MFTA (Myanmar Fitness Trainer Academy) ရဲ့ သင်တန်းတွေအားလုံးကို သင်ကြားပို့ချပေးတဲ့နေရာမှာလည်း မိတ်ဆွေတို့ရဲ့ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက ကူညီရာရောက်ပါစေဆိုတဲ့ စေတနာ၊ မေတ္တာရှေ့ထားပြီး အားသွန်ခွန်စိုက် လုပ်ဆောင်လျက်ပါ။
အတန်းတိုင်းကိုလည်း စာတွေ၊ ပုံတွေအပြင် ဗီဒီယိုဖိုင်၊ အသံဖိုင်၊ ထပ်မံလေ့လာနိုင်တဲ့ Reference Link တွေကိုပါ ရှာဖွေရှင်းလင်းပြသပေးတဲ့အပြင် Course တွေပါမက သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကိုပါ Knowledge Sharing လုပ်ဆောင်ပေးလို့ အတန်းသူ၊ အတန်းသားတိုင်းရဲ့ Feedback ကောင်းတွေကို အမြဲကြားနေရတာပေါ့။
မသိတာရှိရင်လည်း သေသေချာချာ အကျယ်တ၀င့် ရှင်းရှင်းလင်းလင်း ဖြေကြားပေးနေတာပါ။ Client တွေရဲ့ ကျန်းမာရေးအသိနဲ့ အကျိုးတစ်စုံတရာရရှိသွားရင်ပဲ ကျွန်တော်တို့အတွက်တော့ တကယ့်ကိုအားဆေးတစ်ခွက်ပါပဲဗျာ။
#myanmar_fitness_trainer_academy