အိပ်စက်ခြင်းနဲ့ Body weight အတက်/အကျ - MFTA

အိပ်စက်ခြင်းနဲ့ Body weight အတက်/အကျ

အလုပ်အတော်များများပိတ်၊ စိတ်ဖိစီးမှု့ တွေများနေတဲ့ အခုလိုအချိန် မှာ ကျွန်တော်တို့ အတော်များများအတွက် အိပ်စက်ခြင်းဟာအထူးဂရုပြုတဲ့အရာမဟုတ်သလို ဖြစ်နေပါတယ်။ ဒီတော့ အိပ် ချိန်တွေနည်းနေရင်ဘာတွေဖြစ်လာမလဲ? ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတာဆက်လေ့လာကြည့်ပါစို့ ။

အိပ်ရေးမဝတော့ဘူးဆိုရင်၊ ဦးနှောက် ထဲမှာရှိတဲ့ Frontal Cortex အပိုင်းဟာထိုင်းမှိုင်းလာပီး၊ ဆုံးဖြတ်ချက်တွေ ချရာမှာ၊ ညံ့ဖျင်းလာမယ်။ Hunger hormone လို့ လူသိများတဲ့ Ghrelin hormone တွေအထွက်တိုးလာမယ်။ကျေနပ်တင်းတိမ်စေတဲ့ Leptin hormone တွေအထွက်နည်းလာမယ်။ Stress တွေများလာခြင်းကြောင့် Cortisolဟိုမုန်းတွေထွက်လာမယ်။ အဆီတွေစုလာမယ်။ Insulin sensitivity လျော့ကျလာမယ်။ အာဟာရရွေးချယ်မှုတွေမှာ Fast food တွေ sugar ပါဝင်မှုများတဲ့ အစားအစာတွေကိုရွေးချယ်မိလာစေမယ်။ လေ့ကျင့်ခန်းလုပ်ချင်စိတ်တွေ လျော့နည်းလာမယ်။ အားနေရင်သက်တောင့်သက်သာ နေဖို့ ပဲတာစူလာမယ်။

Lifestyle, Diet and Stress တွေအကုန်လွဲမှားလာတာကြောင့်၊ အဆီတက်၊ ကိုယ်အလေးချိန် တက်လာတဲ့အပြင် ကိုယ်ခံစွမ်းအားလျော့ကျလာမယ်၊ နာတာရှည် ရောဂါ တွေဖြစ်ဖို့ Risk အရမ်းများလာမယ်။ ဒါကြောင့် မနက်မိုးလင်းကာနီးအထိ အွန်လိုင်းပေါ်က မီးစိမ်းနေတဲ့ အကောင့်ပိုင်ရှင်ချစ်မိတ်ဆွေများ ကျန်းမာရေးဂရုပြုကြပါ။ အဲ့လို့ သူငယ်ချင်းတွေကို အသိပေးဖို့ ဒီပို့ စ်မှာ Mention ခေါ်နိုင်ပါတယ်ခင်ဗျာ

TikTok သုံးတဲ့မိတ်ဆွေများ ကျွန်တော့်ရဲ့ TikTok Acc အသစ်လေး ကို followလုပ်ပေးပါ။ Facebook မှာမတင်တဲ့Health ,wellness and Alpha Tips တွေပုံမှန် sharing လုပ်ပါ့မယ် https://vt.tiktok.com/ZSQ4rgK3/ Ok TikTok နဲ့ Instagram မှာ ဆုံကြပါမယ်

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#Sleep#Stress#Cortisol#Brain#MentalHealth#Insulin#Ghrelin#Leptin#FrontalCortex#FastFood#JunkFood

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta