𝗛𝗲𝗮𝗿𝘁 𝗛𝗲𝗮𝘁𝗹𝗵 & 𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲 - MFTA

𝗛𝗲𝗮𝗿𝘁 𝗛𝗲𝗮𝘁𝗹𝗵 & 𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲

အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်းရဲ့လေ့လာမှုအရနှလုံးရောဂါဟာအမေရိကန်နိုင်ငံမှာသေဆုံးမှုနှုန်းအများဆုံးအကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။နှလုံးရောဂါဖြစ်စေတဲ့အကြောင်း ရင်းတွေထဲမှာလှုပ်ရှားမှုနည်းတဲ့နေထိုင်မှုပုံစံလည်းပါဝင်နေပါတယ်။ဒါကြောင့်နှလုံးရောဂါအန္တရာယ်မှကာကွယ်နိုင်အောင်လေ့ကျင့်ခန်းလုပ်ပေးသင့်တာဖြစ်ပါတယ်။လေ့ကျင့်ခန်းလုပ်တာကြောင့်ဘယ်လိုအကျိုး ကျေးဇူးတွေရရှိပြီးနှလုံးရောဂါကိုကာကွယ်မှုပေးနိုင်တယ်ဆိုတာသိစေဖို့အကြံပြု လိုက်ပါတယ်။

(1) သွေးလွှတ်ကြောပွင့်စေခြင်း သွေးလွှတ်ကြောတွေကခန္တာကိုယ်တစ်ခုလုံးအနှံ့ပို့ဆောင်နေတဲ့သွေးတွေအတွက်လမ်း ကြောင်းတွေပါပဲ။သွေးလွှတ်ကြောတွေကကျုံ့နိုင်၊ဆန့်နိုင်စွမ်းရှိပါတယ်။သွေးတွေဝင်လာတဲ့အချိန်မှာသွေးကြောတွေကကျယ်သွားပြီးထွက်သွားချိန်မှာအနားရပါတယ်။သွေးလွှတ်ကြောတွေမှာသွေး ခဲဖတ်တွေပိတ်ဆို့နေရင်သွေးသွားလာမှုကကျဉ်းသွားတာကြောင့်သွေးနဲ့အောက်ဆီဂျင်လည်ပတ်မှုနည်းသွားပါတယ်။အဲဒီအခါသွေးကြောကျဉ်းပြီးသွေးလှည့် ပတ်မှုမကောင်းတော့ပါဘူး။လေ့ကျင့်ခန်းလုပ်ပေးရင်နှလုံးကြွက်သားကသန်စွမ်းလာပြီးနှလုံးကနေခန္ဓာကိုယ်ဆီကိုသွေးနဲ့အောက်ဆီဂျင်အလုံအ လောက်ရောက်ရှိပါလိမ့်မယ်။

(2) ဆံခြည်မျှင်သွေးကြောအရေအတွက်များစေခြင်း ဆံခြည်မျှင်သွေးကြောတွေဟာသွေးလွှတ်ကြောနဲ့သွေးပြန်ကြောတွေကသွေးတွေကိုသယ်ဆောင်ပြီးခန္ဓာကိုယ်အနှံ့ကိုသွေးတွေဖြန့်ဝေခဲ့ပါတယ်။ပုံမှန်လေ့ကျင့်ခန်းကိုလုပ်ဆောင်တာကြောင့်ခန္ဓာကိုယ်ထဲကဆံခြည်မျှင်သွေးကြောတွေရဲ့အရေအတွက်တိုးလာစေပါတယ်။ဆံခြည်မျှင်သွေး ကြောတွေများလေလေနှလုံးဟာခန္ဓာကိုယ်အနှံ့သွေးပို့ဆောင်ဖို့အလုပ်ပြင်းပြင်းထန်ထန်လုပ်စရာမလိုတော့လေလေပါပဲ။

(3) ကိုယ်အလေးချိန်ကိုပုံမှန်ဖြစ်နေအောင်ထိန်းနိုင်ခြင်း ကိုယ်အလေးချိန်များတာကနှလုံးရောဂါဖြစ်စေတဲ့အဓိကအန္တရာယ်တစ်ခုဖြစ်ပါတယ်။အ၀လွန်တဲ့သူတွေကသွေးတွင်းမကောင်းတဲ့အဆီကိုမြှင့်တက်စေလို့ပါ။သွေးတွင်းမကောင်းတဲ့အဆီမြင့်တက်တာကနှလုံးရောဂါဖြစ်နိုင်ခြေများပါတယ်။လမ်းခပ် သွက်သွက်လျှောက်တာ၊ပြေးတာ၊ရေကူး တာနဲ့စက်ဘီးစီးတာတွေလိုလေ့ကျင့်ခန်းတွေကကယ်လိုရီကိုလောင်ကျွမ်းစေနိုင်ပါတယ်။ကိုယ်အလေးချိန်လျော့ကျဖို့အတွက်စားသုံးရယူတဲ့ကယ်လိုရီထက်ပိုပြီးကယ်လိုရီလောင်ကျွမ်းဖို့အရေးကြီးပါတယ်။

(4) သွေးဖိအားလျော့ကျခြင်း သွေးပေါင်တက်တာကနှလုံးဟာလိုအပ်တာထက်ပိုပြီးပြင်းပြင်းထန်ထန်အလုပ်လုပ်နေရ ကြောင်းဖော်ပြရာရောက်ပါတယ်။နှလုံးအပေါ်ဖိအားအပိုသက်ရောက်တာကပြင်းထန်တဲ့အန္တရာယ် တွေကိုဖြစ်စေနိုင်ပါတယ်။နှလုံးဟာလည်းကြွက်သားတစ်ခုပဲဖြစ်တာကြောင့်ခန္ဓာကိုယ်ကတခြား ကြွက်သားတွေလိုပဲလေ့ကျင့်ခန်းလုပ်ပေးမှသန်စွမ်းမှုရှိမှာဖြစ်ပါတယ်။နှလုံးကသန်စွမ်းကျန်းမာမှ သာသွေးတွေကိုပိုမိုညှစ်ထုတ်နိုင်မှာပါ။တချို့လူနာတွေကလေ့ကျင့် ခန်းပုံမှန်းလုပ်တာကြောင့်ဆေးသောက်စရာမလိုဘဲသွေးဖိအားလျှော့ချနိုင်ပါတယ်။

(5) သွေးတွင်းကိုလက်စထရောလျော့ကျခြင်း လေ့ကျင့်ခန်းလုပ်တာဟာသွေးထဲကအဆီတွေကိုဖယ်ရှားပေးတဲ့အင်ဇိုင်းတွေရဲ့လုပ် ဆောင်မှုကိုကောင်းမွန်စေကြောင်းတက်ဆက်နှလုံးတက္ကသိုလ်မှလေ့လာသူတွေကယုံကြည်ကြပါတယ်။အသည်းဆီကိုဒီအင်ဇိုင်းတွေပို့ပေးကာအဆီတွေကိုကောင်း ကောင်းချေဖျက်ပေးပါတယ်။

#အောင်အောင်_လှိုင်#Heart#Health#Exercise#digestive#cardiovascular#aerobics#anaerobic#enzyme#bloodpressure#weight#obesity

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta