ဝိတ်ချလိုက် ပြန်တက်လာလိုက် သံသရာလည်နေသူများအတွက် အကြံပြုချက် - MFTA

ဝိတ်ချလိုက် ပြန်တက်လာလိုက် သံသရာလည်နေသူများအတွက် အကြံပြုချက်

ဆယ်စုနှစ်အတွင်း ကျွန်တော့်ထံရောက်လာတဲ့ဝိတ်ချလိုသူ ၉၉% က နှစ်လ /သုံးလအတွငိးပေါင် ၂၀-၃၀ ကျချင်တယ်ဆိုတာချည်းပဲ။သူတို့ ထဲက ယခင်ဒိုင်းယက်လုပ်ဖူးသူအားလုံးဟာ Yo Yo diet သံသရာထဲကမထွက်နိုငိကြသူတွေဖြစ်ပါတယ်။ ဆိုလိုတာကဗျဒိုင်းယက်ကို extreme လုပ်ဝိတ်တွေထိုးကျဒိုင်းယက် ရပ်တာနဲ့ ဝိတ်တွေပြန်တက် အခန့်မသင့်ရင်ပိုတက် တဲ့သံသရာထဲလည်နေသူများပေါ့ဗျာ။အများစုက အမျိုးသမီးတွေပါ။ဒီဆောင်းပါးမှာတော့ထိုပုဂ္ဂိုလ်များအတွက်အကြံပြုပေးပါ့မယ်။

ဒိုင်းယက်လုပ်ပီဆိုတာနဲ့ ယခင်အကျင့်Lifestyle အားလုံးကို ချက်ခြင်းပြောင်းလဲလိုကိခြင်းပါ။ ဤအချက်သည်ပင်လျင်Fail ဖြစ်စေတဲ့ပင်မအကြောင်းတရားပါ။Lifestyle change မယ်ဆိုရင်မိမိအတွက် မဖြစ်မနေပြုပြင်ရမဲ့ အကျင့် ၁-ခုမှ အများဆုံး၃-ခုသာ စပြင်ပါ။ ထိုအရာတွေက အကျင့်အသစ်အဖြစ်ပြောင်းလဲသွားမှာမှ နောက်ထပ်Change လုပ်ရမဲ့ အဓိက အကြောင်းတရားရွေးချယ်ပါ။

နှစ်လအတွင်း ပေါင် ၂၀- ချမယ်ဆိုတဲ့Time- based goal အယူအဆကိုမြေမြှုပ်ပါ။ပေါင် ၂၀-ချဖို့ လိုအပ်တယ်။စွဲစွဲမြဲမြဲအကောင်းဆုံးကြိုးစားမယ်ဆိုရင်ရပီ။ကလေးမီးဖွားသလိုမျိုး Due date သတ်မှတ်ပီး အချိန်နဲ့ အားမပြိုင်ပါနဲ့။

ဝိတ်ချတဲ့ခရီးရှည်မှာ အမှားတွေအများကြီးလုပ်မိကောင်း လုပ်မိနိုင်ပါတယ်။ အမှားတွေကိုပဲကြည့်ပီးခံစားနေရင်ခင်ဗျားကိုထားပီးနောက်တယောက်ယူသွားတဲ့EX ကို တသသလို ခံစားနေရင်ခင်ဗျားတကယ်ရှုံးပီ။အမှားတွေကို သင်ခန်းစာလို့ မြင်ပီး ထပ်ကြိုးစားရင်၊ အောင်မြင်မှုက သင့်အတွက်ပါပဲဗျ။

Motivation ဆိုတာ ထိုင်နေရင်းရလာတာမဟုတ်ဘူးဗျ။ တနိုင်တပိုင်လုပ်ဆောင်ချက် >ရလာဒ် > မိုတီဗေးရှင်းဆိုတာဖြစ်လာတာဗျ။

ဒီတော့ဗျာ ခင်ဗျား ဘယ်လောက် fail ဖြစ်ခဲ့ပီးပီလဲ? ဘယ်လောက်ဝနေလဲ? ဘယ်လောက်နည်းတဲ့အားထုတ်မှုပဲပေးနိုင်ပါစေ ကျွန်တော်ဂရုမစိုက်ဘူးဗျ။ ခင်ဗျားသာ တစ်ကယ် စိတ်ရှည် လက်ရှည်အချိန်ပေးနိုင်မယ် ဆိုရင် ကျွန်တော့်ကို ဆက်သွယ်ပါ။၂၀၂၂-မှာ (နားထားတာကြာပီဖြစ်တဲ့)ထိုက်တန်တဲ့ကြေးနဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ လူဦးရေတော့ကန့် သတ်ထားပါတယ်။

စိတ်ရှည်လက်ရှည်ဆိုတဲ့စကားလုံးကြောင့်အမြန် ဝိတ်မချနိုင်ဘူးလား? မမေးနဲ့။ ၂-လ၃-လ နဲ့ body Transformation လုပ်ပေးထားသူတွေတောင်ပုံယာပုံပါ။( extreme တွေခေါက်ထားစမ်းပါ)Fitness နဲ့ပါတ်သက်ရင်ကြိုက်တာပြော ကျုပ်က ဒီနိုင်ငံမှာ Pioneerဗျ။ ဒီပို့ စ်က ဝိတ်ချဖို့ ခက်နဲ့ သင့်မိတ်ဆွေတစ်စုံတစ်ယောက်အတွက် အကျိုးရှိနိုင်တာမို့ မန်းရှင်းခေါ်ပါ။ သို့ မဟုတ် share ခြင်းဖြင့်သင့်စေတနာကိုပြပါ။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academywww.myanmarfitnesstraineracademy.com#FitMyanmarProject#YourCoach#MakeMyanmarFit#WeightManagementGuru#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach#ဝိတ်ချခြင်းအနုပညာ

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta