ဦးအောင် (အောင်သမာဓိ)ရဲ့ video လေးတစ်ခုကနေမှတ်ထားမိတာလေး တစ်ခုပြန်လည်မျှဝေရမယ်ဆိုရင် - MFTA

ဦးအောင် (အောင်သမာဓိ)ရဲ့ video လေးတစ်ခုကနေမှတ်ထားမိတာလေး တစ်ခုပြန်လည်မျှဝေရမယ်ဆိုရင်

ဦးအောင် (အောင်သမာဓိ)ရဲ့ video လေးတစ်ခုကနေမှတ်ထားမိတာလေး တစ်ခုပြန်လည်မျှဝေရမယ်ဆိုရင်၊ ဦးအောင် ရွှေဆိုင်စဖွင့်ချိန်က သူ့ ဆိုင်အရှေ့မှာ မန္တလေးရဲ့ နာမည်အကြိီးဆုံးအကြော်ဆိုင်ရှိတယ်တဲ့၊

လူတွေ့ကသူ့ဆိုင်လိပ်စာ မသိလို့ ညွှန်ရတဲ့အခါ အကြော်ဆိုင်အရှေ့က ရွှေဆိုင်ဆိုပီးညွှန်ရတယ်ပေါ့ဗျာ။

နောက်ပိုင်းဦးအောင်ဆိုင်အရမ်းအောင်မြင်သွားတော့ ရွှေဆိုင်အရှေ့က အကြော်ဆိုင်လို့ ပြောရတဲ့ အနေအထားပြောင်းသွားတယ်။

ရွှေမန်းဦးတင်မောင်ဆိုလည်းတချိန်က ဆရာတော်ရဲ့ မင်းသားလို့ လူသိရာကနေအောင်မြင်ချိန်ကျတော့ မင်းသားရဲ့ဆရာတော်ဆိုပီး ဦးတင်မောင်ကိုမြေတောင်မြှောက်ပေးခဲ့တဲ့ဆရာတော်ရဲ့အဖြစ်လေးပါရှိဖူးတယ်။

ကမ႓ာကျော် bollywood မင်းသားကြီး Hrithik Roshan ဆိုလည်း မအောင်မြင်ခင်က သူ့ အဖေဒါရိုက်တာ Rakesh roshan ရဲ့သားဆိုပီးပဲလူသိခဲ့တာ။သူအောင်မြင်တော့မှ လူတွေကသူနဲ့တွဲပီးသူ့ အဖေကို Hrithik အဖေလို့ သိကြတာ။

စီးပွားရေးနယ်ပယ်မှာလည်း ကိုယ်က ဘယ်သူနဲ့သိလည်းဆိုတာထက်ကိုယ့်ကိုဘယ်သူတွေကသိတယ်ဆိုတာပိုအရေးကြီးတယ်။

ဒီတော့ ဟိုနာမည်ကြီးနဲ့ ကပ်ဓါတ်ပုံရိုက်လုပ်မလား။အဲ့နာမည်ကြီးတွေက ကိုယ်နဲ့ဓါတ်ပုံလာရိုက်အောင်လုပ်မလား? ကိုယ့်အမြင်ကိုယ်ခံယူချက်နဲ့ ကြိုက်ရာရွေးချယ်ပါ။

လေးစားလျက်-နိုင်ဦး-၁၁၉

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta