အဆီချလိုသူများနှင့် အလွဲများ - MFTA

အဆီချလိုသူများနှင့် အလွဲများ

Diet စလုပ်သူတွေ ဆက်မလုပ်တော့ဘဲ လက်လျော့လိုက်ရတဲ့ အကြောင်းအရင်းးးများစွာထဲက Main reason သည် eating habit ကို Completely change လုပ်လိုက်ခြင်းပါ။
-နှစ်ပေါင်းများစွာ အမြစ်တွယ်လာသော စားသောက်မှုပုံစံ အမူအကျင့်များကို ချက်ချင်းပြောင်းလဲရန် မည်သို့မှမဖြစ်နိုင်ပါ။
-တကြိမ်မှာတစ်ခု step by step သာ ပြောင်းလဲသင့်ပါသည်။
-Fat loss သည် တဖြည်းဖြည်းသွားရသော Process ဖြစ်သည့်အတွက် စိတ်ရှည်ရန် လိုအပ်ပါသည်။
-အခုရေတွင်းတူး အခုရေကြည်သောက် စိတ်မျိုးဖြင့် အဆီချလိုလျင် သေချာပါသည်၊
-သင့်အနေနဲ့ magical fat loss supplementsများ
-ရက်တို (—)ရက်အတွင်း အဆီချ ချဲလင့်
-ဘာဒိုင်းယက် ညာဒိုင်းယက်
-ကီတိုပီဇာ စသည့်အမျိုးအမည်စုံသော ဂျင်း တမျိုးမျိုးကို မဖြစ်မနေ ကြုံရတော့မည်ဖြစ်သည်။
-ကျွန်တော်တို့ Trainer တွေအလွန်ကြောက်သော Client တစ်မျိုးမှာ ကိုယ်အလေးချိန် ချချင်သလိုချပီး အရေပြားတွေ ပျော့တွဲတွဲ အခေါက် လက်လေးသစ်ကျန်ပီးရောက်လာသော client များဖြစ်သည်။

ဆရာမနိုင်နှစ်ဆောင်ပြိုင် ဇာတ်ကရမည့် တပည့်များဖြစ်သည်။

ကိုယ်ထင်သလို အဆီချပီး မနိုင်တော့မှ မကောင်းကျောင်းပို့ နည်းပြအကူအညီယူကြမည့်သူများ

-နောက်ဆုံးအရေးပါသည့် အချက်တစ်ခုမှာ လူတယောက်ကို ဆရာတင်ပီဆိုလျင် သူပြောသည့်အတိုင်း တသွေမတိမ်းလိုက်နာရန် လိုအပ်ပါသည်။

ဟိုစီနီယာက ပြောသောစကားက မှန်သလိုလို Google ခေါက်ပီးသိတာက မှန်သလိုလို အရမ်းတတ် အရမ်းသိနေရင် PT မဌားကြပါနဲ့ ။ ကိုယ်တိုင်သာ ကစားကြပါ။

ကျွန်တော့် အတွေ့အကြုံအရ ပြောရမည်ဆိုလျင် ဟိုဟာလည်းသိ ဒီဟာလည်းတတ်သည့် ကိုဖိုးသိနှင့် မတတ်ပ များ ဘယ်တော့မှရလာဒ်ကောင်း မရနိုင်ပါ။

လိုရင်းပြောရယင် ဆရာသေချာရွေးပါ။

မိမိစိတ်ကြိုက်ရွေးချယ်ပီးလျင်တော့ နည်းပြဆရာကို လေးစားရန်လိုအပ်သလို လမ်းညွှန်ချက်တိုင်းကို တသွေမတိမ်းဆောင်ရွက်ရန် လိုပါကြောင်း—–

ကျန်းမာ သန်စွမ်းကြပါစေဗျာ။

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#naing_oo_119

#FitMyanmarProject

#MakeMyanmarFit

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta