မိဘ/ဘိုးဘွားများ wheel chair ပေါ်မရောက်ဖို့ ဆိုရင် - MFTA

မိဘ/ဘိုးဘွားများ wheel chair ပေါ်မရောက်ဖို့ ဆိုရင်

ကျွန်တော်တို့ ပါတ်ဝန်းကျင်မှာ ကြားဖူးနေကြတဲ့ပြသနာတစ်ခုက သက်ကြီးရွယ်အိုတွေ ချော်လဲကျပီး၊ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကြုံဖူး ကြားဖူးကြမှာပါ။

အဲ့လိုဖြစ်ရတဲ့ အခြေခံ အကြောင်းအရင်းက၊အသက်အရွယ်ရလာတာနဲ့ အမျှ လူ့ ခန္ဓာကိုယ်ကဟန်ချက် balance ထိန်းနိုင်စွမ်းတွေလျော့ကျလာတာရယ်၊ ကြွက်သားတွေ အားနည်းလာတာရယ်ကြောင့်၊ ပုံမှန်ထိုင်ထ သွားလာ လမ်းလျောက်ရုံနဲ့ချော်လဲခြင်း၊ ကျိုးပဲ့ ခြင်းတွေကြုံရပါတယ်။(အမြင်အာရုံ အားနည်းမှုနဲ့ လည်းဆိုင်ပေမဲ့ ဒီပို့ စ်ရဲ့ မျှဝေလိုတဲ့ topicမဟုတ်လို့ ကျော်သွားပါရစေ)

အသက် ၆၅ နှစ်နှင့်အထက် လူကြီးများရဲ့ ၃ပုံ ၁ပုံဟာ ထိုသို့ ချော်လဲခြင်းကို ကြုံတွေ့ ရပါတယ် ထိုပြသနာကို ဖြေရှင်းဖို့ သုတေသနတွေပြုလုပ်ကြရာ 1990 ကျော်ကာလ ပါတ်ဝန်းကျင်မှာ၊ပညာရှင်တွေက လူကြီးတွေအတွက် modified Plyometric exercises တွေ လုပ်ခြင်းက အကျိုးရှိတယ်လို့ မျှဝေခဲ့ ကြပါတယ်။

ပိုပီးအားရစရာကောင်းတဲ့ လေ့လာတွေ့ ရှိချက်အသစ်တွေက ဘာပြောသလဲ ဆိုရင်သက်ကြီးရွယ်အိုတွေအတွက် Resistance Training ( ဖရီးဝိတ်တွေနဲ့ လေ့ကျင့်ခြင်းက)တွေပြုလုပ်ခြင်းက၊ ဟန်ချက်ထိန်းနိုင်စွမ်းနဲ့ ကြွက်သားသန်စွမ်းမှုအတွက် အကောင်းဆုံးပါလို့ တင်ပြထားကြပါတယ်။

Resistance Training တွေက သက်ကြီးရွယ်အိုတွေရဲ့ ချော်လဲကျနိုင်ချေကို ၃၅% အထိလျော့ချပေးနိုင်ပါသတဲ့ဗျာ။ Resistance Training တွေရဲ့ နောက်ထပ်အားသာချက် တစ်ခုက၊ သွေးဆုံးပီးသားအရွယ်အမေအိုတွေရဲ့ Bone density ကိုတိုးတက်စေတဲ့အတွက် မတော်တဆ ချော်လဲခဲ့ရင်တောင် ကြုံရမဲ့ဆိုးကျိုးတွေကို လျော့ချနိုင်ပါတယ်။

ဒီတော့ဗျာ ကိုယ်ချစ်တဲ့ မိဘ ဘိုးဘွားတွေကိုကျန်းမာ အသက်ရှည်စေချင်ရင် Gym ကစားခိုင်းပါ။

မှတ်ချက်- ကျွန်တော် Gym မဖွင့်ထားပါ။ ချစ်လို့ ပြောတယ် မှတ်ပါ။

Sherrington C, et al. Exercises for Preventing falls in older people

Living In The Community: An Abridgged Coachrane

Systematic Review. Br J Sports Med. 2020;54(15):885-891

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#SeniorFitness#coachnaing#StrengthTraining#GymWorkouts#photocredit

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta