မပြောဘဲသိရမဲ့Gym ထဲကယဉ်ကျေးမှုများ - MFTA

မပြောဘဲသိရမဲ့Gym ထဲကယဉ်ကျေးမှုများ

နေရာတိုင်းမှာယဉ်ကျေးမှု၊ စည်းကမ်းတွေရှိသလို၊ Gym ခန်းထဲမှာလည်း ယဉ်ကျေးမှုစည်းကမ်းတွေရှိပါတယ်။

အလေးတွေကိုအသုံးပြုပီးတာနဲ့သူ့ နေရာသူပြန်ထားပါ။ အလေးပြားတွေကိုအစဉ်လိုက်ပြန်ထားဖို့ လိုသလို၊ ဒမ်ဘယ်တွေကိုလည်းသူ့ နေရာသူပြန်ထားပါ။ 20 kg ဒမ်ဘယ်ကို 30 kgဒမ်ဘယ်နေရာမှာမထားမိပါစေနဲ့။ ရှေ့နောက်ကြည့်ပါ။ သူများဆော့နေတဲ့အရှေ့ကနေ ဂဏာန်းလို ကားယား ကားယားဇောင်းငန်းငန်းနဲ့ ဟန်ရေးပြဖြတ်မလျောက်ပါနဲ့။

စက် သို့မဟုတ် အလေးကို မောင်ပိုင်မစီးပါနဲ့။အလှည့်ကျကစားပါ။ သင်ကစားထားတဲ့ခုံမှာပေနေတဲ့ ချွေးတွေကိုနောက်လူအနှောက်အယှက်မဖြစ်အောင်ပြန်သုတ်ပါ။ တကျော့နဲ့တကျော့ကြားဖုန်း သုံးချင်ရင်တပါးသူကစားလို့ ရမဲ့ခုံတွေပေါ်ထိုင်ပီးမသုံးပါနဲ့။ သန့် ရှင်းရေးဂရုပြုပါ။ချွေးနံ့စွရမ်းပြင်းတဲ့သူတွေစွပ်ကျယ်နဲကစားပြီး ပါတ်ဝန်းကျင်ကို ဒုက္ခမပေးပါနဲ့။ ဆဲလ်ဖီဆွဲချင်ရင် လွတ်လွတ်ကျွတ်ကျွတ်နေရာရှာပါ။

အမျိုးသမီး၊ အမျိုးသားရောဆော့ရတဲ့Gym တွေမှာ၊ တချို့ သောအမျိုးသမီးတွေလေ့ကျင့်ခန်းလုပ်ရတာအခက်ဖြစ်ရလောက်အောင် ဇွတ်တွေပြူးပြဲမကြည့်ပါနဲ့ အချို့သောကစားသမားတွေ အလေးမနိုင်တော့တဲ့အခါ အမြင်မတော်လို့ လိုက်ပေးတာက ကောင်းပေမဲ့ Trainer နဲ့ဆော့နေသူတယောက်ကို Form ကဘာဖြစ်တယ်/ညာဖြစ်တယ်ဝင်ပီးဆရာလုပ်ရလောက်အောင် ဘောင်မကျော်မိပါစေနဲ့။

သည်းမခံတတ်သူနဲ့တွေ့ရင် ဆေးရုံရောက်ပါလိမ့်မယ်။ အိမ်သာအသုံးပြုရင် ရေ သုံးပါ။ဘိုထိုင်အိမ်သာမှာ ကော့ပန်းထားတာတွေနဲ့ရေမဆွဲထားတာတွေက အရမ်းကို စိတ်ပျက်စရာပါ။ကဲကျွန်တော်မြင်တာပြောပီးပီ။ခင်ဗျားတို့ ရောဘာတွေအဆင်မပြေဖြစ်လည်း မန့် ပေးကြပါဦး။

လေးစားလျက်-

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta