သင့်အတွက် Fitness ဖီလိုဆိုဖီအချို့ - MFTA

သင့်အတွက် Fitness ဖီလိုဆိုဖီအချို့

ကျွန်တော့်ရဲ့ Life မှာခံယူထားတဲ့ Fitness Training ,Diet , Lifestyle and Mindset Philosophy အချို့ ကိုမျှဝေပေးလိုက်ပါတယ်။

1. လက်မောင်းအရှေ့ ကြွက်သားအတွက် Dumbbell curl ကနဲ့ Barbell curl ဘယ်ဟာပိုကောင်းသလဲ ဆိုတဲ့ မေးခွန်းက အရမ်းဘောင်ကျဉ်းလွနိးတယ်။

တကယ်တော့ လက်မောင်းအရှေ့ ကြွက်သားကိုဘယ်လိုပုံစံနဲ့ ထိရောက်အောင် လေ့ကျင့်ရမလဲဆိုတဲ့မေးခွန်း က ကိုယ့်အတွက် ပိုပီး Creative and Effective ဖြစ်စေတယ်။လေ့ကျင့်ခန်းရဲ့ အနှစ်သာရကို အခြေခံထားပီးပရိုဂရမ်တည်ဆောက်ရင်အရမ်းထိရောက်ပီးအပေါ်ရံလေ့ကျင့်ခန်း ကို အခြေခံတည်ဆောက်ရင် ပရိုဂရမ်တစ်ခုတော့ ရသွားမယ်။ ဒါပေမဲ့ရလာဒ်ကိုထင်သလောက် မြင်ရမှာမဟုတ်ဘူး။Diet မှာလည်း အဲ့လို တွေးပီးကျင့်သံ

2. အကယ်၍သင့်ပါတ်ဝန်းကျင်မှာ ဆီးချိုရောဂါသည်တယောက်တွေ့ရင် သူ့ ကိုဆီးချိုရဲ့ အန္တရာယ်တွေ ပြောပြပီး လေ့ကျင့်ခန်း လုပ်ဖို့ မတိုက်တွန်းပါနဲ့ ။လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် Quality Of Life ကိုပြည့်ပြည့်ဝဝ ခံစားပီး အနာရောဂါကင်းစွာ နေနေရတဲ့ ဆီးချိုရောဂါသည်တွေအကြောင်း ပြောပြပီး အားတက်အောင် လုပ်ပေးပါ။

လောကကြီးထဲမှာ မီဒီယာပေါ်မှာNegative တွေ၊ Demotivated ဖြစ်စေတာတွေကတောင်ပုံယာပုံပါ။ ဒီတော့ ကျွန်တော်တို့ ပါတ်ဝန်းကျင်ကို အပြုသဘောဆောင်တဲ့ ခွန်အားတွေမျှဝေပေးကြပါစို့ ။

3. ပေါင်ချိန်စက်ပေါ်မှာ တက်ကြည့်လို့ ဝိတ်မကျဘူးဆိုပီး ညစ်နေတာလား??? တကယ်တော့သင့်ရလာဒ်တွေတိုးတက်နေပါတယ်။ ပေါင်ချိန်စက်ပေါ်က ကိန်းဂဏာန်းတွေ မပြောင်းလဲပေမဲ့သင့်ကိုယ်တွင်းက ဟိုမုန်းတွေ၊ ကိုလက်စထရောလ်တွေ၊ သွေးတွင်းသကြားဓါတ်တွေ အများကြီးတိုးတက်ပြောင်းလဲသွားတာ သင်မမြင်မိတာပါ။

အဆီကျချင်တဲ့ ချစ်မိတ်ဆွေများခင်ဗျာ၊သင်လိုချင်တဲ့ ကိုယ်အလေးချိန်အထိ ရောက်သွားခြင်းက သင့်အတွက်ပန်းတိုင်ဆိုရင်၊နေ့ စဉ် Gym ကစားခြင်း၊ Diet လုပ်နေခြင်းကသင့်ပန်းတိုင်ကို သွားနေတဲ့ ခြေလှမ်းတွေပါ။ ခရီးစဉ်ရဲ့ ခြေလှမ်းတိုင်းကို မနှစ်မြို့ သူတယောက်ဟာပန်းတိုင် ကိုရောက်အောင် လျောက်နိုင်မည်မဟုတ်ပါခင်ဗျာ။ကျန်းမာချမ်းသာကြပါစေဗျာ။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#Myanmar_Fitness_Trainer_Academy#FitMyanmarProject#MakeMyanmarFit#FitnessTips#Life#Health#Wellness#Philosophy#DiabetesDiet#DiabetesWorkout#Gym#Hypertension#PersonalTrainer#Coach#GuruNaing#MyanmarFitnessPioneer

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta