တိဗက် စကားပုံလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ - MFTA

တိဗက် စကားပုံလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။

Eat half

Walk Double

Laugh Triple

And Love without measure ပါတဲ့ဗျာ။

ဒါပေမဲ့ ယနေ့ lifestyle မှာတော့ ၂ဆစား လှုပ်ရှားမှုမရှိသလောက်နည်းပီး၊ ရယ်မောခြင်းတွေမှာ အသက်မပါတော့တာ သတိထားမိကြမှာပါ။ ဘာလို့ လဲဆိုတော့ မေတ္တာတရား မုဒိတာတရားတွေ လျော့နည်းသွားလို့ ပါပဲ။

ကျွန်တော့်တပည့်လေးတွေကို ကျွန်တော်ပြောနေကြ စကားလေးတစ်ခွန်းက အောင်မြင်မှုဆီကို jealousy နဲ့ မရောက်နိုင်ပါဘူး။ Strategyနဲ့ သာရောက်နိုင်မှာပါ။

ကိုယ်နိုင်ဖို့ သူရှုံးရမယ်၊ ကိုယ်အောင်မြင်ဖို့ တဖက်သားကျရှုံးရမယ်ဆိုတဲ့ အယူအဆက Abundance Mindset မရှိလို့ ပါ။

အပင်မျိုးစေ့ချပီးရင် ဘယ်လောက်ကောင်းတဲ့မြေသြဇာပဲကျွေးနေပါစေ၊ အပင် သန်မာပီးအသီး သီးလာဖို့ အတွက်တော့ ပုံမှန်မြေသြဇာကျွေး၊ရေလောင်းရင်းနဲ့ စိတ်ရှည်လက်ရှည်စောင့်ရပါတယ်။

Body Transformation ပဲဖြစ်ဖြစ်၊ Business အတွက်ပဲဖြစ်ဖြစ် ကောင်းမွန်သော ဖြစ်တည်မှုတိုင်းအတွက်၊ အချိန်ယူရပါတယ်။

လေ့ကျင့်ခန်း လုပ်ချိန်မှာ ချွေးထွက်ခြင်းနဲ့ ကြွက်သားတွေနာကျင်ခြင်းက workout Session ကို Efficient ဖြစ်မဖြစ် တိုင်းတာတဲ့ Indicator မဟုတ်တာသတိပြုပါ။

Body Temperature မြင့်တက်လာရင် ပုံမှန် Temperature ရောက်အောင် ထိန်းညှိဖို့ ချွေးထွက်လာမှာပဲ။ ကြွက်သားတွေဟာလည်း ပုံမှန်ထက်ပိုတဲ့ intensity & လေ့ကျင့်ခန်း အပြောင်းအလဲလုပ်ရင် ခံစားရမှာပဲ။

သင့်အနေနဲ့ အထက်ပါ condition 2-ခုကို နှစ်သက်ဆိုရင် သင့်သဘောပါ။ဒါပေမဲ့ အဲ့ဒါက workout Efficiency indicators မဟုတ်တာ သတိပြုပါ။

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#argazar

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta