သက်ရှည်ကျန်းမာနုပျိုခြင်းရဲ့အုတ်မြစ် ဟာ - MFTA

သက်ရှည်ကျန်းမာနုပျိုခြင်းရဲ့အုတ်မြစ် ဟာ

သက်ရှည်ကျန်းမာနုပျိုခြင်းရဲ့အုတ်မြစ် ဟာ ကြွက်သားပဲဖြစ်ပါတယ်။ Sarcopenia ဆိုတာဟာ အသက်အရွယ်ရလာတာနဲ့အမျှ သဘာဝအလျောက် ခန္ဓာကိုယ်မှ ကြွက်သားပမာဏ လျော့ကျသွားတဲ့ ဖြစ်စဉ်ပဲဖြစ်ပါတယ်။ Use it or Lose it လိုပြောစမှတ်ပြုကြပါတယ်။ Muscle Strength ဟာ Muscle Massနဲ့တိုက်ရိုက်အချိုးကျပါတယ်။အသက် ၄၀-၅၀ကြားမှာ ကြွက်သားပမာဏ ၈% လောက်အထိလျော့ကျပီး၊ အသက် ရ၅ ကျော်ရင် ၁၅% နှင့်အထက်လျော့ကျသွားမယ်လို့ သုတေသန တွေကဆိုပါတယ်။ sarcopenia ဘာေဲကြာင့်ဖြစ်ရသလဲဆိုရင်၊ အသက်အရွယ်ကြောင့်ကြုံရမဲ့Functional limitations & Disability တွေကြောင့် သဘာဝက muscle mass ကိုလျော့စေတာပါ။

Muscle mass က Fountain of youth ဆိုရင်၊

Muscle Strength က mortality နဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။

Muscle Mass နဲ့ Muscle Strength ဟာတိုက်ရိုက်အချိုးကျကြောင်းကို အထက်မှာ တင်ပြခဲ့ပီးဖြစ်ပါတယ်။

Muscle mass and strength ကျလာပီဆိုတာနဲ့

အမှတ် -၂ အမျိုးအစားဆီးချို (T2DM)

Cardiovascular Diseases (CVD)

Frailty and disability

falls and fractures တွေဖြစ်နိုင်ချေ Risksတွေတိုးလာမယ်။

(Muscle mass ရဲ့ကောင်းကျိုးတွေရေးခဲ့ပီးသားပါ။ပြန်ရှာဖတ်ပေးပါ။)

ဇရာကိုအံတုနိုင်ဖို့၊ ကျန်းမာသန်စွမ်းဖို့ ၊နုပျိုဖို့ အနာရောဂါကင်းဖို့ အတွက် Muscle Mass လျော့ကျမသွားအောင်၊ ကြိုးစားရပါမယ်။ တစ်ခုတည်းသောအဖြေက Resistance Training ပါ။ Resistance Training ဆိုတာGym သွား အလေးမ လေ့ကျင့်ခန်းတွေပဲမဟုတ်ပါဘူး။ Gravity ကို resist လုပ်ပီးလေ့ကျင့်တဲ့ စနစ်အားလုံးပါဝင်ပါတယ်။ခုလို Home stay ကာလမှာ မိမိအဆင်ပြေရာTools တွေသုံးပီးလေ့ကျင့်နိုင်ပါတယ်။

Health and Fitness industry ရဲ့ Godfather တစ်ယောက်ဖြစ်တဲ့ Jack Lalanne ရဲ့ အဆိုအမိန့်လေးတစ်ခုနဲ့အဆုံးသတ်ပါမယ်။I don’t exercise to add years to my life ,I exercise to add life to my years ပါတဲ့ဗျာ။

ကျန်းမာသက်ရှည်ကြပါစေ

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta