အမျိုးသမီးတို့ ဘာကြောင့်ဝိတ်ကျဖို့ ခက်တာလဲ? - MFTA

အမျိုးသမီးတို့ ဘာကြောင့်ဝိတ်ကျဖို့ ခက်တာလဲ?

အမျိုးသမီးကစားသမားအများစု မေးတတ်ကြတဲ့မေးခွန်းလေးပါ။ မှန်ပါတယ် ယေဘူယျ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ယှဉ်ရင် အဆီကျနှုန်းနည်းပါတယ်။ ဒါပေမဲ့ စိတ်ပျက်စရာမရှိပါ။သဘာဝမို့ ပါ။ ကိုယ်အလေးချိန်လျော့ချရေးမှာအဟန့် အတားဖြစ်စေတဲ့အချက်တွေကို မျှဝေပေးလိုက်ပါတယ်။

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ အမျိုးသားတွေထက် ကြွက်သားပမာဏရော ခန္ဓာကိုယ်ထုထည်ရော ပိုမိုလျော့နည်းတာကြောင့် ကယ်လိုရီလိုအပ်ချက်ဟာ အမျိုးသားတွေထက် နည်းပါတယ်။

လေ့ကျင့်ခန်း လုပ်ချိန်မှာလည်း၊ ဝန်အနည်းငယ်သာသုံးနိုင်တဲ့အတွက် ကယ်လိုရီအနည်းငယ်သာ လောင်ကျွမ်းနိုင်လိမ့်မယ်။

ကယ်လိုရီများတဲ့အာဟာရတွေကိုစုပ်ယူအသုံးပြုတာကတော့ အမျိုးသားတွေအတွက်အတူတူပါ။

ဓမ္မတာအချိန်မှာ ဟိုမုန်းအပြောင်းအလဲကြောင့်ကိုယ်အလေးချိန် ဟာတသမတ်ထဲရှိဖို့ ခက်ပါတယ်။

အထက်ပါအချက်ကြောင့်ပဲတစ်ရက်ထဲမှာကိုယ်အလေးချိန် ၈-ပေါင်လောက်အထိ တက်သွားနိုင်ပါတယ်။(စိုးရိမ်စရာမရှိပါ)

ထိုသို့ အပြောင်းအလဲလေးကြောင့် စိတ်ပျက်ပီးစားချင်တာ စားလိုက်တာမျိုးက ရလာဒ်ကို ပိုဆိုးသွားစေနိုင်တာ သတိပြုပါ။ ကိုယ်အလေးချိန် အတက်အကျမတည်ငြိမ်ခြင်းကိုသဘောကိုသိထားလျင် ပထမတစ်ပါတ်တွင်တရက်ခြားလောက် ဝိတ်ချိန်ပီး record ယူထားပါ။ ထိုမှဘုံယူ၍ဝိတ်သတ်မှတ်ထားပါ။Period အချိန်မှာတော့ ပေါင်ချိန်စက်ကို ခဏမေ့ထားလိုက်ပါ။

အမျိုးသားတွေထက် ကယ်လိုရီနည်းနည်းပဲလိုအပ်တယ်ဆိုရင်၊လည်း Food Choice လုပ်တဲ့အခါမှာ၊ lean meat အရွက်များကိုရွေးချယ်စားသောက်နိုင်ပါသည်။ လေ့ကျင့်ခန်း ပြုလုပ်ချိန် ကယ်လိုရီများများလောင်ကျွမ်းဖို့ ဆိုရင် ထိမိတဲ့ လေ့ကျင့်နည်းစနစ်လိုအပ်ပါတယ်။ ထိမိပြင်းထန်ပီး အဆီတွေကုန်ခမ်းသွားဖို့ ဆိုရင် Intensity မြင့်တဲ့ ထိမိတဲ့Training System လိုအပ်ပါတယ်။

Resistance Exercises program တိုင်းနဲ့ အဆင်ပြေမဲ့ Fat Loss Training Models -4 ခုကို ကျွန်တော်Launch လုပ်ထားတဲ့ Fat Loss Specialist Courseမှာသင်ကြားပေးပါ့မယ်။ Fat Loss သီးသန့် နဲ့ပါတ်သက်ပီး၊ Science backed Theoriesတွေ၊ Workouts တွေကို သင်ကြားပေးမဲ့သင်တန်းမို့ တက်လိုပါက အောက်ကလင့်ခ်မှာ အသေးစိတ်လေ့လာနိုင်ပါတယ်ခင်ဗျာ။

https://m.facebook.com/story.php?story_fbid=4189743447719147&id=885104638183061

TikTok သုံးတဲ့မိတ်ဆွေများ ကျွန်တော့်ရဲ့ TikTok Acc အသစ်လေး ကို followလုပ်ပေးပါ။ Facebook မှာမတင်တဲ့Health ,wellness and Alpha Tips တွေပုံမှန် sharing လုပ်ပါ့မယ် https://vt.tiktok.com/ZSQ4rgK3/ Ok TikTok နဲ့ Instagram မှာ ဆုံကြပါမယ်

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta