အာနိုး၏အကြံပေးစကား - MFTA

အာနိုး၏အကြံပေးစကား

မောင်အိုလံပီယာ(၇)ထပ်ကွမ်းအာနိုးကိုတော့ လူတိုင်းသိပြီးသားမို့အထူးတလည် ပြောစရာလိုမယ်မထင်ပါဘူး။ ဒါပေ့မယ့် သူ ကာယဗလချန်ပီယံ တစ်ယောက်ဖြစ်လာအောင် ကြိုးစားအားထုတ်ခဲ့တာတွေကတော့ လေးစားအားကျဖွယ်ကောင်းပါတယ်။နာမည်ကျော် မောင်တစ်ယောင်မဖြစ်လာခင် ပတိ၀န်းကျင်ရဲ့ ကဲ့ရဲ့ အပြစ်မြင်မှု မိသားစုရဲ့ စိတ်ပျက်ဖွယ် ပြောဆိုမှုတွေကြားက အောင်မြင်မှုရရှိအောင်ကြိုးပမ်းခဲ့ပုံတွေက အတုယူ ဖွယ်ပါ။၁၉၇၅ ခုနှစ် မောင်အိုလံပီယာ ၆ ဆုမြောက်ရယူခဲ့ချိန်ထိ သူ့ဘ၀ရဲ့ အချိန်တော်တော်များများကို ကာယဗလက လွမ်းမိုးခဲ့ပါတယ်။

ကာယဗလမှာ အောင်မြင်မှုရရှိဖို့ တစ်နေ့ ၄နာရီခန့် ဂျင်မ် ခန်း ထဲမှာ ချွေးတွေနဲ့ပေးဆပ်ခဲ့တယ်။အစားအသောက်၊အနေအထိုင်၊ပြင်းပြင်းထန်ထန်လေ့ကျင့်မှုတွေကနေ ဆုကြေးစား ကာယဗလပြိုင်ပွဲတွေမှာ တစ်ဆင့်ချင်းအောင်မြင်မှုတွေဆက်တိုက်ရရှိအောင် ကြိုးစားခဲ့သူ နောက်ဆုံး အမေရိကန် သမ္မတ၏ တူမ နှင့်လက်ထပ်ပြီး ကမ္ဘာကျော်ရုပ်ရှင်မင်းသားဘ၀ အမေရိကန်နိုင်ငံ၏ နိုင်ငံရေး သမားဘ၀ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှုး အစရှိတဲ့ အောင်မြင်မှု များစွာရယူနိုင်ခဲ့တဲ့ ယနေ့ထိ ပေါ်ထွက်လာတဲ့ မောင်အိုလံပီယာတွေကြားမှာ အောင်မြင်ကျော်ကြားမှုအများဆုံး ကာယဗလမောင်ဟောင်း ကြီးတစ်ဦးရဲ့ခံယူချက် ပြောစကားတစ်ချို့ကို မှတ်သားနာယူနိုင်ရန်ရေးသားပေးပါရစေ။

1️⃣ကိုယ်လက်ကြံခိုင်မှုကိုမဖြစ်မနေလုပ်ပါ။ဒီစကားကိုသာမန်လူတစ်ယောက်ပြောရင်သင်ရယ်မှာပါ။ကျွန်တော်သာ မောင်အိုလံပီယာဆုတွေမရခဲ့ရင် သင် ကျွန်တော်ပြောစကားကိုပျက်ရယ်ပြုမှာကျိမ်းသေပါ။ကိုယ်ကာယကြံ့ခိုင်အောင်လေ့ကျင့်ခြင်းသည် ကျန်းမာရေး နဲ့စိတ်ဓာတ်ကြံ့ခိုင်မှုအပြင်အသက်ရှင်ရပ်တည်ရေးအတွက် အကျိုးကျေးဇူးတွေပြုတာကို အသက်အာမခံကုမ္ပဏီ ကြီးတွေက စာရင်းဇယားတွေနဲ့တိတိကျကျတင်ပြခဲပါပြီ။

စီးပွားရေးလုပ်ငန်းတွေမှာ ငွေကြေးများစွာသုံးပြီး ရင်းနှီး မြုပ်နှံသလို လုပ်ငန်းရှင်တွေအနေနဲ့လည်း ၀န်ထမ်းရဲ့ အရည်အသွေးတိုးတက်ေ၇းအတွက် လေ့ကျင့်ပြုစုပျိုး ထောင်ပေးသင့်ပါတယ်။အလုပ်သမားတစ်ယောက်ကျန်းမာရေးမကောင်းလို့လဲသွားရင် စက်ရုံ သို့မဟုတ် ကုမ္ပဏီရဲ့ အလုပ်မှာထိခိုက်နိုင်ပါတယ်။ကျန်းမာရေးပြီး ကြံ့ခိုင်မှုရှိတဲ့ ၀န်ထမ်းတွေကိုပိုင်ဆိုင်ထားတဲ့ အလုပ်ရှင်ဟာ အများထက် တပန်းသာပါတယ်။ကိုယ်ကာယကြံံ့ခိုင်မှုဆိုသည်မှာ ကြိုတင်ကာကွယ်ထိန်းသိမ်းမှု တစ်မျိုးဖြစ်သည်။(Physical Fitness is a form of preventive maintenance)

2️⃣ရေပေါ်ဆီမဖြစ်ပါစေနဲ့သင်တွေ့ဖူးနေကျဖြစ်မှာပါ၊လူသစ်ကာယဗလသမား အများစုက အစပိုင်းမှာ စိတ်အားထက်သန်စွာနဲ့ ကစားကြတယ်။ဆန္ဒတွေအရမ်းပြင်းပြတတ်တယ်။ဒီလိုဖြစ်တတ်တဲ့ကာလကို ပညာရှင်တွေက ပျားရည်ဆမ်းကာလလို့ခေါ်ဆိုကြတယ်။ဒါပေ့မယ် အစမှာစိတ်အားထက်သန်မှုက ကြာရှည်မခံပါဘူး။ ကာယဗလကို လွယ်လွယ်မတွေးပါနဲ့။

ကျွန်တော်တွေ့ဖူးတာတွေကို သင်လည်း ဂျင်မ် မှာ ယနေ့တွေ့နေရမှာပါ။ လူသစ်တွေက ရုံထဲ၀င်လာတာနဲ့ ရှိသမျှ မြင်သမျှ အကုန်မချင်ကြတယ်။သူတို့ကြည့်ရတာ ဆုကြေးစားသမားတွေလို တက်ကြွနေတယ်။အလွန်ဆုံး နှစ်လ သုံးလနဲ့ နေ ထိတဲ့ နှင်းလို့ ကွယ်ပျောက်ကုန် ကြတယ်။ Gnitial Enthusisan လို့ခေါ်တဲ့ အစပိုင်းစိတ်အားထန်သန်မှုပေါ့။ပုံမှန်ထက်ပိုတော့ ကြွက်သားတွေနာမယ် တိုးတက်မှုနှေးလာပြီး အလေးကို စိတ်နာ ကာယဗလကို အပြစ်မြင်ပြီး လာလမ်းကို ပြန်ကြတာပေါ့။ မိတ်ဆွေသင်လည်း ရေပေါ်ဆီထဲပါနေရင် ပြုပြင်လိုက်ပါ။

3️⃣ပန်းတိုင်ကိုသတ်မှတ်ပါကျွန်တော်ပြောတာကိုသင်နားလည်မှာပါ။ပန်းတိုင်မရှိတဲ့အလုပ်ကို သင်မလုပ်ပါနဲ့။ကာယဗလကစားတော့ မယ်ဆိုရင် သင်ဘယ်လောက်အဆင့်ထိ တိုးတက်ချင်တာလဲ လက်ရှိပေါင်ချိန်ထက်များပြီး ကြွက်သားကျစ်လစ် လှပချင်တာလား ပြိုင်ပွဲ၀င်အဆင့်လား ဘော်ဒီဝိတ် ဘယ်လောက်ထိတင်မှာလဲ ဒါတွေကို သင် သတ်မှတ်ပါ။ ပြိုင်ပွဲ၀င်မယ်လို စိတ်ကူးထားရင် သင်ကိုသင် စိန်ခေါ်လိုက်ပါ။ ဒီနေ့ အာနိုး က အရင်နေ့ အာနိုးထက် ပိုကောင်းနေရမယ် ဆိုတဲ့ ကျွန်တော့်လို စိတ်ဓာတ်မျိုးထားလိုက်ပါ။ဘယ်အရာမဆို ဦးတည်ချက်ရှိရပါမယ်။

4️⃣ကိုယ့်သာလျင်ကိုယ့်ပြိုင်ဘက်ပါပန်းတိုင်သတ်မှတ်ပြီး​ြပီဆိုရင်စတင်အကောင်အထည်ဖော်ပါ။အလောတကြီးသွားစရာမလိုပါဘူး။ရောမမြို့ကြီးကိုတစ်နေ့တည်းနဲ့အပြီးမတည်ဆောက်နိုင်ပါဘူး။ယုန်နဲ့လိပ်ပုံပြင်လိုပေါ့ဗျာ။ဖြည်းဖြည်းမှန်မှန်နဲ့လည်းပြိုင်ပွဲကို ရောက်အောင်သွားရင်နိုင်မှာပါ။အဓိကလိုအပ်တာက ရပ်မနေဖို့ပါ။(Just story of the tortoise and the hare slow and steady wins the fitness race too)ကိုယ့်ကိုယ်ကိုပဲလေ့ကျင့်နေတယ်ဆိုတာ သင်မမေ့ပါနဲ့။

ပြိုင်ပွဲ စင်မြင်ပေါ်မရောက်ခင်အချိန်ထိ သင်ပြိုင်ဘက်က သင်ကိုယ်တိုင်ပါ ဒီနေ့ထက် မနက်ဖြန်ပိုကောင်းအောင် ကြိုးစားပါ။သူတစ်ပါးကျေနပ်အောင်ကစားပေးရတာ ကာယဗလအားကစား မဟုတ်ပါဘူး။ကိုယ့်ဘာသာလက် တွေ့ကျကျလေ့ကျင့်ရေးအစီအစဉ်ဆွဲ ပန်းတိုင်ကိုသတ်မှတ် ကြိုးစားပန်းစားအားထုတ် အောင်မြင်မှုကိုရမှာပါ။

5️⃣ဆေးစစ်ဖို့ကိုမမေ့ပါနဲ့လေ့ကျင့်မှုကိုစပြီဆိုကတည်းက သင့်ရဲ့ နှလုံးအခြေအနေကောင်းမွန်ဖို့ကိုထည့်တွက်ရပါမယ်။ဆရာ၀န်တစ် ယောက်ကိုချဉ်းကပ်လိုက်ပါ။လေ့ကျင့်မှုမှာခွန်အားစိုက်ထုတ်ရလေ သင့်နှလုံးကအလုပ်ပိုလေဆိုတာကို မမေ့ပါနဲ့။ဒါကြောင့် ဆရာ၀န်ဆီမှာ နှလုံးကျန်းမာရေးအပြင်အခြားလိုအပ်တဲ့ စစ်ဆေးမှုကိုပြုလုပ်ခြင်းက သင့်အတွက် အလုပ်ပိုလို့မထင်ပါနဲ့။သင့်ဘ၀ အထူးသဖြင့် သင့်အသက်အန္တရာယ်အတွက်အရေးကြီး လို့ပြောတာပါ။

6️⃣ကိုယ်တိုင်လည်းလေ့လာပါတိုးတက်မှုအတွက်စကားလုံးတွေနဲ့ပဲ ကိုင်ပေါက်မနေပါနဲ့။ လက်တွေ့အောင်မြင်ဖို့အတွက် မိမိမှာ လုံလောက်တဲ့ အသိပညာဗဟုသုတကို လေ့လာထားသင့်ပါတယ်။ ကာယဗလလေ့ကျင့်သူတစ်ယောက်အတွက် လိုအပ်တဲ့ ကာယဗလအခေါ်အဝေါ်တွေ နည်းစနစ်တွေကို အလွယ်တကူနားလည်အောင် လေ့လာထားပါ။ဒါတွေကို နားလည်ထားရင် နည်းပြနဲ့ ကိုယ့်ကြားမှာ ဆက်သွယ်မှုလွယ်ကူစေနိုင်သလို ခပ်ချာချာနည်းပြတွေရဲ့ အလွယ်တကူပြောစကားတွေကနေ ရှောင်နိုင်မှာပေါ့။ဥပမာ–Repetition – Set – Super Set –Circuit- Barbells – Dumbells –Squat-အစရှိတဲ့အခေါ်အဝေါ်တွေပေါ့။ ဒါတွေကိုသိထားရင် သင့်အတွက် အထောက်အကူပြူပါတယ်။

7️⃣အပျင်းရောဂါကျော်လွားပါဘယ်လောက်ပဲဝေးလံပါစေခြေတစ်လှမ်းနဲ့စရတာပါ။အလေးနဲ့လေ့ကျင့်ခြင်းပြုလုပ်ရာမှာလည်း ဒီသဘောတရားပါပဲ။စပြီးကစားဖြစ်စေမယ့်နည်းကတော့ စဖြစ်အောင် စကစားပါ။ကစားပြီ ဆိုတာနဲ့ သင့်ဘ၀မှာ အပြောင်းလဲကြီးပြောင်းလဲလာမှာပါ။လွယ်တော့မလွယ်ပါဘူး။ခက်ခဲမယ် ပင်ပန်းမယ်။သက်တောင့်သက်သာနဲ့ နေလာတဲ့ လူတစ်ယောက်ကို အလေးနဲ့စပြီး ကစားခိုင်းပြီဆိုကတည်းက စဉ်းစားကြည့်ပေါ့ဗျာ။ဒါ့အပြင် ကိုယ် ဘာရည်ရွယ်ချက်နဲ့ ကြိုးစားပြောင်းလဲမှုလုပ်နေတာလဲဆိုတာ ကိုယ့်မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေမပြောနဲ့ ကိုယ့်မိသားစုရဲ့ အားပေးမှုတောင်ရဖို့ခက်ခဲပါတယ်။

ကိုယ်ကနည်းနည်း တစ်ကိုယ်ကောင်းဆန်ရလ်ိမ့်မယ် မနက်မိုးလင်းနဲ့မိုးချုပ်ကြားမှာ လေ့ကျင့်ချိန် ၄၅မိနစ်လောက်ကို မဖြစ်မနေ ဖယ်ထားပေးပါ။အချိန်ကျရင်မပျင်းပါနဲ့ မိမိကိုယ်ကိုစိန်ခေါ်လိုက်ပါ။ မင်း ဒီနေ့ ပျင်းနေရင် မင်းရဲ့ အောင်မြင်မှုမှာ တစ်ရက် နှောင့်နှေးမယ် ဆိုတဲ့အတွေးမျိုးတွေးလိုက်ပါ။

𝗣𝗮𝗴𝗲မှာ မတင်ဖြစ်သည့် 𝗕𝗼𝗱𝘆𝗯𝘂𝗶𝗹𝗱𝗶𝗻𝗴& 𝗙𝗶𝘁𝗻𝗲𝘀𝘀 ဗဟုသုတ ဆောင်းပါးများနှင့် 𝗠𝘆 𝗣𝗿𝗼𝘁𝗲𝗶𝗻 𝗚𝘆𝗺 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁𝘀 ကြေငြာများကို လေ့လာ ဖတ်ရူလိုပါက ကျွန်တော့်အကောင့်ကို 𝗙𝗼𝗹𝗹𝗼𝘄 ထားနိုင်ပါသည်။

https://www.facebook.com/aung.aungoo.7798#အောင်အောင်_လှိုင်#arnoldschwarzenegger. #SevenTime#MrOlympia#winner#Result#Training#Program#minutes#Success

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta