လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့ ကစားသမားတွေ ၊ အားကစား Training တွေမှာ Active Recovery ဆိုတဲ့ရက် ထားရတယ်။
အချိန်ညှစ်ထုတ် လေ့ကျင့်ခန်းလုပ်သူတွေ၊ စနစ်တကျ စတင်ချင်သူတွေ အတွက်ဆိုရင် Active Light Activities တွေ နဲ့ Match ဖြစ်တယ်။
ပုံသေသတ်မှတ်ထားတဲ့ ၊ Form သတ်မှတ်ချက်များတဲ့ ၊ ဝန်အရမ်းသုံးရတဲ့ လေ့ကျင့်ခန်းတွေ မလုပ်ပဲ ကိုယ့်ခန္ဓာကိုယ်ရဲ့ Performance အတွက် အရေးကြီးတဲ့…
Flexibility, Mobility, Balance နဲ့ Fundamental Movement တွေ ၊ Natural Movement တွေ နဲ့ စတင်နိုင်တယ်။
ဒီလိုပြောလို့ ဒါတွေက အရေးကြီးမလိုအပ်တဲ့ Basic ပဲ ၊ Beginner အတွက်ပဲလို့ လျှော့တွက်ရင်မှားတယ်။
Daily Life မှာ ပြင်ပ Accident နဲ့ ကံတရားကြောင့်ကလွဲရင်…
ကြုံလာရတဲ့ ထိခိုက်ဒဏ်ရာရမှု ၊ အရွယ်မတိုင်မှီ မသန်စွမ်းချိနဲ့မှုတွေက ဒီအချက်တွေအားနည်းလို့ဖြစ်တာ။
#HPS#HumanPerformanceSpecialist