လေ့ကျင့်မှုမစတင်ခင်သတိပြုပါ။ - MFTA

လေ့ကျင့်မှုမစတင်ခင်သတိပြုပါ။

လူကြီးဖြစ်စေ လူငယ်ဖြစ်စေ မကျန်းမာသူဖြစ်စေ နာလန်ထ လူမာတစ်ဦးဖြစ်စေ ကိုယ်ကာယ လေ့ကျင့်မှု အစီအစဉ်များ ပြုလုပ်လိုလျှင် မဖြစ်မနေတိုင်ပင်သင့်သည့် ပုဂ္ဂိုလ်(၂)ဦးရှိပါသည်။ ၎င်းတို့မှာ(၁)ဆရာဝန်နှင့် (၂)နည်းပြဆရာ တို့ဖြစ်ကြပါသည်။ ဆရာဝန်က အထွေထွေ ကျန်းမာရေးအခြေအနေနှင့် သိသင့်သိထိုက်သည့် အရေးပါသော အချက် အလက်အချို့ကို စစ်ဆေးပေးရပါသည်။

ဥပမာ-ထိုပုဂ္ဂိုလ်တွင် နှလုံးရောဂါများ ရှိမရှိကို စစ်ဆေးပေးရပါသည်။ လိုအပ်ပါက ဓါတ်မှန်များပင်ရိုက်ရပါသည်။ ထို့အပြင် ထိုသူ၏ ရောဂါဝေဒနာဖြစ်မှု မှတ်တမ်း၊ လက်ရှိဆေးဝါးများ မှီဝဲနေရခြင်း ရှိမရှိနှင့် ထိုသူ၏ အရိုးအဆစ်ကြွက်သားများ၏ အခြေအနေတို့ကို စစ်ဆေးပြီး အားလုံးအခြေအနေ ကောင်းမွန်မှသာလျှင် ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ရန် ထောက်ခံပေးမည်ဖြစ်ပါသည်။ ကိုယ်ကာယ လေ့ကျင့်ခန်းများနှင့် အားကစားလေ့ကျင့်မှုများပြုလုပ်ရန် ဆရာဝန်၏ ထောက်ခံချက်ရရှိ ပြီးလျှင် အားကစာနည်းပြဆရာ (သို့မဟုတ်) လေ့ကျင့်ရေးမှူးတစ်ဦးဦးနှင့် တိုင်ပင်ဆွေးနွေးရပါမည်။ မိမိနှင့် သင့်တော်သည့် လေ့ကျင့်မှု အစီအစဉ် (Training Programme) ကိုရေးဆွဲခိုင်းရပါမည်။ ဆရာမထားဘဲ မိမိဖာသာ “ရမ်း”ပြီးကစားခြင်းသည် မျှော်မှန်းသည့် တိုးတက်မှုကို မရရှိစေရုံသာမက လေ့ကျင့်မှုလွန်ကဲခြင်း (Overtaining) နှင့် ထိခိုက်ဒါဏ်ရာရှမှုများ (Injuries) တို့ဖြစ်စေနိုင်ပါသည်။

အထူးသဖြင့် လေ့ကျင့်လိုသူတစ်ဦးသည် မိမိ၏ ရည်မှန်းချက်များကို၊ ဆရာဝန်နှင့် နည်းပြဆရာတို့ထဲတွင် ပွင့်ပွင့်လင်းလင်း တင်ပြရမည်ဖြစ်ပါသည်။ မိမိရည်မှန်းချက်သည်

1️⃣ပိုပြီး နေထိုင်ကောင်းရုံအတွက်လား

2️⃣ကြွက်သားကြီးထွားမှုအတွက်လား

3️⃣ ကြွက်သားခွန်အား သန်စွမ်းမှုအတွက်လား

4️⃣ကိုယ်ခန္ဓာပျော့ပျောင်းမှု အတွက်လား

5️⃣ဝလွန်းသဖြင့် အဆီချလိုမှုအတွက်လား

– စသည့် မိမိ၏ရည်မှန်းချက်များကို အသေအချာ ပြောပြ ရမည်။ သို့မှသာ၊ ဆရာဝန်က လိုအပ်သည့် အထူးစစ်ဆေးမှုပြုလုပ်ပြီး သင့်တော်သောအကြံဉာဏ်များပေးနိုင် မည်ဖြစ်ပါသည်။ နည်းပြ/လေ့ကျင့်ရေးမှူးဆရာကလည်း မိမိနှင့် သင့်တော်မည့် လေ့ကျင့်ရေး အစီအစဉ်များကို ရေးဆွဲပေးနိုင်မည်ဖြစ်ပါသည်။

ဖြစ်နိုင်လျှင် အစားအသောက်အဟာရဗေဒကျွမ်းကျင်သူများ (ဆရာဝန်/နည်းပြ ဆရာ)နှင့်ပင် တိုင်ပင်သင့်ပါသည်။ သို့မှသာ ပိန်သောသူများ မည်သို့တိုးစားရမည်။ ဝသောသူများမည်သို့ လျှော့စား ရမည်။ ကျန်းမာကြံ့ခိုင်မှုကို အကျိုးမပြုသည်။ မည်သည့်အစားအသောက်များကို ရှောင်ရှားသင့်သည် စသည့် အာဟာရ စည်းကမ်းများကိုလိုက်နာနိုင်မည် ဖြစ်ပါသည်။

#အောင်အောင်_လှိုင်#workout#fitness#gym#motivation#fitnessmotivation#fit#training#bodybuilding#health#fitfam#lifestyle#gymlife#exercise#healthy#love#muscle#healthylifestyle#sport#instagood#personaltrainer#crossfit#gymmotivation#workoutmotivation#cardio#strong#fitspo#fitnessmodel#weightloss

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta