မေးလို့ ဖြေမယ် - MFTA

မေးလို့ ဖြေမယ်

မေး ဆရာ သိချင်တာလေးတစ်ခုလောက်မေးချင်လို့ ပါဗျ အဆီချတဲ့လူမှာလေ တစ်ချို့ မိန်းကလေးတွေ လူကြီးပိုင်းတွေပေါ့နော် သူတို့ ကလူတွေကတော့ အဝတွေပဲဗျ ဒါပေမဲ့ သူတို့ အသားတွေက ပျော့ပြီးဝတာမဟုတ်ပဲ ကျစ်ပြီး ဝနေတဲ့လူတွေကြတော့ သူတို့ အလေးနဲ့ ကစားရင် အကြိမ်အကျော့တူတူကစားလို့ ရလားဗျ

ဖြေ ညီရေ မေးခွန်းတွေကိုလိုတိုရှင်း ဖြေရမယ်ဆိုရင် ပထမဆုံးသိထားရမှာက Fitness သည်သိပ္ပံနည်းကျအားကစားနဲ့ဘဝနေထိုင်မှုနည်းစနစ်ဆိုတာမှတ်ထားပါ။အကိုတို့ ရှု့ထောင့်ကနေပြောမယ်ဆိုရင်
-လူတယောက် အသားကျစ်တာ ပွတာတွေဆိုတာထက် သူ့ ရဲ့ ကိုယ်အလေးချိန်
-Fat%
-BMR နဲ့
-Activity level တွေကိုပဲဆန်းစစ်ပါတယ်။အဲ့အပေါ်မူ
တည်ပီး Training plan တွေ Diet plan တွေကွဲပြား
သွားတာပါ။


မေး ၁-အသားကျစ်နေတဲ့လူတွေ မိန်းကလေးတွေပေါ့နော် ပေါင်ချိန်ကျချင်ရင် ဘယ်လိုတွေလုပ်ရလဲဆရာ
၂- ပြီးတော့ နောက်တစ်ခုက ပေါင်ချိန် ၂၀၀ ၃၀၀ သမားတွေ သာမှန်လူတွေထက် အသားတွေပိုပြီးပျော့တွဲနေတယ်ဗျ အဲ့လိုပျော့တွဲနေတဲ့လူတွေကို အသားတွေပြန်လည်တင်းရင်းလာအောင်အသားတွေပိုစားပေးရမယ် အလေးနဲ့ ကစားတဲ့အချိန်မှာ သာမှန်ထက်လေးတဲ့အလေးဝန်တွေနဲ့ လေးကျင့်ပေးရမယ် ဆိုပြီးသိထားတယ်ဗျအဲ့တာဟုတ်လားဗျ
၃-အသားကျစ်ပြီးဝနေတဲ့လူတွေကိုအသီးအရွက်ပိုစားခိုင်းရတယ်လို့ သိထားတယ်ဗျ မနက်တစ်ကြိမ်ညတစ်ကြိမ် သံပုရာသီနဲ့ ပျားရည်သောက်ခိုင်းရတယ်ဆိုတာလေးကောသိထားတယ်ဗျ ဟုတ်လားဆရာ


ဖြေ ၁-ကျားဖြစ်စေ မဖြစ်စေ အဆီကျချင်ရင်

Resistance training +cardio training +Calories reduction = Long term fat loss

၂-အသားဓါတ် ဘယ်လောက်လိုလဲဆိုတာကပထမဆုံးသော မေးခွန်းမှာဖြေထားတဲ့ အချက်တွေကိုအခြေခံပီး တနေ့ တာလိုအပ်သော ကယ်လိုရီကိုတွက်ချက်ရယူပီး အသားဓါတ်ကို လိုအပ်တဲ့ပမာဏကိုတွက်ယူရတာပါ။ အသားပျော့တာ မာတာနဲ့ မဆိုင်ပါဘူးဗျာ။
၃-အရွက်စားသုံးခြင်းသည် Balance dietရဲ့ မရှိမဖြစ် အစိတ်အပိုင်းတခုပါ။မည်သူမဆို မည်သည့် Fitness goal မဆို စားသောက်ရမဲ့ အစားအစာပါ။ပျားရည်နဲ့ သုံပုရာက အဆီကျစေမယ်ဆို ကမ္ဘာမှာGym တွေရော Trainers တွေရော အာဟာရပါရဂူတွေရော ဘယ်လိုတော့မလဲ စဉ်းစားပါညီ


မေး တစ်ချို့မိန်းကလေးတွေ ဗိုက်မှာအဆီနည်းတယ်ဗျ သူတို့ ဗိုက်ကြွက်သားထွက်ချင်ရင်ဘယ်လိုတွေလေ့ကျင့်ရလဲဗျ။


ဖြေ အားမနာတမ်းပြောရယင် အဲ့ဒါလည်းဂျင်းမိန်းကလေးအတော်များများက gym ကစားရင်းဗိုက်လေးလှန်တင် အရာလေးပြပီး ဗယ်လီဘာညာပေါ့။တချို့ ကလည်း မောနင်းabs ဘာညာဆိုတာကပါသေး တကယ်တော့ အရေပြားက အရာလေးထင်တာပါ။လက်ညှိုးနဲ့ ထိုးကြည့် ပျော့စိနေမှာ။ ဗိုက်ကြွက်သားထွက်ချင်ရင် ဗိုက်ကြွက်သား လေ့ကျင့်ခန်းတွေလုပ် ခန္ဓာကိုယ် အဆီပမာဏ နည်းလေဗယ်လီပေါ်လေပါပဲ။ ကဲကျေနပ်မယ်ထင်ပါတယ်။အဆင်ပြေကြပါစေဗျ။


Copy ယူသူများ အပြည့်အစုံယူပါ။ဖြတ်ညှပ်ကပ်မလုပ်ပါနဲ့

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

naing_oo_119

muscle_professor

FitMyanmarProject

MakeMyanmarFit

MFTA

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta