မင်းစွဲမြဲနေသရွေ့ ခန္ဓာကိုယ်ထဲပြောင်းလဲမှုတွေ ဖြစ်နေတယ်ဆိုတာယုံထားပါ။ - MFTA

မင်းစွဲမြဲနေသရွေ့ ခန္ဓာကိုယ်ထဲပြောင်းလဲမှုတွေ ဖြစ်နေတယ်ဆိုတာယုံထားပါ။

ဝိတ်ချတဲ့သူတွေ တစ်ပါတ်လောက် တလလောက် ဝိတ်မကျတော့ရင်၊ ဝိတ်တင်နေတဲ့သူတွေ တပါတ်လောက် တလလောက် ဝိတ်မတက်တော့ရင် ခွန်အားတွေ တက်မလာရင်၊ ရေတိုရလာဒ်လေးကို serious သိပ်မဖြစ်ပါနဲ့ ။

မင်းရဲ့ Trainer ကိုခေါင်းမစားပါနဲ့ ။

မင်းစွဲမြဲနေသရွေ့ ခန္ဓာကိုယ်ထဲပြောင်းလဲမှုတွေ ဖြစ်နေတယ်ဆိုတာယုံထားပါ။

စိတ်ရှည်သည်းခံပါ။

Keto diet, vegan diet ဘာဒိုင်းယက် ညာဒိုင်းယက် ကြိုက်တာလုပ်ပြသနာမဟုတ်ဘူး။

ရေရှည်လိုက်လုပ်နိုင်မယ်အကျိုးရှိမယ်ဆိုရငိ ပီးတာပဲ။

အေး ဒါပေမဲ့ မင်းလုပ်တဲ့ဒိုင်းယက် တစ်မျိုးတည်းသာ အကောင်းဆုံးလို့ ပြောလာရင်တော့ ပြသနာပဲကွ။

လူ့ ကျန်းမာရေး စိတ်ကျန်းမာရေး ခန္ဓာကိုယ်အချိုးအစားပြောင်းလဲရေး သက်လုံတိုးတက်ကောင်းမွန်စေရေး သက်ရှည်ကျန်းမာရေးတို့ အတွက် အရိုးရှင်းဆုံး အလွယ်ကူဆုံးနဲ့ လူတွေလျစ်လျူရှုထားတဲ့ လေ့ကျင့်ခန်းက ***လမ်းလျောက်ခြင်း*** ပါပဲ။

အားလုံးကျန်းမာကြပါစေဗျာ။

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#naing_oo_119

#muscle_professor

#FitMyanmarProject

#MakeMyanmarFit

#MFTA

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta