သက်ရှည် ကျန်းမာခြင်းနဲ့ Transformation အတွက်ဆိုရင် - MFTA

သက်ရှည် ကျန်းမာခြင်းနဲ့ Transformation အတွက်ဆိုရင်

တိဗက် စကားပုံလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ Eat half , Walk Double , Laugh Triple And Love without measure ပါတဲ့ဗျာ။ဒါပေမဲ့ ယနေ့ lifestyle မှာတော့ ၂ဆစားလှုပ်ရှားမှုမရှိသလောက်နည်းပီး၊ ရယ်မောခြင်းတွေမှာ အသက်မပါတော့တာသတိထားမိကြမှာပါ။ ဘာလို့ လဲဆိုတော့ မေတ္တာတရားမုဒိတာတရားတွေ လျော့နည်းသွားလို့ ပါပဲ။ကျွန်တော့်တပည့်လေးတွေကို ကျွန်တော်ပြောနေကြ စကားလေးတစ်ခွန်းက အောင်မြင်မှုဆီကို jealousy နဲ့ မရောက်နိုင်ပါဘူး။ Strategy နဲ့ သာရောက်နိုင်မှာပါ။ ကိုယ်နိုင်ဖို့ သူရှုံးရမယ်၊ ကိုယ်အောင်မြင်ဖို့ တဖက်သားကျရှုံးရမယ်ဆိုတဲ့ အယူအဆက Abundance Mindset မရှိလို့ ပါ။

အပင်မျိုးစေ့ချပီးရင် ဘယ်လောက်ကောင်းတဲ့မြေသြဇာပဲကျွေးနေပါစေ၊ အပင် သန်မာပီးအသီး သီးလာဖို့ အတွက်တော့ ပုံမှန်မြေသြဇာကျွေး၊ရေလောင်းရင်းနဲ့ စိတ်ရှည်လက်ရှည်စောင့်ရပါတယ်။Body Transformation ပဲဖြစ်ဖြစ်၊ Business အတွက်ပဲဖြစ်ဖြစ် ကောင်းမွန်သော ဖြစ်တည်မှုတိုင်းအတွက်၊ အချိန်ယူရပါတယ်။ လေ့ကျင့်ခန်း လုပ်ချိန်မှာ ချွေးထွက်ခြင်းနဲ့ ကြွက်သားတွေနာကျင်ခြင်းက workout Session ကို Efficient ဖြစ်မဖြစ် တိုင်းတာတဲ့Indicator မဟုတ်တာသတိပြုပါ။Body Temperature မြင့်တက်လာရင် ပုံမှန်Temperature ရောက်အောင် ထိန်းညှိဖို့ ချွေးထွက်လာမှာပဲ။ ကြွက်သားတွေဟာလည်းပုံမှန်ထက်ပိုတဲ့ intensity & လေ့ကျင့်ခန်းအပြောင်းအလဲလုပ်ရင် ခံစားရမှာပဲ။ သင့်အနေနဲ့ အထက်ပါ condition 2-ခုကို နှစ်သက်ဆိုရင် သင့်သဘောပါ။ဒါပေမဲ့ အဲ့ဒါက workout Efficiency indicators မဟုတ်တာ သတိပြုပါ။

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSA#Transformation#Strength

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta