အဲ့ဒါက စိတ်ရဲ့ မှတ်ဥာဏ်မှာ သီးသန့်ပဲဖြစ်ယုံမဟုတ်ပဲ ခန္ဓာကပါ ပူးတွဲ တုန့်ပြန်တာမျိုးအထိ အားပြင်းပါတယ်။
ကိုယ်ကြိုက်တဲ့အစားအစာကို မြင်ယုံနဲ့ ပါးစပ်မှာရှိတဲ့ တံတွေးဂလင်းတွေ စိုလာတာမျိုး၊ အနံ့ကိုအဝေးကရယုံနဲ့ သွားနေတဲ့လမ်းကနေ ဘေးဘယ်ညာ ကြည့်မိတာမျိုး တွေပေါ့ဗျာ…
ဒါကို ကောင်းကောင်းအသုံးချပြီး စိတ်ရဲ့စေ့ဆော်မှု ၊ မှတ်ဥာဏ်နဲ့ မသိစိတ်ရဲ့ အစွဲ အတေးက ခန္ဓာကိုအပေါ် လှုပ်လှုပ်ရွရွ ဖြစ်အောင်ထိ သက်ရောက်ဖို့ သက်ရှိစနစ်ကို အသေချာလေး ပုံထွင်းထားတာပဲ။
ဒီဆန္ဒက ခန္ဓာကို ခိုင်းနေပါလားဆိုတဲ့ အသိက တဏှာကိုမြင်မိသွားတဲ့ အဝိဇ္ဇာပြုတ်ထွက်ခြင်းပဲ။
ဒါကိုမမြင်သေးသ၍ ဆောင်းမနက်တွေ “စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆိုတဲ့သီချင်းကြားရင် လူအများစုက လမ်းလျှောက်ပြီးရမယ့် Reward ဖြစ်တဲ့ ” ကောက်ညှင်းပေါင်းတွေ ၊ အီကြာကွေး ၊ပဲပလာတာ ၊လဖက်ရည် ” စသဖြင့် တဏှာက ဖန်တီးထားတဲ့ အမှတ်တရကို ကျော်ပြီးမြင်ကြတော့တာပဲ။
အမှန်မှာတော့ “ဤသည့်စားဖွယ် အမယ်မယ်ကို ၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း ၊ ပြည့်ဖြိုးခြင်းငှာ မသုံးပဲ…
လေးဖြာဓာတ်ဆောင် ဤကိုယ်ကောင်ကို ရှည်အောင်တည်ဖို့ ” စားမယ်လို့ နှလုံးသွင်းလိုက်ရင် Perception ပြောင်းသွားမှာဖြစ်တယ်။
(Copy ယူမည့်သူများ ဖြတ်ညှပ်ကပ် မလုပ်ရန်)
#HPS#HumanPerformanceSpecialist