𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲 & 𝗕𝗼𝗻𝗲 𝗛𝗲𝗮𝗹𝘁𝗵 - MFTA

𝗘𝘅𝗲𝗿𝗰𝗶𝘀𝗲 & 𝗕𝗼𝗻𝗲 𝗛𝗲𝗮𝗹𝘁𝗵

ငယ်ရွယ်သူတွေမှာတော့ အရိုးကျိုးမှာကြောက်စိတ်မရှိတတ်ကြသလောက်ပါပဲ။ ကြမ်းကြမ်းတမ်း တမ်း အားကစားနည်းတွေထဲကဘောလုံးကန်မလား၊ နပန်းသတ်မလား၊ ကရာတေး၊ ဂျူဒိုကစားမလား၊ ငယ်ရွယ်သူတွေမှာ အရိုးအက်သွားတယ်၊ အရိုးကျိုးသွားတယ်ဆိုတာ ဖြစ်ခဲပါတယ်။ ငယ်ရွယ်သူတို့ အရိုးက မာတာကိုး။ ဒါပေမယ့် အသက်လေးရလာတဲ့အခါကျတော့ လူရဲ့အရိုးတွေဟာ အရိုးထုလျော့လာတတ် တယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိရင်လည်း အရိုးထုလျော့လာတတ်တယ်။ အာဟာရချို့တဲ့ရင်လည်း အရိုးထု လျော့လာတတ်တယ်။အရိုးထု လျော့လာခြင်းဟာ မျိုးရိုးဗီဇနဲ့ ဟိုမုန်းဓာတ်တွေအပေါ်တည်တဲ့အပြင် အာဟာရပြောင်းလဲ မှုပေါ်မှာလည်း မူတည်ပါတယ်။ ဒါပေမယ့် အလေးနဲ့ အလေး​ဖြင့်လေ့ကျင့်ခြင်းဟာ အထူးသဖြင့် လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေရဲ့ အရိုးတွေကို ကျစ်လျစ်သန်စွမ်းပြီး ကျန်းမာစေရေးကို အထောက်အကူပေး ပါလိမ့်မယ်။

အမောခံနိုင်ရည် ပြည့်အောင် အလေးပေါ့ပေါ့နဲ့ အကြိမ်များများအဲရိုးဗစ်အလေးကစားနည်းနဲ့ လေ့ကျင့်မယ်ဆိုရင် အရိုးအဆစ်ကိုက်တဲ့ရောဂါ (Arthritis) လည်ပင်း ကြီးပေါင်းတက်တဲ့ရောဂါ (Spondylosis) တို့ကို သက်သာစေအောင် အကူအညီ ပေးနိုင်ပါလိမ့်မယ်။ အဲဒီလိုကစားခြင်းကြောင့် အဆစ်ဆက်တွေကြားကို သွေးရောက်အောင်လည်ပတ်ပြီး အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို ပို့ပေး နိုင်ပါလိမ့်မယ်။အဆီလည်းကျ ဝိတ် ထိန်းချင်သူတွေအတွက် အဲရိုးဗစ်လေ့ကျင့်ခန်းတွေ ကစားကြဖို့ဆရာ၀န်တွေက ပြဌာန်းပေးခဲ့ကြပါတယ်။ အခုကျတော့ သုတေသီတွေရဲ့ကျေးဇူးကြောင့် ၀ခြင်းရဲ့ အဓိကပင်မအကြောင်းရင်းတစ်ခုကို သေချာနားလည်လာခဲ့ကြတယ်။

လူတွေဟာ အသက်ကြီးလာရင် ကြွက်သားတွေ လျော့ပါးသွားတယ်။ အဲဒီလိုလျော့ပါးသွားတဲ့ ကြွက်သားတွေ အစားအဆီက ပို၀င်လာတဲ့ အခါ ၀တော့တာပေါ့။ အစားအသောက်လွန်ကဲခြင်း၊ လှုပ်ရှားမှုမရှိခြင်းနဲ့ ၀တဲ့မျိုးရိုးဗီဇလိုက်ခြင်း စတာတွေနဲ့ သွားပေါင်းမိတော့ ၀တာလွန်ကဲသွားလေရော။ အဆီနဲ့ကြွက်သား အချိုးအစားမှာ အဆီကအနိုင်ရသွားပြီ။ အလေးဖြင့်လေ့ကျင့်ခြင်းဟာ အဆီနဲ့ အသားအချိုးအစားမှာ အဆီကျပြီးအသားတက်စေပါတယ်။ ကိုယ်ခန္ဓာထဲက အဆီတွေပဲကျကျ၊ ရေတွေပဲထွက်ထွက် လျော့သွားတဲ့အဆီနဲ့ ရေနေရာမှာ ကြွက်သားနဲ့ ပြန်ဖြည့်ပြီး ကိုယ်ခန္ဓာရဲ့ ဇီ၀ကိစ္စဗေဒဖြစ်ပျက်မှု (မက်တာဘိုလစ်ဇင်း)ကို မျှတအောင်လုပ်ပေးဖို့ လိုအပ်ပါ တယ်။ အဆီအစား ကြွက်သားတက်အောင် ကစားတဲ့နေရာမှာတော့ အလေးဖြင့်လေ့ကျင့်မှုထက် ပိုကောင်း တာ ဘာရှိနိုင်ပါဦးမလဲခင်ဗျာ။

#အောင်အောင်_လှိုင်#Exercise#Health#Bone#skeletalmuscle#Workout#Adult#Judo#Fat#metabolism

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta