ရင်အုပ်နှင့်ဝမ်းဗိုက်မှာ အဆီစု​နေပြီလား - MFTA

ရင်အုပ်နှင့်ဝမ်းဗိုက်မှာ အဆီစု​နေပြီလား

ကမ္ဘာပေါ်တွင်အမေရိကန်နိုင်ငံမှာ အဝလွန်သူများ များပြားသောနေရာဖြစ်သည်။ အချို့နိုင်ငံများတွင် အဝလွန်သူရာခိုင်နှုန်းမှာ ၁၀ နှစ်အတွင်းတွင် ၁၀၀% ထက်ပင် ကျော်လွန်ခဲ့ပြီး အကန် အသက်မရှိ များပြားလာခဲ့သည်။ သို့သော် အဆီများအားလုံး တည်ဆောက်ပုံ မတူညီပါ။တင်ပါးနှင့် ခြေထောက်တွင် အဆီများရှိခြင်းမှာ ဆိုးပုံပေါ်သော်လည်း ဝမ်းဗိုက်တွင် အဆီရှိခြင်းမှာ အလွန်ဆိုးဝါးပါသည်။

ဝမ်းဗိုက်အဆီရှိသူ အသက် ၄၂ နှစ်နှင် ၆၀ ကြားအမျိုးသားများသည် ဝမ်းဗိုက်အဆီ မရှိသူ အမျိုးသားများထက် နှလုံးရောဂါဖြစ်နိုင်ချေ ၃ ဆ ပိုများပါသည်ဟု Finland နိုင်ငံ သိပ္ပံပညာရှင် များက တွေ့ရှိ ခဲ့သည်။ဝမ်းဗိုက်အဆီများလာခြင်းသည် သွေးတိုးစေပြီး သွေးတွင်းအဆီများလာစေသော အင်ဆူလင်ဟော်မုန်း ဓာတ်များလာ ခြင်းကြောင့်ဖြစ်သည်ဟု သိပ္ပံပညာရှင်များကဆိုကြသည်။

ဝမ်းဗိုက်ပူပြီး အထိုင်များသူ ဆေးလိပ်သောက်သူအမျိုးသားများသည် နှလုံးရောဂါဖြစ်နိုင်ချေ ပိုများပါသည်။လေ့ကျင့်ခန်း လုပ်ပြီး အစားအနည်းငယ်စားသူများမှာ ကျမ်းမာရေးပိုမိုကောင်းမွန်ပြီး သိသိသာသာ ဝိတ်ကျသွားသည်ကိုတွေ့ရှိရသည်။မိတ်ဆွေ အသက်ရှည်ချင်ရင် အစားအသောက်အနေအထိုင်ဆင်ခြင်ပါ။ပုံမှန်လေ့ကျင့်ခန်းပြူလုပ်ပါလို့တိုက်တွန်းပါရစေ။

#အောင်အောင်_လှိုင်#FatLoss#Belly#Chest#Fat#Healthy#Diet#Exercise#HomeWorokout#heartdisease#smoker

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta