မြန်မာလူမျိုးတွေ မသိခဲ့တဲ့ "Movement Competence " - MFTA

မြန်မာလူမျိုးတွေ မသိခဲ့တဲ့ “Movement Competence “

“Movement competence ” ဆိုတာ MFTA ရဲ့ သင်တန်းအသစ်ဖြစ်တဲ့ “Perform -Max Training System ” မှာသာ သင်ကြားပေးထားတဲ့ Phase တစ်ခု ဖြစ်ပါတယ်။

PMS course Batch-5 မကြာခင် စတင်တော့မှာ ဖြစ်တဲ့အတွက်…

သင်တန်းက အကြောင်းအရာတွေကို မသိသေးသူတွေအတွက် အနည်းငယ် မျှဝေပေးချင်ပါတယ်။

လူ့ခန္ဓာကိုယ် မှာ လှုပ်ရှားနိုင်တဲ့ လှုပ်ရှားမှုပုံစံ ဘယ်လောက်များမယ်ထင်လဲဗျ။

တွေးကြည့်ပါ ၊

လမ်းလျှောက်နိုင်တယ်၊ ပြေးနိုင်တယ် ၊ ကဆုန်ပေါက်နိုင်တယ်၊ ခွကျော်နိုင်တယ်၊ လှိမ့်နိုင်တယ်၊ ပစ်နိုင်တယ် ဖမ်းနိုင်တယ်၊ဝမ်းလျားတွားသွားနိုင်တယ်၊ ထိုင်ချနိုင်တယ်၊ ထိုင်ရာက ထ နိုင်သလို ခုန်နိုင်ပြန်တယ်၊ လွှဲနိုင်တယ်၊ တိုက်ခိုက်နိုင်ကြတယ်၊ ခုခံနိုင်ကြတယ်၊ တွဲလျောင်းခိုနိုင်တယ်၊ အများကြီးဆိုမှ အများကြီးတွေ့ရမယ်။

ဒါတွေအကုန်လုံးကို Natural Movement တွေလို့ခေါ်ပါတယ်။

ကျုပ်တို့ခန္ဓာကိုယ်ဟာ လှုပ်ရှားဖို့ပဲ။

အဲ့ဒီအထဲမှာမှ လူ့တစ်သက်တာ နေ့မနား ၊ ညမနား သေသည်အထိ အင်မတန်ကြီးမားတဲ့ လှုပ်ရှားမှု အစဉ် ကြီးတစ်ခု ရှိသေးတယ်။

“အဲ့တာက အသက်ရှုခြင်းပဲ”

ကျန်းမာရေး ၊ စိတ်ပိုင်းဆိုင်ရာ နဲ့ ဘာသာရေး ကျင့်စဉ် များအရ အသက်ရှုခြင်းကို တစ်ကမ္ဘာလုံး အလေးထားပြီး ဂရုစိုက်လာကြပြီ။

———————

ဆက်ရရင်

အဲ့ဒီလို လှုပ်ရှားနိုင်သမျှ ပုံစံတွေကို အနှစ်ချုပ် အုပ်စုခွဲ လိုက်တဲ့အခါ….

အုပ်စု ၃ ခု တွေ့ရမယ်။

Locomotive /Non-Locomotive နဲ့ Combative ဆိုပြီးတော့ရှိတယ်။

Locomotive Pattern မှာ နေရာရွေ့သွားလာ လှုပ်ရှားမှု အကုန်ပါတယ် ၊

(လမ်းလျှောက်တာက စလို့ မျှောက်လွှဲကျော် လို ကိုင်းကူးသွားတာကအဆုံး အကုန်ပါတယ်)

—————-//////

Non-Locomotive Pattern မှာတော့ တစ်နေရာတည်းမှာရှိနေပေမယ့် ပုံစံ ကူးပြောင်းနိုင်တဲ့ ကြားနေ Pattern တွေ အကုန်ပါတယ်။ (ကုန်း တာ ၊ ကွတာ ၊ ထိုင်တာ ၊ ထတာ အကုန်)

ဒီ Pattern တွေကို Transitional Pattern တွေလို့လည်းခေါ်တယ်။

ဥပမာ – ထိုင်နေခြင်းက နေရာ မရွေ့နိုင်ပေမယ့် ခုန်မလား ၊ ထမလား မည်သည့်ပုံစံကိုမဆို ပြောင်းနိုင်တယ်။

အများစုလူတွေ Gym ဆော့ရင်

ဒီ Pattern တွေမှာပဲ ပိတ်မိနေကြ ပြီး၊ ဒါတွေကိုပဲ Long Term Strength Development လုပ်နေခဲ့ကြတယ်။

မကောင်းဘူးလားဆိုတော့ ၊ ကောင်းတယ်။

ဒါပေမယ့် မစုံလင် ။

လက်တွေ့ဘဝမှာလည်း အခြေခံအကျဆုံး အားစိုက်လုပ်ရတဲ့ လှုပ်ရှားမှုတွေမှာ Squat ၊ Lunges ၊ Push ၊ Pull ၊ Carry ဒါတွေပဲ များတယ်။

ဒါကြောင့် Gym တွေမှာ သုံးတဲ့ ကာယဗလ လေ့ကျင့်ခန်းတွေက ဒီ Fundamental Pattern ၅ ခုကိုပဲ Exercise အဖြစ် Modified လုပ်ထားကြတယ်။

Carry pattern ကိုတောင် Strength Man /Crossfit သမားတွေသာ ထည့်သွင်း လေ့ကျင့်ကြတယ်။

နောက်ပိုင်း Fitness Training အယူအဆတွေမှာတော့ Human Performance ကို အဓိက အာရုံစိုက်လာကြတာ ဖြစ်လို့ ၊Natural Movement ဘယ်လောက် ဆုံးရှုံးနေလဲ ၊ Key Performance Indicators (KPI) ဘယ်လောက်ကောင်းလဲ ဆိုတာ တွေ လွှမ်းမိုးလာကြတယ်။

—————–////

နောက်ဆုံး Combative Pattern တွေကတော့ လူ့သဘာဝ Defensive Reflex တွေကနေ တစ်ဖြည်းဖြည်း စနစ်တကျ ခုခံ တိုက်ခိုက်တတ်ဖို့ Modified ဖြစ်သွားတဲ့ သိုင်းပညာ ရပ်အားလုံး ပါဝင်ပါတယ်။

——————/////

ဒီ အုပ်စု သုံးခုကို Training နဲ့ ပြန်လည် ပြည့်စုံအောင် ရယူလေ့ကျင့်နိုင်ဖို့…

လူတွေ လေ့ကျင့်ရမည့် “Fitness Components ” ၂ ခုပဲ ရှိတယ်။

“Health Related နဲ့ Skill related Movement Training ” တွေပါပဲ။

—————————-

ကျွန်တော် Wai Yan Phyo ပါ။

MFTA က အသစ် ဖွင့်ထားတဲ့ Perform Max သင်တန်းရဲ့ Course Creator /Educator ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ Dr.John Rusin ရဲ့ အသိမှတ်ပြု Pain Free Performance Specialist အောင်မြင်ထားပါတယ်။

#NASM#Approved

#PPSC#Provider

#FixToFit#Myanmar

#Training#System#Creator

#Registered#Specialist

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta