ဗလကြီးချင်ရင် အိပ်ရေးဝအောင်အိပ် - MFTA

ဗလကြီးချင်ရင် အိပ်ရေးဝအောင်အိပ်

Gym ကစားကြပီဆိုရင် ကောင်းကောင်းကစား၊ ကောင်းကောင်းစားဖို့ ဆိုတဲ့အတွေး လေးတွေရှိကြပေမဲ့ အိပ်ရေးဝအောင် အိပ်ဖို့ နဲ့ အိပ်ရေးပျက်ခြင်းရဲ့ ဆိုးကျိုးကိုတော့ လျော့တွက်ကြပါတယ်။ ဒီပို့ စ်မှာတော့ တညလောက်အိပ်ရေးပျက်ရင် ကြုံရမဲ့ဆိုးကျိုးတွေကိုတင်ပြပေးပါမယ်။ကြွက်သားမျှင်တွေက စားသုံးထားတဲ့ပရိုတိန်းတွေအပေါ် တုံ့ ပြန်နိုင်စွမ်းလျော့ကျသွားတဲ့ Anabolic resistance ဖြစ်မယ်။

ဒီတော့ Muscle mass တွေလျော့ကျသွားပါလိမ့်မယ်။ ကြွက်သားမျှင်အသစ်တွေပြန်လည်တည်ဆောက်ပေးမဲ့ muscle protein synthesis ဖြစ်စဉ်ဟာ ၁၈% လျော့ကျသွားပါတယ်။ ကျားဟိုမုန်း တက်စတိုစတီရုန်း ထုတ်လွှတ်မှု ၂၄% လောက်လျော့ကျသွားပါတယ်။ ကြွက်သားမျှင်တွေကို လောင်ကျွမ်းအသုံးပြုတဲ့ Stress hormone Cortisol ဟာ ၂၁%လောက်ပိုထွက်လာပါတယ်။ ဗလထွက်ချင်တယ်ပြောပီး၊ ညလုံးပေါက်Chat နေတဲ့ ညေးတို့ သတိပြုပါ။

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach#up

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta