အဆီချတဲ့အခါ ထိန်းချုပ်သင့်တဲ့ စံနှုန်း - MFTA

အဆီချတဲ့အခါ ထိန်းချုပ်သင့်တဲ့ စံနှုန်း

ကိုယ်အလေးချိန်ချမယ်။ ပိုလှအောင် ပိုကျန်းမာအောင် လုပ်မယ်ဆိုပီး အားခဲထားကြတဲ့ မိတ်ဆွေများအတွက် အရမ်းကို အရေးကြီးတဲ့ သတိထားစရာ အချို့ ကို မျှဝေပေးလိုက်ပါတယ်။

တစ်သက်လုံးစားထားတဲ့ ကိုယ်အလေးချိန်ကိုတစ်လ သို့ မဟုတ် နှစ်လနဲ့ ပေါင်တွေအများကြီးလျော့ချမယ်လို့ ဆုံးဖြတ်လိုက်ရင် သေချာတယ်ခင်ဗျားတို့ အဆီအမြန်ကျဆေးတို့ ၊ ဘာဒိုင်းယက်ညာဒိုင်းယက်တို့ ဆိုတာတွေနဲ့ ကြုံရတော့မှာပါ။

ဒီတော့ဗျာ ကျန်းကျန်းမာမာနဲ့ ဝိတ်ချမယ်ဆိုရင်- တစ်ပါတ်ကို ကိုယ်အလေးချိန် ၁% ကျရင်ရပါပီဗျာ။ အဲ့ထက်ပို လောဘမကြီးပါနဲ့ ။

Diet တခါလုပ်ရင် ၆-ပါတ် ဖြစ်စေ၊ ၈-ပါတ် ၊ ၁၂- ပါတ် ဖြစ်စေ အချိန်အကန့် အသတ်တစ်ခုမှာ၊ ကိုယ်အလေးချိန်ရဲ့ ၁၀% လောက်လျော့ချနိုင်ရင် ကျေနပ်စရာ ရလာဒ်ပါ။ ဥပမာမိတ်ဆွေက၊ ဒိုင်းယက် မစခင် ကိုယ်အလေးချိန်ပေါင် ၂၀၀ ရှိတယ်ဆိုပါစို့ ။ ဒိုင်းယက်ပီးသွားချိန် ကိုယ်အလေးချိန်ရဲ့ ၁၀% လျော့ချပီး၊ပေါင် ၁၈၀ ရောက်သွားတယ် ဆိုရင် ကျေနပ်လိုက်စမ်းပါ။ သူများတွေ ပေါင် ၅၀-၆၀ ကျတာကြည့်ပီး အားမငယ်နဲ့ အဲ့လူတွေကို နောက်ခြောက်လလောက်စောင့်ကြည့်လိုက် ဘာတွေ ဖြစ်သွားလဲစောင့်ကြည့်နေပါ။

အပေါ်မှာ ကျွန်တော်အကြံပြုခဲ့တဲ့ အချက် နှစ်ချက်ကို မလိုက်နာရင် ဘာတွေ ဖြစ်လာနိုင်သလဲဆိုတော့

လေ့ကျင့်ရေးကနေ ပြန်လည် recover ဖြစ်ဖို့ ခက်လာမယ်။ Overtraining ဆီကိုသွားတဲ့လမ်းပေါ် သင်သတိမထားမိဘဲ ရောက်သွားလိမ့်မယ်။

အာဟာရချို့ တဲ့လာမယ်။ ကိုယ်ခံအားကျလာမယ်။

Diet လုပ်ဖူးသူတွေသိမယ်။ တဖြည်းဖြည်းနဲ့ Quality of sleep လျော့ကျလာမယ်။

အာဟာရနဲ့ ပါတ်သက်ပီး will power နဲ့ Control ပျောက်လာမယ်။ စိတ်လွတ် ကိုယ်လွတ်စားမိဖို့ လက်တကမ်းရောက်နေလိမ့်မယ်။

ဒါကြောင့် နှစ်လုံးပေါက် ဒိုင်းယက်လုပ်ခြင်း၊ကိုယ် အလေးချိန်အများကြီးကို အချိန်တိုတိုနဲ့ ချဖို့ ကြိုးစားခြင်း၊ တို့ ကို လုံးဝ(လုံးးးးးးးးးဝ) မလုပ်သင့်ပါကြောင်းးးးးးးးးးးးးး

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#Myanmar_Fitness_Trainer_Academy#FitMyanmarProject#MakeMyanmarFit#WeightLossDiet#FatLossTips#Hunger#Hormone#Diet#SixPacksTips#NutritionTips#OverTraining#HealthyLifeStyle#GuruNaing#YourCoach#OnlineTraining#BodyTransformationTips#MuscleGain#MyanmarFitnessPioneer#StrengthTips

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta