𝗟𝗼𝘂 𝗙𝗲𝗿𝗿𝗶𝗴𝗻𝗼 - MFTA

𝗟𝗼𝘂 𝗙𝗲𝗿𝗿𝗶𝗴𝗻𝗼

1970 ကျော်ကာလ Mr Olympia ပွဲတွေမှာ ခန္ဓာကိုယ်ထုထည်အကြီးဆုံး အရပ်အမောင်းအမြင့်ဆုံးနှင့် စင်မြင့်ပေါ်မှာနေရာယူထားတဲ့ မောင်ကိုပြပါဆိုရင်..လူဖာရစ်နိုလ် ကလွဲပြီး တစ်ခြားသူ မရှိသလောက်ပင်။၁၉၆၉ ခုနှစ်ကတည်းက ကာယဗလနယ်ပယ်မှာ ပြိုင်ပွဲတွေဝင်ရောက်ယှဥ်ပြိုင်ပြီး ပထမဆုများသာမက ထိပ်ဆုံး၅ဦးအထိ အမြဲတမ်းဝင်ခဲ့သည် နာမည်ကျော်မောင်တစ်ဦးဖြစ်သည်။အရပ်အမြင့် ၆ပေ ၅လက်မကို ကြွက်သားထုထည် အပြည့်နှင့်မို့အာနိုးပင် လူဖာရစ်နိုလ် နှင့်ယှဥ်လိုက်ရင် သေးသွားသလိုထင်ရသည်။

အာနိုးပြီးရင် အကောင်းဆုံးရင်အုပ်ကြွက်သားပိုင်ဆိုင်သူလို့ ဂျိုးဝီဒါလ် ကပင် မှတ်ချက်ပြုခဲ့သည်။သူ့ခေတ်သူ့အခါက BodyWeight အများဆုံးဖြင့် ဝင်ပြိုင်သည့်မောင်တစ်ဦးဖြစ်သည်။ BodyWeight 295 lb နှင့် 315lb ကြားရှိသည်။အသက် ၂၀ကျော်အရွယ် ၁၉၇၀ ကျော်ကာလများဆီမှာ နာမည်ကျော်မောင်တစ်ဦးအဖြစ်ရပ်တည်ခဲ့ပြီး ၁၉၇၅ ထိ အိုလံပီယာစင်မြင်ပေါ်တွင် အကြိတ် အနယ် ယှဥ်ပြိုင်ခဲ့သည်။

၁၉၇၅ ပြိုင်ပွဲပြီးကတည်း က ၁၇နှစ်တိုင်တိုင် အနားယူပြီးမှ ၁၉၉၂ မှာ Olympia စင်မြင့်ပေါ်ကို တစ်ကျော့ပြန် ဝင်ရောက်လာခဲ့သည်။ အင်္ဂလန် နိုင်ငံသား ဒိုရီယန်ရိတ် အိုလံပီယာ မောင်လောင်းအသစ်အဖြစ် ပေါ်ထွန်းမည့်နှစ်ဖြစ်သည်။ ထိုနှစ် Olympia ပွဲကို BodyWeight 315lb အဖြစ် စင်ပေါ်တက်လာသည့် လူဖာရစ်နိုလ် တစ်ယောက်စင်ပေါ်မှာ ထိုခေတ်အခါက ထွားထွားကားကားလို့ လူတကာကနာမည်ပေးထားတဲ့ ပေါလ်ဒီလေး ထက်ပင် ပိုပြီးကြီးမားနေသည်။

ဒိုရီယန်ဆိုရင် လူကြီးတစ်ယောက်ဘေးနား ရပ်နေသည့် ကလေးငယ်တစ်ယောက်ပမာ ဖြစ်နေသည်။ထိုပွဲမှာ လူဖာရစ်နိုလ် တစ်ယောက် နံပတ် ၁၂ ချိတ်သည်။ ဒါတင်မပြီးသေး ၁၉၉၃ မှာလည်း လူငယ်တွေအကြား အကြိတ်အနယ် ဝင်ရောက်ယှဥ်ပြိုင်ပြီး နံပတ် ၁၀ကို ချိတ်ပြခဲ့သည်။ ၁၉၉၄မှာတော့ သက်ကြီး မောင်အိုလံပီယာကို ဝင်ရောက်ယှဥ်ပြိုင်ပြီး နံပတ် ၂ ချိတ်ခဲ့သည်။ ယခုဆိုရင်တော့ လူဖာရစ်နိုလ်သည်လည်း အသက်၇၀ ပြည့်ခဲ့လေပြီ။ယနေ့တိုင် ကျန်းကျန်းမာမာနှင့် ရှိနေဆဲပါ။

#အောင်အောင်_လှိုင်#louferrigno#MrOlympia#Contest#bodybuilding#Chest#Best#BodyWeight#mass#Muscle

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta