နာတိုင်းကောင်းမယ်ထင်နေတာလား - MFTA

နာတိုင်းကောင်းမယ်ထင်နေတာလား

ပို့စ်ခေါင်းစဉ်ပဲဖတ်ပီးလျောက်မတွေးနဲ့ ဦးဗျ။လေ့ကျင့်ခန်းလုပ်သူတွေကြားက misconception လေးတစ်ခုကိုရှင်းပြဖို့ ပါဗျ။လေ့ကျင့်ခန်းလုပ်တယ်ဆိုတာခန္ဓာပေါ်ကို Stess ပေးတာ။အဲ့ဒါကြောင့် ကြွက်သားမျှင်လေးတွေမှာ၊ micro damange လေးတွေဖြစ်ပေါ်လာပါတယ်။ပြည့်စုံတဲအာဟာရ၊လုံလောက်တဲ့အနားယူမှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ၊ခုဏကပျက်စီးသွားတဲ့ကြွက်သားမျှင်လေးတွေဟာပိုမိုသန်စွမ်းလာပီး၊ပိုမိုကြီးထွားလာပါတယ်။

***ဒါကြောင့်မှတ်ထားရမှာက၊ ကြွက်သားတွေကြီးထွားလာတာကနာအောင်ကစားလို့ မဟုတ်ဘူး။မှန်ကန်ထိရောက်တဲ့လှုံ့ဆော်မှုနဲ့ ၊အာဟာရ+အနားယူမှုကြောင့်သာကြီးထွားလာတာဖြစ်ပါတယ်။

***ခန္ဓာကိုယ်ပေါ်ကို ဘယ်လို Stress မျိုးပဲသက်ရောက်သည်ဖြစ်စေ Recover လုပ်နေစဉ်ကာလမှာ၊နာကျင်ကိုက်ခဲတာလေးတွေ ရှိတတ်ပါတယ်။လေ့ကျင့်ခန်းစလုပ်သူတွေ၊လုပ်နေကျ Training intensity ထက်ပိုကစားမိသူတွေ၊Training Program အပြောင်းအလဲလုပ်ကာစအချိန်တွေမှာနာကျင်မှုကိုခံစားရမှာဖြစ်ပါတယ်။

ဒီတော့ လေ့ကျင့်ခန်းလုပ်ပီးနောက်နေ့ နာကျင်တာဟာဘာမှ Feel နေဖို့ မလိုဘူးဆိုတာမှတ်ထားပါ။နာကျင်မှုဟာ workout efficient ဖြစ်လားတိုင်းတဲ့ indicatorမဟုတ်ပေမဲ့ တခါတလေလိုတာထက်ပိုတဲ့နာကျင်မှုတွေကOver training or Injury ဆီသို့ ရှေးရှူနေပီဆိုတာပြတဲ့သင်္ကေတတော့ဖြစ်နေတတ်ပါတယ်။

Instagram သုံးသောမိတ်ဆွေများ ကျွန်တော့်ရဲ့ Instagram acc လေးကို follow လုပ်ပေးပါဦးခင်ဗျ

https://instagram.com/gurunaing119?igshid=f4ja51x9ssop

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119#muscle_professor#MFTA#GuruNaing#Myanmar_Fitness_Trainer_Academy#FitMyanmarProject#YourCoach#MakeMyanmarFit#WeightManagementGuru#MyanmarFitnessPioneer#issacertified#ISSAMasterTrainer#PNCoach#ဝိတ်ချခြင်းအနုပညာ

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta