpro#ripped

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta