အမှတ်၂ ဆီးချိုနဲ့နောက်ဆက်တွဲရောဂါတွေ ဟန့်တားဖို့ဆိုရင် - MFTA

အမှတ်၂ ဆီးချိုနဲ့နောက်ဆက်တွဲရောဂါတွေ ဟန့်တားဖို့ဆိုရင်

Post ခေါင်းစဉ်မှာ မှာပြောထားတာကို အတိုချုပ်ရှင်းပြရရင်၊ အဝလွန်ခြင်းဟာတနေ့ တခြားတရိပ်ရိပ်မြင့်တက်လာနေတဲ့ကျန်းမာရေးပြသနာများစွာကို ဖြစ်ပေါ်စေတဲ့ ကပ်ရောဂါတခုဆိုတာ သတိပြုပါ။

ဝိတ်ချဖို့ အတွက်ဆိုရင် အစားလျော့စား လှုပ်ရှားမှုပိုလုပ်ဆိုတဲ့ လမ်းညွှန်ချက်ထက် အများကြီးပိုလိုအပ်ကြောင်းကို အဝလွန်သောရာစုနှစ်တွင် နေထိုင်ခြင်းအမည်နဲ့ ဆောင်းပါးဖြင့် တင်ပြခဲ့ပီးဖြစ်ပါသည်။

ဝိတ်ချခြင်းအပြင် ခန္ဓာကိုယ်တွင်းကြွက်သားထုထည် တက်လာအောင် ကြိုးစားနိုင်လျင် –

-အမှတ် ၂ အမျိုးအစားဆီးချိုဖြစ်နိုင်ချေကို လျော့ချနိုင်ပီး၊ ၎င်းရဲ့နောက်ဆက်တွဲဆိုးကျိုးများကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်သည်။

-အသက်ရှည်ရေးအထောက်အကူပြုသည်။

-အရိုးသိပ်သည်းဆတိုးပွားလာသည်။

-နှလုံး၊ အဆုတ်ကျန်းမာရေးတိုးတက်ကောင်းမွန် လာမည်။

ဝိတ်ချရန် ခက်သလို ၊ ကြွက်သားတည်ဆောက်ရန်လည်းမလွယ်ပါ။

ဒါကြောင့်ခင်ဗျားတို့ ဝိတ်ချနေချိန်မှာ နည်းပြဆရာက အလေးတွေနဲ့ Train ပေးရင် ကျေကျေနပ်နပ် ကြိုးစားလေ့ကျင့်ကြပါ။

ခန္ဓာကိုယ်ကြွက်သားပမာဏတိုးလာလေလေ အဝလွန်ခြင်းနဲ့ ၎င်းရဲ့ နောက်ဆက်တွဲရောဂါများ၊ အမှတ်-၂ ဆီးချိုနဲ့ ၎င်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအားလုံးကို လျော့ချနိုင်လေလေဖြစ်ပါတယ်။

ဒီတော့ Gym ကစားကြမယ်ဟုတ်

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119

#muscle_professor

#MFTA#GuruNaing

#Myanmar_Fitness_Trainer_Academy

#FitMyanmarProject#YourCoach

#MakeMyanmarFit#MyanmarFitnessPioneer#issacertified

#ISSAMasterTrainer#PNCoach

#Obesity#Diabetes#MuscleMass

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta